Latest News

Saturday, January 20, 2018

အမေရိကန်အစိုးရယန္တယား ရပ်တန့်တော့မယ်။


ဒီည (ဇန်န၀ါရီ ၂၀ရက်ည သန်ကောင်ယံ)ကစပီး အမေရိကန်ပြည်ထောင်စုသမတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရယန္တရား ရပ်တန့်ပါတော့မယ်။
မရှိမဖြစ်အရေးပါတဲ့ လုပ်ငန်းတွေတော့ ဆက်လက်လည်ပတ်မှာဖြစ်ပီး တာဝန်ထမ်းဆောင်နေတဲ့လက်နက်ကိုင်ဝန်ထမ်းတွေကတော့ အစိုးရယန္တရား ရပ်တန့်နေတဲ့ကာလအတွင်းမှာ ဘာလစာမှ ရရှိမှာ
မဟုတ်ကြောင်းဖော်ပြထားပါတယ်။

အစိုးရယန္တရားလည်ပတ်မှု ရပ်တန့်သွားခြင်း ဆိုတာ ဘာလဲ။

အမေရိကန်ပြည်ထောင်စုနိုင်ငံရေးမှာ၊ လွှတ်တော်ဥပဒေပြုကဏ္ဍကနေ ဗဟိုအစိုးရရဲ့တချို့သောဝန်ကြီးဌာနတွေအတွက် ရည်ရွယ်ထားတဲ့ လိုအပ်တဲ့နှစ်စဉ် ဘတ်ဂျက်ရံပုံငွေထောက်ပံ့မှုတွေကို ဆက်လက်ထောက်ပံ့ဖို့ကွန်ဂရက်မှာ သဘောတူညီမှုမရရှိတဲ့ အခြေအနေမျိုးမှာ အုပ်ချုပ်ရေး
အဖွဲ့ဟာ လည်ပတ်နေတဲ့ အစိုးရယန္တရားတွေကို မဖြစ်မနေ ဆက်လက်
မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားရပါတယ်။

နောက်တနည်း ပြောရရင် အမေရိကန်ပြည်ထောင်စုမှာ ဗဟိုအစိုးရနဲ့ကွန်ဂရက်လွှတ်တော်(ပြည်ထောင်စုလွှတ်တော်)အကြား နှစ်စဉ်အသုံးစရိတ်
ဘတ်ဂျက်လျာထားမှု သဘောတူညီမှု မရရှိခဲ့ရင် အစိုးရယန္တရား လည်ပတ်မှု ရပ်တန့်လိုက်ရပါတယ်။

ရပ်တန့်ရာမှာလည်း အလုံးစုံ (အစိုးရယန္တရားတခုလုံး)ရပ်တန့်မှုနဲ့တစိတ်တပိုင်း ရပ်တန့်မှု ဆိုပီး အစိုးရဌာန အသီးသီးရဲ့ ဘတ်ဂျက် လိုအပ်မှု အခြေအနေပေါ်မူတည်ပီး လုပ်ကြပါတယ်။

ဒီလိုကိစ္စမျိုးတွေဖြစ်ပီဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ လတ်တလော
ဘတ်ဂျက်လိုငွေပြမှုတားမြစ်ခြင်းအက်ဥပဒေ(Antideficiency Act)
အဓိပ္ပာယ်ဖွင့်ဆိုမှုအရဆိုရင် ဘတ်ဂျက်လိုငွေပြတဲ့ဌာနတွေနဲ့လုပ်ငန်းတွေက ၀န်ထမ်းတွေ လျှော့ချတာ၊ ဖြုတ်ပစ်တာအပါအ၀င် လုပ်ငန်းဆောင်တာအားလုံးကို စတင်ရပ်ပစ်ရပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေ အမေရိကန်အစိုးရအဆက်ဆက်သမိုင်းမှာ...

၁။ သမတ ရော်နယ်ရီဂင်လက်ထက်မှာ ၊ (၁)ရက်ကြာ ရပ်။
၂။ ၁၉၉၀၊ သမတ ဂျော့အိပ်ခ်ျဒဗလျူဘွတ်ရှ် လက်ထက်မှာ စနေ၊တနင်္ဂနွေ (၂)ရက်ကြာရပ်။
၃။ ဘီကလင်တန် လက်ထက်မှာ အစိုးရယန္တရားတခုလုံး ၂ကြိမ်တောင် ရပ်ခဲ့၊ ၁၉၉၅ခုနှစ်မှာ တကြိမ်၊ (၅)ရက်ကြာ၊ ၁၉၉၆ မှာ တကြိမ် (၂၁)ရက်
ကြာရပ်။
၎။ ၂၀၁၃ခုနှစ်၊ ဘားရက်အိုဘားမားလက်ထက်မှာ အောက်တိုဘာ၁ရက်ကနေ၁၆ရက်အထိ (၁၆)ရက်ကြာခဲ့ပါတယ်။ အိုဘားမားရဲ့ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းဖြစ်တဲ့ Obama care အတွက် နှစ်စဉ် ပေးရမယ့်
ဘတ်ဂျက်ကို သဘောမတူတဲ့ ရီပတ်ဘလစ်ကန် အမတ်တွေက လွှတ်တော်မှာ မဲမပေးကြလို့ပါပဲ။
၅။ အခုတော့ ဒေါ်နယ်ထရမ့်သမတ လက်ထက်မှာ ဒီည (ဇန်န၀ါရီ ၂၀ရက်ည သန်းခေါင်ကျော် ၁၂နာရီ၁မီးနစ်)မှာ အစိုးရယန္တရား စတင်ရပ်ဆိုင်းတော့မည့်အကြောင်း ကြေညာထားပါတယ်။

လက်ရှိဘတ်ဂျက်နဲ့ဘတ်ဂျက်လျာထားချက် လုပ်ငန်းစဉ်ကို ပြဋ္ဌာန်းတဲ့ ၁၉၇၆ ကစပီး ဘတ်ဂျက်ရံပုံငွေ ကွာဟမှု (၁၈)ကြိမ်ဖြစ်ပါတယ်။ ၁၉၉၀ မတိုင်မီ
တုန်းက ဖြစ်ခဲ့တဲ့ ဘတ်ဂျက်ကွာဟမှုတွေမှာ အစိုးရယန္တယား ရပ်တန့်
ရလောက်အောင်ထိ မဖြစ်ခဲ့ပါဘူး။ ၁၉၉၀ ကစပီး ဘတ်ဂျက်ကွာဟမှု
တိုင်းလိုလို အစိုးရယန္တယား ရပ်တန့်တာမျိုးတွေ စတင်ဖြစ်လာပါတယ်။
အစိုးရယန္တရား ဆိုတာမှာလည်း ဗဟိုအစိုးရအဆင့်တင်မက ပြည်နယ်အစိုးရ၊ ဒေသန္တရအစိုးရ အဆင့်တွေမှာပါ ရပ်တန့်ရတာမျိုးတွေပါ
ဖြစ်ပါတယ်။

ဒီလိုရပ်တန့်တိုင်းလည်း ၀န်ထမ်းတွေ လုပ်ခမရဘဲ နားကြရတာမျိုးတွေ
ဖြစ်လေ့ရှိပါတယ်။ ၁၉၈၀နဲ့၁၉၉၀ အကြားမှာ ဘတ်ဂျက်ရံပုံငွေကွာဟမှု
(၉)ကြိမ်ဖြစ်တာမှာ (၄)ကြိမ်ပဲ အလုပ်သမားတွေ၊ ၀န်ထမ်းတွေ လျှော့ချခဲ့ရတယ်။ လို့ ဆိုပါတယ်။
စောနောင်

No comments:

Post a Comment