ဝယ်လင်တန် မတ် ၁၅
နယူးဇီလန်နိုင်ငံ ခရစ်ချပ်ခ်ျမြို့ရှိ မွတ် စလင် ဘာသာရေးကျောင်းနှစ်ခုတွင် သောကြာနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၄၉ ဦး သေဆုံးခဲ့ကြောင်း၊ ဩစတြေးလျ အကြမ်းဖက် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုသည် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း လူများမှာ အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ သေဆုံးသူများထဲတွင် အမျိုး သမီးနှင့် ကလေးများလည်းပါဝင်သည်ဟု ယူဆရ ကြောင်း မျက်မြင်သက်သေတစ်ဦး က ပြောသည်။
''ယခုတိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုဆိုတာ ထင်ရှားပါတယ်''လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာ ဒန်က ပြောသည်။
''ဒီနေ့ဟာ နယူးဇီလန်အတွက် အမှောင်ဆုံးနေ့ရက်ပါ။ ကျွန်ုပ်တို့ သိရသလောက် ယခုကိစ္စဟာ သေချာ စီစဉ်ပြီးမှ ဖြစ်လာတာပဲဖြစ်ပါတယ်။ ဒဏ်ရာရရှိသူလည်း အယောက် ၂၀ လောက်ရှိပါတယ်''ဟု ၎င်းက ဆက်ပြော သည်။
ဘာသာရေးကျောင်း တစ်ခုကို ဝင်ရောက်တိုက်ခိုက်သော သေနတ် သမားမှာ ဩစတြေးလျဖွား နိုင်ငံသား တစ်ဦးဖြစ်သည်ဟု ဩစတြေးလျ ဝန်ကြီးချုပ် စကော်မော်ရစ်ဆင်က ပြောကြားခဲ့ပြီး ယင်းသေနတ်သမားမှာ လက်ယာယိမ်း အစွန်းရောက် အကြမ်းဖက်သမား ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယခုအချိန်တွင် ပစ်ခတ်မှု၌ တိုက်ခိုက်သူမည်မျှ ပါဝင် သည်ကို မသိရသေးပေ။ ဘာသာရေး ကျောင်းအတွင်းရှိ ပါလက်စတိုင်း အမျိုးသားတစ်ဦးက လူတစ်ဦးမှာ ခေါင်းကို ပစ်သတ်ခံရကြောင်း မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ရသည်ဟု ပြောသည်။
''လူတွေကပြေးလွှားနေကြပြီး အချို့ ကတော့ သွေးသံတရဲရဲနဲ့ဖြစ်နေတယ်''ဟု ပြောသည်။
နယူးဇီလန်ရဲများက ယခုပစ်ခတ် မှုကို အဆိုးရွားဆုံးအကြမ်းဖက်မှုဟု ဖော်ပြကြပြီး အင်တာနက်အသုံးပြုသူ များအား အဆိုပါလှုပ်ရှားမှုများကို ဖြန့်ဝေခြင်းများ မပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။ အစောပိုင်းကာလတွင် ပစ်ခတ်သူများထဲမှ လေးဦးကို ရဲများက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့ထဲမှ တစ်ဦးမှာ အဆိုပါပစ်ခတ်မှုနှင့် မသက် ဆိုင်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ဗလီထဲတွင် လူပေါင်း ၁၀၀နီးပါး ရှိနေခဲ့ပြီး ဝတ်ပြုရန် စုဝေးခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့အလင်း
No comments:
Post a Comment