Latest News

Friday, July 5, 2019

လျှပ်စစ်မီတာကြေး ကောက်ခံမှုအပေါ် တစ်ကိုယ်တော်ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့တွင် လျှပ်စစ်မီတာကြေး သတ်မှတ် ကောက်ခံမှုအပေါ်အရင်နှုန်းတိုင်း တည်ရှိရေးအတွက် ဦးဖြိုးဝေ (ဖြိုး) ဖုန်းဆိုင် မှ ယနေ့ နံနက် ၁၀နာရီတွင် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့သည်။
ဆေးရုံလမ်းနှင့် စက်မှုလယ်ယာလမ်းထိပ် (ဖြိုး)-ဖုန်းဆိုင် ရှေ့မှစ၍ ကျုံပျော်လမ်းတစ်လျှောက် တိုက်ကျောင်းလမ်းမှ လျှပ်စစ်(EPC)-ရုံးရှေ့ထိ ပြည်သူကို မကြည့် အရှုံးအမြတ်ကိုသာကြည့်ပြီး လျှပ်စစ်မီတာကြေး၂ဆ ၃ဆ အား တိုးမြှင့်တိုးမြှင့် ကေါက်ခံနေမှုကို အပြင်းအထန်ကန့်ကွက်စာသားပါသော ၂´ပေ ၃´ပေ အောက်ခံအနီရောင်ပေါ် တွင်အဖြူရောင်စာသားပါ ဗွီနိုင်း အားကိုင်ဆောင်၍ လမ်းတစ်လျှောက်ဆန္ဒထုတ်ဖေါ်ခဲ့သည်။
ငဝန်ဧရာ~
ပြည်သူ့မဏ္ဍိုင်
ဗဟိုသတင်းပြန်ကြားရေး။
5-7-2019



No comments:

Post a Comment