Latest News

Sunday, December 3, 2017

အစၥေရးရွိ ျမန္မာ သံရုံးမွ သံအမတ္ ၾကီး ေျပာဆုိခဲ့ျခင္း မရွိဟု တရား၀င္ ျငင္းဆုိ


အစၥေရး ၾကည္းတပ္ ေရဒီယုိ အသံလႊင့္ဌာနျဖစ္ေသာ GZL မွ ျမန္မာ သံအမတ္ၾကီး ဦးေမာင္ေမာင္လင္းႏွင့္ ႏူိ၀င္ဘာ ၃၀ ရက္ေန႔တြင္ ရခုိင္ျပည္နယ္ အေရးႏွင့္ ပါတ္သက္၍ေတြ႔ဆုံေမးျမန္းခဲ့မႈအား ဟီဘရူးဘာသာ
စကားျဖင့္ ျပန္လည္ထုတ္လႊင့္ေပးခဲ့ရာမွသံအမတ္ၾကီး ေျပာၾကားခဲ့မႈအေပၚ သံတမန္ေရးအရ ကသိ
ကေအာင့္ ျဖစ္ေပၚလာခဲ့ေပသည္။

သံအမတ္ၾကီးက ႏူိင္ငံတြင္း လူမ်ဳိးစု သုတ္သင္ရွင္းလင္းေနသည္ဟု စြပ္စဲြမႈမ်ားကုိ အစၥေရးလူထု အျမင္
ရွင္းေစရန္ သေဘာျဖင့္ အဆုိပါေတြ႔ဆုံေမးျမန္းမႈ ကုိ လက္ခံခဲ့ျခင္း ျဖစ္သည္ဟုဆုိသည္။

ေတြ႔ဆုံုေမးျမန္းခဲစဥ္အတြင္းေမးျမန္းသူက အစၥေရးမွ ျမန္မာအေပၚ လက္နက္ ေရာင္းခ်သည့္ ကိစၥအေပၚ
 ေမးခြန္းထုတ္လာခဲ့ရာသံအမတ္ၾကီးမွ ေအာက္ပါအတုိင္း အဂၤလိပ္ဘာသာ ျဖင့္ ရွင္းျပခဲ့သည္ဟု ဆုိသည္။
"During my time, there isn't a new, another contract. According to my knowledge... Myanmar government procurement from
your country never involve in Rakhine issue"
"There isn't a new contract, another contract" ဆုိေသာ စကားအား နားလည္မႈ လဲြမွားကာ "There is a new, another contract" ဟု ဟီဘရူးဘာသာ ျဖင့္ ဘာသာျပန္ ထုတ္လႊင့္ခဲ့ျခင္းကုိ ႏူိင္ငံ
တြင္းရွိ သတင္းစာမ်ားက ကုိးကား ေဖၚျပၾကရာမွ ျပသာနာ စခဲ့ျခင္းျဖစ္သည္။
ယင္းအတြက္ အစၥေရးႏူိင္ငံျခားေရး ၀န္ၾကီးဌာနမွ သံအမတ္ၾကီးအား ေခၚယူေတြ႔ဆုံခဲ့ျပီး ရွင္း
လင္းခ်က္ ေတာင္းခံရာ ၎မွ လက္နက္အေရာင္းအ၀ယ္ ကိစၥကုိ မေျပာေစလုိ၍ဟုသာ
နားလည္ခဲ့ျပီး ထုိစကားကုိ ျပန္လည္ရုပ္သိမ္းေပးမည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့ျခင္းျဖစ္သည္ဟု
ဆုိသည္။

သုိ႔ေသာ္ ေနာက္ပုိင္း ေတြ႔ဆုံေမးျမန္းမႈ အသံဖုိင္ မိမိတုိ႔ လက္၀ယ္သုိ႔ ေရာက္ရွိလာသည့္အခါမွသာ
စစ္ေဆး နားေထာင္ၾကည့္ရမွာအထက္တြင္ တင္ျပခဲ့သလုိ အမွားေတြ႔ခဲ့ရျခင္းျဖစ္သည္ဟု ထုတ္ျပန္ေသာ ေၾကျငာခ်က္တြင္ေဖၚျပထားခဲ့ေပသည္။

မိမိအေနျဖင့္ အဆုိပါ သတင္းကုိ အစၥေရးသတင္းစာမ်ားအား ကုိးကား၍ တင္ျပထားခဲ့သည္ အားေလ်ာ္စြာ တဖက္မွ ေခ်ပ လာခဲ့သည္မ်ား ရွိပါက ျပန္လည္တင္ျပေပးရန္ လုံး၀တာ၀န္ရွိသျဖင့္ အခုလုိ ထပ္မံ
 ေဖၚျပေပးရျခင္း ျဖစ္ေပသည္။
လွစိုးေ၀

တယ္လီဗီး ရွိ ျမန္မာ သံရုံးမွ ထုတ္ျပန္ခ်က္ အျပည့္အစုံ ကုိ ေအာက္ပါ link တြင္ ၾကည့္ရႈ႕ႏူိင္ပါသည္။
https://www.facebook.com/me.telaviv/posts/462980517429873
GLZ ၾကည္းတပ္ေရဒီယိုအေနျဖင့္ အစၥေရးနိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေမာင္ေမာင္လင္းအား ျပဳလုပ္ခဲ့သည့္ ေမးျမန္းခန္းအစီအစဥ္ႏွင့္ ပတ္သက္၍ ေကာက္ႏွုတ္ေဖာ္ျပခ်က္
၁။ GLZ ၾကည္းတပ္ေရဒီယိုအေနျဖင့္ အစၥေရးနိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေမာင္ေမာင္လင္းအား ျပဳလုပ္ခဲ့သည့္ ေမးျမန္းခန္းအစီအစဥ္ကို “Ambassador of Myanmar in rare interview: There is no ethnic cleansing. The minority ignites the houses” ဟူသည့္ သတင္းေခါင္းစဥ္ျဖင့္ ၃၀-၁၁-၂၀၁၇ ရက္တြင္ ဟီးဘ႐ူးဘာသာစကားျဖင့္ ထုတ္လႊင့္ခဲ့ပါသည္။ သံအမတ္ႀကီးဦးေမာင္ေမာင္လင္းအေနျဖင့္ ျမန္မာနိုင္ငံ၌ ျဖစ္ပြားလ်က္ရွိသည့္ အေျခအေနမွန္မ်ားကို ရွင္းလင္းေျပာၾကားရန္ တာဝန္ရွိသည့္အားေလ်ာ္စြာ ရရွိသည့္ အခြင့္အေရးကို အက်ိဳးရွိစြာ အသုံးျပဳ လ်က္ ျမန္မာအစိုးရ၏ ရပ္တည္ခ်က္မ်ားအား ဟီးဘ႐ူးဘာသာျဖင့္ ထုတ္လႊင့္သည့္ သတင္းမီဒီယာမွ တစ္ဆင့္ အစၥေရးျပည္သူလူထုထံသို႔ ျဖန္႔ေဝမွုမွတစ္ဆင့္ ရခိုင္အေရးကိစၥအေပၚ ပိုမိုရွင္းလင္း ျမင္သာစြာ သိရွိလာေစရန္ႏွင့္ “Ethnic Cleansing” (လူမ်ိဳးစုသုတ္သင္ရွင္းလင္းသည္) ဟူသည့္ စြပ္စြဲေျပာဆိုခ်က္မ်ားအေပၚ တိက်ျပတ္သားစြာ ျငင္းဆိုနိုင္ရန္အတြက္ ယင္းေမးျမန္းခန္းကို လက္ခံ ေျဖၾကားခဲ့ပါသည္။ ေမးျမန္းသူ၏ ေမတၱာရပ္ခံခ်က္အရ ယင္းေတြ႕ဆုံေမးျမန္းမွုကို တယ္လီဖုန္းမွ တစ္ဆင့္ ေျဖၾကားေပးခဲ့ၿပီး ေမးျမန္းသူအေနျဖင့္ ျမန္မာ-အစၥေရးအၾကား လက္နက္ေရာင္းခ်ဝယ္ယူမွု ဆိုင္ရာ ဆက္ဆံေရးမ်ားႏွင့္ စပ္လ်ဥ္း၍လည္း ေမးခြန္းမ်ား ျပဳလုပ္ခဲ့ပါသည္။ ထို႔ေနာက္ အဂၤလိပ္ ဘာသာျဖင့္ ျပဳလုပ္ခဲ့သည့္ ယင္းအေမးအေျဖမ်ားကို အစီအစဥ္တင္ဆက္သူ ၂ ဦးက ဟီးဘ႐ူး ဘာသာသို႔ ျပန္ဆိုကာ ၇ မိနစ္ၾကာ သတင္းအျဖစ္ ထုတ္လႊင့္ခဲ့ရာ၌ ၎ေရဒီယိုဌာနသည္ ျမန္မာ သံအမတ္ႀကီး၏ ေျဖၾကားခ်က္ အသံမွတ္တမ္းကို ေသးငယ္သည့္ အစိတ္အပိုင္းမ်ားအျဖစ္ ျဖတ္ေတာက္၍ ယင္းတို႔အနက္မွ မူရင္းအသံအခ်ိဳ႕ကိုသာ ေဖာ္ျပလ်က္ ဟီးဘ႐ူးဘာသာသို႔ ျပန္ဆိုကာ သံအမတ္ႀကီး၏ ေၾကညာခ်က္သဖြယ္ ထုတ္လႊင့္ခဲ့ပါသည္။
၂။ အမွန္အားျဖင့္ အဆိုပါေမးျမန္းမွုသည္ သာမန္အေမး/အေျဖပုံစံမ်ိဳးျဖစ္ေသာ္လည္း ၎တို႔ အေနျဖင့္ ၎တို႔၏ သေဘာဆႏၵအရ ျဖတ္ေတာက္ျပင္ဆင္မွုမ်ား ျပဳလုပ္ခဲ့သည္ျဖစ္ရာ ဘာသာျပန္ ဆိုရာမွ အဓိပၸာယ္လြဲမွားသည့္ ျဖစ္ေလ့ျဖစ္ထရွိေသာ သေဘာအရ ယင္းအစီအစဥ္ႏွင့္ ပတ္သက္၍ အဓိပၸာယ္နားလည္မွု လြဲမွားျခင္းမ်ား ျဖစ္ေပၚလာခဲ့ပါသည္။ အေမးအေျဖကို တယ္လီဖုန္းမွတစ္ဆင့္ ျပဳလုပ္ခဲ့သည့္အျပင္ မိခင္ဘာသာစကား မဟုတ္သည့္ အဂၤလိပ္ဘာသာျဖင့္ ေျဖၾကားခဲ့သည့္ ျမန္မာ သံအမတ္ႀကီး၏ အသံထြက္၊ ေလယူေလသိမ္းတို႔အေပၚ ၎တို႔အေနျဖင့္ ဘာသာျပန္ဆိုရာတြင္ “During my time, there isn’t a new, another contract. According to my knowledge,… Myanmar Government’s procurement from your country never involve in Rakhine issue.” ဆိုသည့္ ေျပာၾကားခ်က္အား “there isn’t a new, another contract” ဆိုသည့္ေနရာတြင္ “there is a new, another contract” ဟု ထင္ျမင္ခဲ့ၿပီး ယင္းအဓိပၸာယ္အတိုင္း လြဲမွားစြာ ထုတ္လႊင့္ ေဖာ္ျပခဲ့ရာ အျခားသတင္းမီဒီယာအခ်ိဳ႕ကလည္း မူလထုတ္လႊင့္သည့္ GLZ ေရဒီယို၏ ဟီးဘ႐ူး ဘာသာျပန္ဆို တင္ဆက္စဥ္ လြဲမွားေနသည့္ယင္းစာသားကို ရည္ညႊန္းကူးယူေဖာ္ျပလ်က္ သတင္း အျဖစ္ ထပ္ဆင့္ ေဖာ္ျပမွုမ်ား ရွိလာခဲ့ပါသည္။ သို႔ရာတြင္ ယင္းအသံဖိုင္မွတ္တမ္းကို ၃၀-၁၁-၂၀၁၇ ရက္ ညေနပိုင္းတြင္မွ လက္ခံရရွိခဲ့ၿပီး ယင္းေန႔တြင္ပင္ ျပန္လည္နားေထာင္ဆန္းစစ္ခဲ့ရာမွ ယခုလြဲမွားမွု ကို အေျဖရွာနိုင္ခဲ့ျခင္းျဖစ္ပါသည္။ ယင္းအသံဖိုင္မွတ္တမ္း မရရွိမီအခ်ိန္၌ အစၥေရးနိုင္ငံျခားေရးဝန္ႀကီး ဌာနက ျမန္မာသံအမတ္ႀကီးအေပၚ ဆက္သြယ္ေမးျမန္းမွုမ်ား ျပဳလုပ္ခဲ့ရာ သံအမတ္ႀကီးက မိမိ အေနျဖင့္ ယခင္ရွိခဲ့သည့္ လက္နက္ေရာင္းဝယ္မွုမ်ားကိုသာ ေျဖၾကားခဲ့ျခင္းျဖစ္ၿပီး သံအမတ္ႀကီး တာဝန္ထမ္းေဆာင္ခဲ့သည့္ ၁ ႏွစ္ႏွင့္ ၆ လ သက္တမ္းအတြင္း မည္သည့္လက္နက္ေရာင္းဝယ္မွုမွ မရွိခဲ့ေၾကာင္း ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း ျပန္လည္ရွင္းလင္းေျပာၾကားခဲ့ပါသည္။ ယခင္ရွိခဲ့ၿပီးျဖစ္သည့္ လက္နက္ေရာင္းဝယ္မွုဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ သံအမတ္ႀကီးအေနျဖင့္ မွတ္ခ်က္ျပဳေျဖၾကားခဲ့မွု အေပၚ အစၥေရးနိုင္ငံျခားေရးဝန္ႀကီးဌာနဘက္မွ ေထာက္ျပေျပာဆိုသည္ဟု ယူဆ၍ လက္နက္ ေရာင္းဝယ္မွုႏွင့္ ပတ္သက္သည့္ မိမိ၏ေျဖၾကားခဲ့မွုအေပၚ ေတာင္းပန္ခဲ့ၿပီး ၎မွတ္ခ်က္အား ျပန္လည္ ႐ုပ္သိမ္းသြားမည္ျဖစ္ေၾကာင္း သေဘာတူခဲ့ျခင္းသာ ျဖစ္ပါသည္။
၃။ သို႔ရာတြင္ အေသးစိတ္ျပန္လည္စိစစ္ခ်က္အရ အစၥေရးနိုင္ငံျခားေရးဝန္ႀကီးဌာနဘက္မွ ေထာက္ျပေျပာဆိုျခင္းသည္ လတ္တေလာကာလအတြင္း လက္နက္ေရာင္းဝယ္ေရးစာခ်ဳပ္အသစ္ ခ်ဳပ္ဆိုခဲ့ျခင္းအေပၚျဖစ္သကဲ့သို႔ ယခုႏွစ္ေအာက္တိုဘာလအတြင္း အစၥေရးတရား႐ုံးခ်ဳပ္မွ ျမန္မာနိုင္ငံ သို႔ လက္နက္ေရာင္းခ်ေရးႏွင့္ ပတ္သက္၍ ဆက္လက္လုပ္ေဆာင္ခြင့္ျပဳရန္ သို႔မဟုတ္ ရပ္ဆိုင္းရန္ ဆုံးျဖတ္ခ်က္အား အမ်ားျပည္သူသို႔ ခ်ျပျခင္းမျပဳရန္ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ေသာ အေနအထားတြင္ ယခုကဲ့သို႔ လက္နက္ေရာင္းဝယ္ေရးစာခ်ဳပ္အသစ္ ခ်ဳပ္ဆိုခဲ့သည္ဟု သံအမတ္ႀကီးကိုယ္တိုင္ ေျဖၾကား ခဲ့မွုသည္ အစၥေရးနိုင္ငံျခားေရးဝန္ႀကီးဌာနအတြက္ ျပႆနာရွိမွုအရ ၎မွတ္ခ်က္ကို ျပန္လည္ ႐ုပ္သိမ္းေစလိုျခင္းျဖစ္ေၾကာင္း သိရွိခဲ့ရပါသည္။ ေမးျမန္းသူကလည္း သံအမတ္ႀကီး၏ ေျဖၾကားခ်က္ အေပၚ ေျပာင္းျပန္သေဘာသက္ေရာက္သည့္ ဘာသာျပန္ဆိုမွုသည္ ၎အေနျဖင့္ မရည္ရြယ္ဘဲ ျဖစ္ေပၚခဲ့သည့္ အမွား ျဖစ္ပါေၾကာင္း၊ ယင္းမွားယြင္းမွုမွတစ္ဆင့္ အျခားမီဒီယာမ်ားသို႔ ပ်ံ႕ႏွံ့သြားခဲ့ျဖစ္ ပါေၾကာင္း ဝန္ခံေျပာၾကားခဲ့ၿပီး ၎အေနျဖင့္ ယင္းအေျခအေနကို ျပန္လည္ျပင္ဆင္ နိုင္ရန္အတြက္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သေဘာတူခဲ့ပါသည္။ ။
= = = = = = = = = = = = = = = = = = = = = = = = = = = =
GLZ ကြည်းတပ်ရေဒီယိုအနေဖြင့် အစ္စရေးနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းအား ပြုလုပ်ခဲ့သည့်
မေးမြန်းခန်းအစီအစဉ်နှင့် ပတ်သက်၍ ကောက်နှုတ်ဖော်ပြချက်
၁။ GLZ ကြည်းတပ်ရေဒီယို အနေဖြင့် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်း အား ပြုလုပ်ခဲ့သည့် မေးမြန်းခန်းအစီအစဉ်ကို “Ambassador of Myanmar in rare interview: There is no ethnic cleansing. The minority ignites the houses” ဟူသည့် သတင်းခေါင်းစဉ်ဖြင့် ၃၀-၁၁-၂၀၁၇ ရက်တွင် ဟီးဘရူးဘာသာစကားဖြင့် ထုတ်လွှင့်ခဲ့ပါသည်။ သံအမတ်ကြီးဦးမောင်မောင်လင်းအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် အခြေအနေမှန်များကို ရှင်းလင်းပြောကြားရန် တာဝန်ရှိသည့်အားလျော်စွာ ရရှိသည့် အခွင့်အရေးကို အကျိုးရှိစွာ အသုံးပြု လျက် မြန်မာအစိုးရ၏ ရပ်တည်ချက်များအား ဟီးဘရူးဘာသာဖြင့် ထုတ်လွှင့်သည့် သတင်းမီဒီယာမှ တစ်ဆင့် အစ္စရေးပြည်သူလူထုထံသို့ ဖြန့်ဝေမှုမှ တစ်ဆင့် ရခိုင်အရေးကိစ္စအပေါ် ပိုမိုရှင်းလင်းမြင်သာစွာ သိရှိလာစေရန်နှင့် “Ethnic Cleansing” (လူမျိုးစုသုတ်သင်ရှင်းလင်းသည်) ဟူသည့် စွပ်စွဲပြောဆို ချက်များအပေါ် တိကျပြတ်သားစွာ ငြင်းဆိုနိုင်ရန်အတွက် ယင်းမေးမြန်းခန်းကို လက်ခံ ဖြေကြားခဲ့ပါ သည်။ မေးမြန်းသူ၏ မေတ္တာရပ်ခံချက်အရ ယင်းတွေ့ဆုံမေးမြန်းမှုကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြား ပေးခဲ့ပြီး မေးမြန်းသူအနေဖြင့် မြန်မာ-အစ္စရေးအကြား လက်နက်ရောင်းချဝယ်ယူမှုဆိုင်ရာ ဆက်ဆံရေး များနှင့် စပ်လျဉ်း၍လည်း မေးခွန်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်ခဲ့သည့် ယင်းအမေးအဖြေများကို အစီအစဉ်တင်ဆက်သူ ၂ ဦးက ဟီးဘရူးဘာသာသို့ ပြန်ဆိုကာ ၇ မိနစ်ကြာ သတင်းအဖြစ် ထုတ်လွှင့်ခဲ့ရာ၌ ၎င်းရေဒီယိုဌာနသည် မြန်မာသံအမတ်ကြီး၏ ဖြေကြားချက် အသံမှတ်တမ်းကို သေးငယ်သည့် အစိတ်အပိုင်းများအဖြစ် ဖြတ်တောက်၍ ယင်းတို့ အနက်မှ မူရင်း အသံအချို့ကိုသာ ဖော်ပြလျက် ဟီးဘရူးဘာသာသို့ ပြန်ဆိုကာ သံအမတ်ကြီး၏ ကြေညာချက်သဖွယ် ထုတ်လွှင့်ခဲ့ပါသည်။
၂။ အမှန်အားဖြင့် အဆိုပါမေးမြန်းမှုသည် သာမန်အမေး/အဖြေပုံစံမျိုးဖြစ်သော်လည်း ၎င်းတို့ အနေဖြင့် ၎င်းတို့၏ သဘောဆန္ဒအရ ဖြတ်တောက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဖြစ်ရာ ဘာသာပြန် ဆိုရာမှ အဓိပ္ပာယ်လွဲမှားသည့် ဖြစ်လေ့ဖြစ်ထရှိသော သဘောအရ ယင်းအစီအစဉ်နှင့် ပတ်သက်၍ အဓိပ္ပာယ် နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။ အမေးအဖြေကို တယ်လီဖုန်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့်အပြင် မိခင်ဘာသာစကား မဟုတ်သည့် အင်္ဂလိပ်ဘာသာဖြင့် ဖြေကြားခဲ့သည့် မြန်မာ သံအမတ်ကြီး၏ အသံထွက်၊ လေယူလေသိမ်းတို့အပေါ် ၎င်းတို့အနေဖြင့် ဘာသာပြန်ဆိုရာတွင် “ During my time, there isn’t a new, another contract. According to my knowledge, Myanmar Government’s procurement from your country never involve in Rakhine issue.” (မြန်မာနိုင်ငံအစိုးရ၏ အစ္စရေးနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းဝယ်ယူထားရှိမှုများသည် ရခိုင် အရေးနှင့် လုံးဝသက်ဆိုင်မှုမရှိပါကြောင်း) ဆိုသည့် ပြောကြားချက်အား “there isn’t a new, another contract” ဆိုသည့်နေရာတွင် “there is a new, another contract” ဟု ထင်မြင်ခဲ့ပြီး ယင်းအဓိပ္ပာယ်အတိုင်း လွဲမှားစွာ ထုတ်လွှင့် ဖော်ပြခဲ့ရာ အခြားသတင်းမီဒီယာအချို့ကလည်း မူလ ထုတ်လွှင့်သည့် GLZ ရေဒီယို၏ ဟီးဘရူး ဘာသာပြန်ဆိုတင်ဆက်စဉ် လွဲမှားနေသည့် ယင်းစာသားကို ရည်ညွှန်းကူးယူဖော်ပြလျက် သတင်းအဖြစ် ထပ်ဆင့်ဖော်ပြမှုများ ရှိလာခဲ့ပါသည်။ သို့ရာတွင် ယင်း အသံဖိုင်မှတ်တမ်းကို ၃၀-၁၁-၂၀၁၇ ရက် ညနေပိုင်းတွင်မှ လက်ခံရရှိခဲ့ပြီး ယင်းနေ့ တွင်ပင် ပြန်လည် နားထောင်ဆန်းစစ်ခဲ့ရာမှ ယခုလွဲမှားမှုကို အဖြေရှာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယင်း အသံဖိုင်မှတ်တမ်း မရရှိမီအချိန်၌ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာသံအမတ်ကြီးအပေါ် ဆက်သွယ် မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သံအမတ်ကြီးက မိမိ အနေဖြင့် ယခင်ရှိခဲ့သည့် လက်နက် ရောင်းဝယ်မှုများ ကိုသာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး သံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ၁ နှစ်နှင့် ၆ လ သက်တမ်း အတွင်း မည်သည့်လက်နက်ရောင်းဝယ်မှုမှ မရှိခဲ့ကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပါသည်။ ယခင်ရှိခဲ့ပြီးဖြစ်သည့် လက်နက်ရောင်းဝယ်မှု ဆိုင်ရာများနှင့် ပတ်သက်၍ သံအမတ်ကြီးအနေဖြင့် မှတ်ချက်ပြုဖြေကြားခဲ့မှု အပေါ် အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန ဘက်မှ ထောက်ပြပြောဆိုသည်ဟု ယူဆ၍ လက်နက် ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မိမိ၏ ဖြေကြား ခဲ့မှုအပေါ် တောင်းပန်ခဲ့ပြီး ၎င်းမှတ်ချက်အား ပြန်လည် ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း သဘောတူ ခဲ့ခြင်းသာ ဖြစ်ပါသည်။
၃။ သို့ရာတွင် အသေးစိတ်ပြန်လည်စိစစ်ချက်အရ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ ထောက်ပြ ပြောဆိုခြင်းသည် လတ်တလောကာလအတွင်း လက်နက်ရောင်းဝယ်ရေးစာချုပ်အသစ် ချုပ်ဆို ခဲ့ခြင်း အပေါ်ဖြစ်သကဲ့သို့ ယခုနှစ်အောက်တိုဘာလအတွင်း အစ္စရေးတရားရုံးချုပ်မှ မြန်မာနိုင်ငံ သို့ လက်နက်ရောင်းချရေးနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သို့မဟုတ် ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်အား အများပြည်သူသို့ ချပြခြင်းမပြုရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သော အနေအထားတွင် ယခုကဲ့သို့ လက်နက်ရောင်းဝယ်ရေးစာချုပ်အသစ် ချုပ်ဆိုခဲ့သည်ဟု သံအမတ်ကြီးကိုယ်တိုင် ဖြေကြား ခဲ့မှုသည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ပြဿနာရှိမှုအရ ၎င်းမှတ်ချက်ကို ပြန်လည်ရုပ်သိမ်း စေလိုခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ မေးမြန်းသူကလည်း သံအမတ်ကြီး၏ ဖြေကြားချက်အပေါ် ပြောင်းပြန်သဘောသက်ရောက်သည့် ဘာသာပြန်ဆိုမှုသည် ၎င်းအနေဖြင့် မရည်ရွယ်ဘဲ ဖြစ်ပေါ်ခဲ့သည့် အမှား ဖြစ်ပါကြောင်း၊ ယင်းမှားယွင်းမှုမှတစ်ဆင့် အခြားမီဒီယာများသို့ ပျံ့နှံ့သွားခဲ့ဖြစ်ပါကြောင်း ဝန်ခံ ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ယင်းအခြေအနေကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သဘောတူခဲ့ပါသည်။ ။


No comments:

Post a Comment