Latest News

Sunday, December 3, 2017

ဒေါ်အောင်ဆန်းစုကြည်၏ တတိယ မြောက် တရုတ်ခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ တတိယ မြောက် တရုတ်ခရီးစဉ်

တရုတ် ကွန်မြူနစ် ပါတီမှ ဦးဆောင်ကျင်းပသည့် ဦးဆောင်ကျင်းပသည့် ကမ္ဘာတ၀ှမ်းရှိ နိုင်ငံပေါင်း ၁၂၀ မှ  နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် ဒီနေ့ တရုတ်ပြည်သို့ နှစ် နှစ် အတွင်း တတိယအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာသွားဖို့ ရှိနေပေသည်။

ယခု ခရီးစဉ်အား မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချနေသည့် အနောက်အုပ်စုအား တရုတ်ပြည်သို့ ထင်ရှားစွာ ယိမ်းယိုင်လာမှု အဖြစ် အချက်ပြလိုက်ခြင်း ဖြစ်သည်လို့ သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော အဆိုပါ အစည်းအဝေးသို့ သူမကိုယ်တိုင် တက်ရောက်မည်ဟု ယခင်က အတည်ပြုချက် မရရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မှ မြန်မာသည် လူမျိုးရေး သန့်စင်မှု များ ပြုလုပ်ခဲ့သည်ဟု အတည်ပြု ပြောကြားချက် ထွက်ပေါ်လာပြီးနောက် ယခုလို စီစဉ်လိုက်ခြင်း ဖြစ်ပုံရသည်ဟု ဂျပန်နိုင်ငံထုတ် Nikkei Asian Review စာစောင်က ရေးသားထားခဲ့သည်။

ဒီနေ့မှာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး သည် ဘင်္ဂလားဒေ့ရှ်သို့ သုံးရက်ကြာ ခရီးစဉ် ဆက်လက် သွားရောက်ရန် ရှိနေပေသည်။

နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ နှင့် တွေ့ဆုံခဲ့စဉ်က ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည် ပြဿနာကို ဖြေရှင်းရန် တရုတ်ဖက်မှ အဆင့်သုံးဆင့်ပါ အဆိုပြုချက်ကို မြန်မာမှ သဘောတူခဲ့ပြီးလည်း ဖြစ်သည်။ တရုတ်မှ ၎င်းတို့၏ Belt and Road စီမံကိန်းကြီးအတွက် မြန်မာအား အဓိကကျသည့် အခန်းကဏ္ဍမှ ရှိနေသည်ဟု ခံယူထားပြီးလည်း ဖြစ်သည်။ အဆိုပါ စီမံကိန်းအား ပြီးခဲ့သည့် မေလ တွင် ဘီဂျင်းတွင် ပြုလုပ်သည့် ညီလာခံကြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ထောက်ခံမှုကို ပေးခဲ့ပြီးလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးလာရေး အတွက်
ရင်းနှီးမြုပ်နှံမှု ပိုမို ပြုလုပ်ရေး နှင့်  နိုင်ငံရေး တည်ငြိမ်မှု ရရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်သို့ လာရောက်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် တရုတ်အစိုးရ အာဘော် Global Time သတင်းစာ တွင် ဖေါ်ပြထားခဲ့သည်။

တရုတ်မှ မြန်မာနိုင်ငံနှင့် နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းမှုကို အထူး အာရုံစိုက်ကြောင်း မကြာသေးခင်က ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် တရုတ် သမ္မတ က ပြောကြားခဲ့ပြီး ဖြစ်သည်။

သို့သော် လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပြစ်အခတ် ရပ်စဲရေး အဆင့်အထိသာ တရုတ်က ထောက်ခံသွားဖို့ ရည်ရွယ်ပြီး မြန်မာဖက်က ကြိုးစားနေသော လုံးဝ လက်နက် ဖျက်သိမ်းရေး အဆင့်အထိ အရောက်ခံဖွယ်တော့ မရှိပေ။ တိုင်းရင်းသား လက်နက်ကိုင်များအား မြန်မာအပေါ် နိုင်ကွက် တခု အဖြစ် အမြဲတမ်း ထားရှိသွားဖို့ ရည်ရွယ်ထား၍လည်း ဖြစ်သည်ဟု ယုံကြည်ရပေသည်။

မြန်မာမှ တရုတ်အပေါ် ဆက်ဆံရေး နွေးထွေးလာနေခြင်းအပေါ် ဂျပန်နိုင်ငံ အနေနှင့် စိုးရိမ်မကင်း ဖြစ်လာနိုင်စရာ ရှိနေပေသည်။  ထို့အတွက် မြန်မာအပေါ် ပြစ်တင်ဝေဖန်နေသော အနောက်နိုင်ငံများနဲ့ ဂျပန် က ခပ်ကင်းကင်း နေခဲ့ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ စီးပွားရေး တံခါး ဖွင့်မှု နှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေသော မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ ပြဿနာသည် ဆက်လက်၍ နိုင်ငံတကာ ဆက်ဆံရေးတွင် ရှုပ်ထွေးလာဖွယ် ရှိနေပေသည်။

လှစိုးဝေ

No comments:

Post a Comment