Latest News

Tuesday, January 23, 2018

ဒေါက်တာလှမြတ်သွေး(ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး)နှင့် အများသိစေရန်ဝန်ချတောင်းပန်ခြင်း


ဒေါက်တာလှမြတ်သွေး(ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး)နှင့် အများသိစေရန်ဝန်ချတောင်းပန်ခြင်း
ဒေါက်တာလှမြတ်သွေး(ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး)နှင့် အများသိစေရန်ဝန်ချတောင်းပန်ခြင်း
ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ရတနာလမ်း အမှတ်(၄၃/၅၉၈)နေ ကျွန်မဒေါ်မာလာရီလွင် (၅/မမတ(နိုင်) ၀၄၈၇၂၇) Facebook account( Yu Yu Khaing(Marlar Yilwin) ပိုင်ရှင်သည် မိမိ၏ လူမှုရေးကွန်ယက်ကိုအသုံးပြုလျှက်
ဒေါက်တာလှမြတ်သွေး(ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး) အား သက်သေအထောက်အထားမရှိသည့် မဟုတ်မမှန်သောသတင်းအချက်အလက်များဖြင့် နိုင်ငံသားပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တနည်းနည်းဖြင့်ဆောင်ရွက်ခြင်းပြုထားသည့် ကိစ္စနှင့်ပက်သက်၍ ယခုကျူး လွန်မှုမှာ သက်သေအထောက်အထားမရှိဘဲ တစ်ပါးသူ၏ အသားရေကိုညှိုးနွမ်းပျက်ယွင်းစေသည်သာမက အများပြည်သူအကြားတွင် ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေပြီး အားလုံးကအထင်လွဲစေလျှက် တာဝန်ထမ်းဆောင်မှုကိုပါ ထိခိုက်ပျက်စီးအောင် တမင်ပြုမူသကဲ့သို့ ဆောင်ရွက်ခဲ့မှုနှင့်ပက်သက်၍ ကျွန်မအားနို့တစ်စာပေးအပ်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးဘမော်၏ အကြောင်းကြားစာအရ သိရှိရပါသဖြင့် ဒေါက်တာလှမြတ်သွေးအား Facebook ၌ မဟုတ်မမှန်ဖော်ပြခဲ့မှုကို အရေးမယူခွင့်လွှတ်ပါရန် လူသိရှင်ကြား အများသိစေရန် အနူးအညွတ်တောင်းပန်ပါကြောင်း ဒေါက်တာလှမြတ်သွေးနှင့်အများသိစေရန် ကြေညာအပ်ပါသည်။
ဒေါ်မာလာရီလွင်(၅/မမတနိုင်၀၄၈၇၂၇)
# အထက်ပါကြော်ညာအား ယနေ့တွင်ကြေးမုံသတင်းစာတိုက်၌ ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်းနှင့်သတင်းစာတိုက်မှထည့်သွင်းပေးနိုင်သည့်အတိုင်း(25-1-2018) နေ့တွင်ပါမည်ဟုသိရှိရပါသည်။
Yu Yu Khaing





အောက်ပါစာက ဒေါက်တာလှမြတ်သွေးကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်အသရေဖျက်ထားတဲ့ ဘက်မလိုက်သတင်းဆိုတဲ့ပေ့်ချစ်မှာဖော်ပြထားတဲ့စာပဲဖြစ်ပါတယ်။







No comments:

Post a Comment