Latest News

Friday, December 1, 2017

နုတ်မစောင့်စည်းသော အစ္စရေးရှိ မြန်မာ သံအမတ်ကြီး


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့ရသော အကြမ်းဖက်မှုများကြောင့် အစ္စရေးက ရေငုံနုတ်ပိတ်ပြီး သိုသိုသိပ်သိပ် လုပ်နေစဉ်တွင် အစ္စရေး ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမောင်မောင်လင်း က အစ္စရေး ရေဒီယို နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မကြာမီ လ များ အတွင်းက အစ္စရေးနှင့် လက်နက်ဝယ်ယူရေး ကန်ထရိုက် စာချုပ် ချုပ်ဆိုခဲ့ပြီးပြီဟု ကြာသပတေးနေ့က အစ္စရေး စစ်တပ် ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါတယ်။ ထိုမျှပင် မကသေး အစ္စရေးက ၄င်းတို့ရဲ့ လက်နက်နှင့် နည်းပညာများကို မည်သည့်နေရာတွင် သုံးစွဲရမည်နှင့်ပတ်သက်၍ ကန့်သတ်ခြင်း မရှိလို့ ဆိုပါတယ်။ သို့သော် အစ္စရေး ဥပဒေအရ မည်သို့ မည်ပုံ သုံးစွဲမည်ကိုပါ လက်နက် မတင်ပို့မီ က ထည့်သွင်းစဉ်းစားရကြောင်း အစ္စရေး သတင်းစာက ထောက်ပြခဲ့ပါတယ်။

အစ္စရေး အစိုးရက ယခင်က လုပ်ခဲ့ဖူးကြောင်း ယခုအခါ ရပ်ဆိုင်းထားပြိး ဖြစ်ကြောင်း ကမ္ဘာကို အသိပေးခဲ့တာ မကြာသေးခင်ကမှ ဖြစ်ပါတယ်။ သို့သော် ယုံကြည်မှု မရှိကြသော အစ္စရေး လက်ဝဲ လက်ယာ ပါလီမန် အမတ်များ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသူများက အစိုးရအား တနင်္လာနေ့ကတင် ပါလီမန် ရှေ့မှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

အစ္စရေးက မြန်မာကို လက်နက် တကယ်တမ်း ဆက်ရောင်းခဲ့ရင်တောင် လူသိရှင်ကြား ပြုလုပ်လိုခြင်း 
အလျင်းမရှိဖူးဆိုတာအား သံအမတ်ဖြစ်သူက နားမလည်နိုင် ဖြစ်ရသည်လော၊
သို့သော် ယခုလို သံအမတ် ဦးမောင်မောင်လင်းမှ အစ္စရေးက လက်နက်များ ဆက်ရောင်းနေဆဲလို့ 
ပြောပြီး နောက် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခေါ်ယူ ပြစ်တင်ခဲ့တဲ့ အတွက် သံအမတ်ကြီးက
တောင်းပန်ပြီး သူ့စကားကို ပြန်ရုတ်သိမ်းကြောင်း ပြောခဲ့ရပါတယ်။ ယခင်အခါကလည်း အလားတူ
ခေါ်ယူကြိမ်းမောင်းခဲ့ပြီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ထိုနောက် အစ္စရေး နိုင်ငံခြားရေး ၀န်ကြီးဌာနက လက်နက်ရောင်းချမှု လုံးဝမရှိပါလို့ ထပ်မံပြီး 
အသိပေးကြေငြာချက် ထုတ်ပြန်ခဲ့ရပြန်ပါတယ်။ တကယ် မရောင်းတော့ဖူး ဆိုက တိုင်းပြည်နစ်နာရမည်
က အမှန်ပင်။
သံအမတ်ကြီး တဦး လုပ်နေပြီး ဤမျှ အကင်းမပါးဖြစ်ရသည်လော၊ အံ့သြ၍ မကုန်နိုင်ဖွယ်ပင်။
လှစိုးဝေ
ကိုးကား၊ ၊ The Times of Israel


No comments:

Post a Comment