နေပြည်တော် မတ် ၁၅
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့ ပတ်ဝန်းကျင်လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် AA သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး လက်နက်၊ အလောင်းနှင့်ပုဏ္ဏားကျွန်း မြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း မြို့၊ ရွာနှင့်ဌာနဆိုင်ရာ အဆောက်အဦ များအား တိုက်ခိုက်ရန် ရည်ရွယ်ဖွင့်လှစ် ထားသည့် ယာယီအခြေပြုစခန်းတစ်ခု တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောကျေးရွာအနီးသို့ မတ် ၇ ရက် ည ၉ နာရီခန့်တွင် AA သောင်းကျန်းသူ အဖွဲ့မှ အောင်ဇော်လင်းနှင့် အဖွဲ့ (၁)ဖွဲ့ရောက်ရှိလာခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ၎င်း တို့၏အမာခံများ စေလွှတ်ကာ ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်များ စုပေါင်း၍ ငွေကျပ်ကျပ်သိန်း ၆၅၀ အား ခုနစ်ရက် အတွင်း ပေးရန်နှင့် ပေးဆောင်မှုမရှိပါက တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးချိန်၌ ပုဏ္ဏားကျွန်းမြို့အပါအဝင် နယ်မြေခံ တပ်ရင်းဌာနချုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းများအား ဝင်ရောက်တိုက်ခိုက်သွား မည်ဟု ခြိမ်းခြောက်စာပေးပို့ခဲ့ကြောင်း။
ယင်းကိစ္စနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများက တပ်မတော်နှင့်လုံခြုံရေး အဖွဲ့အစည်းများအား အချိန်မီ သတင်း ပေးပို့လာသကဲ့သို့ သောင်းကျန်းသူအဖွဲ့ ထံသို့လည်း လုံးဝမပေးနိုင်ဟု အကြောင်း ပြန်ခဲ့ကြောင်း သိရသည်။
စတင်နှောင့်ယှက်ဖျက်ဆီး
အဆိုပါ သတင်းဆက်အရပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အနီး ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဖြန့်ခွဲဆောင်ရွက်ခဲ့ရာ AA သောင်းကျန်းသူများသည် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာစစ်ဌာန၏ မေးခွန်း လွှာနှင့် အဖြေလွှာများအား ထိန်းသိမ်း ခြင်းလုပ်ငန်းနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်အင်အား ၁၁ ဦးခန့်သာရှိသည့် ယိုးတရုတ်ကျေးရွာ ရဲကင်းစခန်းအား မတ် ၉ ရက် ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်လာခဲ့ပြီး နယ်မြေဒေသလုံခြုံ ရေးအား စတင်နှောင့်ယှက် ဖျက်ဆီး လာခဲ့ကြောင်း။
ရပ်ကွက်၊ ကျေးရွာ လုံခြုံရေး တပ်စခန်းများအား AA သောင်းကျန်း သူအဖွဲ့များမှ ထပ်မံနှောင့်ယှက်တိုက်ခိုက် မည်ဟု သတင်းရရှိသဖြင့် ကန်ဇောက်နှင့်ပုဏ္ဏားကျွန်းအကြား ရွှေ့ပြောင်း၍ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ် ၁၁ ရက် မွန်းလွဲပိုင်းတွင် ကျောက်တော်မြို့၊ ကန်ဇောက်ကျေးရွာ၏ တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာသို့ အရောက်၌ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော် မြို့နယ်တို့အား ဝင်ရောက်တိုက်ခိုက်၊ နှောင့်ယှက်ဖျက်ဆီးရန် အင်အားစုစည်း လျက်ရှိသော ဗဗ သောင်းကျန်းသူ အဖွဲ့မှ အင်အားစုများနှင့် နယ်မြေခံ ကျေးရွာအလိုက် ရိုးသားစွာလုပ်ကိုင် စားသောက်နေကြသည့် အရပ်သား များအား လက်နက်ဖြင့်ခြိမ်းခြောက်၍ စုစည်းထားသည့် အင်အားစုများပါ ပူးပေါင်းထားသော ယာယီအခြေပြုစခန်း အား တွေ့ရှိပြီး စတင်ထိတွေ့မှုဖြစ်ပွား ခဲ့ကာ ရင်ဆိုင်ထိန်းချုပ်ခဲ့ကြောင်း သိရ သည်။
ရင်ဆိုင်ထိန်းချုပ်လျက်ရှိ
ထိုသို့ ရင်ဆိုင်ထိန်းချုပ်လျက်ရှိစဉ် AA သောင်းကျန်းသူများသည် မတ် ၁၂ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အင်အားဖြည့်တင်း ရန် သွားရောက်ခဲ့သော တပ်မတော် စစ်ကြောင်းတစ်ကြောင်းကိုလည်း ဖြတ် တောက်ပိတ်ဆို့ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း။
မတ် ၁၃ ရက် ညပိုင်းနှင့် မတ် ၁၄ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ကူ၊ ပစ်အား ရယူလျက် မိမိတပ်ဖွဲ့ဝင် များအား ချေမှုန်းရန် ကြိုးပမ်းလျက် ရှိသည့် AA သောင်းကျန်းသူအဖွဲ့အား ဟန်ချက်ညီပြင်းထန်စွာ တန်ပြန်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ AA သောင်းကျန်း သူအဖွဲ့များသည် မတ် ၁၄ ရက် ညနေ ပိုင်းတွင် အကျအဆုံးများစွာဖြင့် အရပ် မျက်နှာအသီးသီးသို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း။
ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး AA သောင်းကျန်းသူများထံမှ လက်နက် များ၊ အလောင်းများနှင့် ပုဏ္ဏားကျွန်း မြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း မြို့၊ ရွာနှင့် ဌာနဆိုင်ရာ အဆောက်အဦ များအား တိုက်ခိုက်ရန် ရည်ရွယ်ဖွင့်လှစ် ထားသည့် ယာယီအခြေပြုစခန်းတစ်ခု တို့အား သိမ်းပိုက်ရရှိခဲ့ပြီး ပုဏ္ဏားကျွန်း မြို့နယ်နှင့် ကျောက်တော်မြို့နယ် အနီး တစ်ဝိုက် လုံခြုံရေးအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
No comments:
Post a Comment