Latest News

Tuesday, February 12, 2019

ဗိုလ်​ချုပ်​​ဒေါသထွက်​​သော​နေ့


“​ဟေ့..”တာရာ” အပြင်​က စကား​ပြော​နေတဲ့​ကောင်​​တွေ အကုန်​လုံး ငါ့ဆီ အမြန်​ဆုံး ​ခေါ်ခဲ့စမ်း..သွားစမ်း မြန်​မြန်​ကွ..”……

အော်​​ငေါက်​ကာ ကျ​နော့ဘက်​သို့ လှမ်း၍အမိန့်​​ပေးလိုက်​၏..

ပါးစပ်​သရမ်း​ နေ​ကြ​သော ဘသား​ချော များက သူတို့​ခေါင်း မီး​လောင်​​တော့မည့်​ အ​ခြေအ​နေကို ခုထိ မရိပ်​မိ (ပုံမကျ ပန်းမကျ)စစ်​ဝတ်​စုံများကို သာ ကြည့်​ရင်း တစ်​ဝါးဝါး တစ်​ဟားဟား ပွဲကြ​နေ ကြတုန်း ပင်​…

ကျ​နော်​ လည်း တစ်​ချိုးထည်း သွား​ရောက်​ကာ ဘသား​ချော အားလုံးကို (အရာရှိ အရာခံ အကြပ်​တပ်​သား ပါ မကျန်​) ဗိုလ်​ချုပ်​အမိန့်​အရ သူ့ရုံးခန်းထဲသို ​ခေါ်ယူခဲ့ရ​ပေ၏…



အထဲ​ရောက်​​သောအခါ …..

ကျ​နော်​ က စစ်​ထုံးစံ အတိုင်း အားလုံးကို ​ခေါ်​ဆောင်​လာပြီး ပါ​ကြောင်း သတင်းပို့ ကာ အ​လေးပြု လို့ပင်​ မဆုံး​သေး……

“မင်းတို့ ..ဘာ​ကောင်​​တွေတုန်းကွ…ဟင်​…​ဟေ့….ငါ​မေးတာ မကြားဘူးလား…”

စူးစူးဝါးဝါး ​မေးမြန်းလိုက်​သည့်​ ဗိုလ်​ချုပ်​၏ အသံသည်​ စစ်​ဌာနချုပ်​ တစ်​ခုလုံးကို လွှမ်းမိုးသွားပါ​တော့သည်​….

သူတို့သည်​ ​ကြောင်​၍​နေကြပြီး မှင်​သက်​မိ​နေသူများပမာ တစ်​စုံတစ်​ရာ အ​ဖြေကို မ​ပေးဝံ့ကြ​ချေ ..သတိအ​နေနဲ့ ငြိမ်​သက်​စွာ ရပ်​​နေကြပါသည်​…



“မင်းတို့ ..ဘာ​ကောင်​​တွေတုန်းကွ…ဟင်​…​ဟေ့….ငါ​မေးတာ မကြားဘူးလား…” စူးစူးဝါးဝါး ​မေးမြန်းလိုက်​သည့်​ ဗိုလ်​ချုပ်​၏ အသံသည်​ စစ်​ဌာနချုပ်​ တစ်​ခုလုံးကို လွှမ်းမိုးသွားပါ​တော့သည် 2
General Aung San, leader of the Burmese government, arrives at 10 Downing Street, London, the residence and office of the Prime Minister, Jan. 13, 1947. (AP Photo)
“​ပြောကြစမ်း…မင်းတို့ ဘာ​ကောင်​​တွေ တုန်း..ငါ​မေး​နေတာ မင်းတို့မကြားဘူးလား….ခုနတင်​ မင်းတို့ ရယ်​လား ​မောလား နဲ့ ​ပြော​နေကြတာ​တွေ​လေ…”

ဒုတိယအကြိမ်​ ဗိုလ်​ချုပ်​က စူးစူးဝါးဝါး ​အော်​ဟစ်​​မေးမြန်းလိုက်​ပြန်​ပါသည်​…

အ​မေးခံရသူ အားလုံး မျက်​နှာ​သေ က​လေး​တွေနှင့်​ဣ​နြေ္ဒ ပျက်​ကာ တုန်​​နေကြ​လေပြီ…….

“ကျ​နော်​ တို့ ..စစ်​ဝတ်​စုံ​တွေ ညံ့တာနဲ့ ​ဝေဘန်​မိပါတယ်​ ဗိုလ်​ချုပ်​…”ဗိုလ်​ကြီးအဆင့်​ ရှိသူ တာဝန်​ခံတစ်​​ယောက်​က အရဲ့စွန့်​ကာ ​ဖြေကြား သတင်းပို့လိုက်​ပါသည်​…

“ဘာကွ….စစ်​ဝတ်​စုံ​တွေ ညံ့တယ်​ ကြမ်းတယ်​..လက်​​တောင်​ မသုတ်​ချင်​ဘူး ဟုတ်​လား…..ငါအကုန်​ကြားတယ်​ မင်းတို့​ပြော​နေတာ​တွေ…….”

ကျယ်​​လောင်​စွာ ​ပြောလိုက်​ပြီး ဗိုလ်​ချုပ်​သည်​ ကုလားထိုင်​မှ ဗြုန်းကနဲ ထရပ်​ရင်း တန်းစီးထားသူများ​ရှေ့သို ရုတ်​ခနဲ တက်​လာကာ….

“မင်းတို့…ငါအုပ်​ချုပ်​​နေတဲ့ တပ်​ထဲက ထွက်​…ခုထွက်​ကြ..အလကား​ကောင်​​တွေ..မင်းတို့ကို ငါနဲနဲမ အထင်​မကြီး​တော့ဘူး…..အလကား..နွား​တွေ…….

“မင်းတို့ ..ဘာ​ကောင်​​တွေတုန်းကွ…ဟင်​…​ဟေ့….ငါ​မေးတာ မကြားဘူးလား…” စူးစူးဝါးဝါး ​မေးမြန်းလိုက်​သည့်​ ဗိုလ်​ချုပ်​၏ အသံသည်​ စစ်​ဌာနချုပ်​ တစ်​ခုလုံးကို လွှမ်းမိုးသွားပါ​တော့သည် 3

ငါတို့ ယိုးဒယားက​နေ ဒီအထိ…ရန်​သူကို ရင်​ဆိုင်​တိုက်​ခိုက်​လာတာ…ဘာ​တွေဝတ်​ပြီး တိုက်​ခဲ့ကြလည်း…”​ပြောကြစမ်း…”

စိတ်​လိုက်​မာန်​ပါ လက်​သီးလက်​​မောင်းတန်း ကာ ​မေးလိုက်​ပြန်​ပါသည်​..”…

“မင်းတိုက …ခုမှ…ယူနီ​ဖောင်း​လေး….စစ်​ဝတ်​စုံ​လေး..ဘာ​လေး နဲ့ ​ရေးကြီးခွင်​ကျယ်​ လုပ်​လို့…​ဟေ့..

တိုင်းပြည်​နဲ့ လူထုအတွက်​.ဆိုရင်​ စစ်​ဝတ်​စုံမရှိလို့ …ခါး​တောင်းကျိုက်​ပြီး တိုက်​ရ​ရော..ဘာဖြစ်​..​သေးသလဲကွာ..

ဟေ့..တိုင်းပြည်​နဲ့…လွတ်​လပ်​​ရေးအတွက်​…ကိုယ်​တုံးလုံး ချွတ်​ တိုက်​ရ​ရော….ရီးဖြစ်​လား…​ပြောစမ်း…စစ်​တိုက်​ နိုင်​ဘို့သာ အဓိက..ကွ……..ခု​တော့..မင်းတို့က..ကြီးကြီးကျယ်​ကျယ်​ စကား​တွေ ​ပြောလို့….”…

ဗိုလ်​ချုပ်​က ..တန်းစီရပ်​​နေသူအားလုံး ကို တစ်​​ယောက်​ချင်း စေ့​စေ့ကြည့်​ ​ကာ ဝေဘန်​ရင်း ​အော်​​ငေါက်​​နေ၏…

“ခု​တော့… မင်းတို့ ​ပြော​နေတဲ့ စကား​တွေ က ..တိုက်​ပွဲမှာ ကျဆုံး ခဲ့ရတဲ့ ရဲ​ဘော်​​တွေကို ..သစ္စာဖောက်​​နေသလို ပဲကွ….အလကား သစ္စာ ​ဖောက်​​တွေ…မင်း တို့ကို ငါ့တပ်​ထဲမှာ မထားဘူး…ထုတ်​ကို ထုတ်​ပြစ်​ရမယ်​…အ​ချောင်​သမား​တွေ…”ကြိမ်းဝါး လိုက်​ပြန်​ ပါသည်​…

အကြိမ်းခံရသူ ..အားလုံးမှာ..မျက်​ရည်​ကျ သူကကျ..ဒူးချင်းရိုက်​ခတ်​သူ ရိုက်​ခတ်​ နှင့်​ အ​တော်​ပင်​ စိတ်​ထိခိုက်​ ..​နေကြ​ပေပြီ

ဗိုလ်​ချုပ်​သည်​ ​ခေါက်​တုံ့ ​ခေါက်​ပြန်​ လမ်း​လျောက်​ရင်း..

“ဘာလည်းကွ..မင်းတို့က ဂျပန်​​တွေကားစီးပြီး..အဝတ်​​ကောင်းဝတ်​​နေတာ ကို အားကျတာလား…​ဟေ့….မင်း တို့မှတ်​ထား..ငါတို့တပ်​​မတော်သား​ ဆိုတာ ပြည်​သူ လူထု ရဲ့ သားသမီး​တွေကွ…..ခုကြည့်​စမ်း…ပြည်​သူ​တွေဘဝကို…စစ်​​ဘေးစစ်​ဒဏ်​က တစ်​ဘက်​..ဖက်​ဆစ်​ငပု​တွေ ရဲ့ အနိုင်​ကျင့်​ ဗိုလ်​ကျခံ​နေရတာ ကတစ်​ဖက်​…

ဒါကို …မင်းတို့လို..​ကောင်​​တွေက ဇိမ်​ခံချင်​​နေကြတယ်​..

အဝတ်​​ကောင်း​တွေဝတ်​ချင်​တယ်​…ကာသစ်​​တွေ စီးချင်​တယ်​……

ဒုက္ခ ​ရောက်​​နေတဲ့ ပြည်​သူ​တွေ မျက်​နှာကို မှ မ​ထောက်​မင်းတို့ က အခွင့်​အ​ရေး​တွေ ပိုယူချင်​​နေကြတယ်​..

မှတ်​ထား..အဲ့လိုအမြင်​မျိုး အ​တွေးမျိုး ​အကျင့်​မျိုးတွေ ရှိ​နေသမျှ ….ငါ…​မျှော်​မှန်းလာတဲ့ “ပြည်​သူ့တပ်​မ​တော်​” နဲ့​တော့ ​ဝေးပါ​သေးတယ်​ ကွာ…..သိပ်​ရှက်​စရာ​ကောင်းတယ်​……..

မင်းတို့ …ပြည်​သူလူထု အတွက်​..စစ်​တိုက်​​နေတယ်​ဆိုတာ..အလကားပဲ…လုံးဝ အဓိပ္ပါယ်​ မရှိဘူး….”

ငါအုပ်​ချုပ်​​နေတဲ့စစ်​တပ်​မှာမင်းတို့ဟာပြည်​သူလူထုနဲ့တသားထဲဖြစ်​​နေရမယ်​…အခုဟာက…​တောက်​”ငါကွာလုပ်​ထည့်​လိုက်​ရ….”

အလကား ​ခွေး​ကောင်​​တွေ…ဘာမှ အသုံးမကျတဲ့​ကောင်​​တွေ မင်းတို့ကို ငါ့တပ်​ထဲက ထုတ်​ကို ထုတ်​ရမယ်​…

ဒေါနဲ့ …​မောနဲ့..ကြိ​မ်းဝါးလိုက်​ပြန်​ပါသည်​….

“မှားပါပြီ ဗိုလ်​ချုပ်​..ကျ​နော်​တို့.​နောင်​တရပါပြီ..ဗိုလ်​ချုပ်​.”

ငိုသံများဖြင့်​ အရာရှိ နှစ်​ဦးက ကတုန်​ကရင်​ ​တောင်းပန်​ တိုးလျိုးလိုက်​ပါသည်​..

“ငါ..ဘယ်​လို ဝတ်​ထားသလဲ..ကြည့်​ကြစမ်း…မင်းတို့ နဲ့ ဘာခြားလည်း…မင်းတို့ က ကြီးကြီးကျယ်​ကျယ်​ လုပ်​လို့..ကွာ”…

ဗိုလ်​ချုပ်​သည်​ သူ၏ စစ်​ဝတ်​စုံ အနွမ်းကို ပုတ်​၍ ပုတ်​၍ ပြလိုက်​ပြန်​ပါသည်​…..

“မှားပါပြီ….ဗိုလ်​ချုပ်​…ကျ​နော်​ တိုအမှားကို သိပါပြီ….”

မျက်​ရည်​ ဖြိုင်​ဖြိုင်​ဖြင့်​ ဝိုင်း၍​တောင်းပန်​ကာ အသနား ခံလိုက်​ကြပြန်​သည်​..

ဗိုလ်​ချုပ်​သည်​..​ဒေါသထွက်ေ​န​သော မျက်​လုံးကြီးများဖြင့်​.​တောင်းပန်​​နေသူများကို ဝင့်​ကြည့်​လို​က်​ရင်း….

“မှတ်​ထား…ငါ့တပ်​ထဲမှာ…အခွင့်​​အ​ရေး ယူချင်​တဲ့ အ​ကောင်​ တစ်​​ကောင်​မှ မရှိ​စေရဘူး..လူထုငတ်​ရင်​ အားလုံး ငတ်​ရမယ်​ ..လူထုဆင်းရဲရင်​ အားလုံး ဆင်းရဲ ရမယ်​.ငါလဲဆင်းရဲ ရမယ်​…

ခု​တော့ …မင်းတို့​ကောင်ေ​တွကွာ….ငါလိုက်​ပြီး..ကန်​ထုတ်​လိုက်​ ရရင်​…

သွားကြစမ်း…မြန်​မြန်​ ထွက်​သွား..အ​ကောင်​ရှုပ်​​တွေကြာကြာ​နေရင်​ ငါ​ဆော်​မိ လိ​မ့်​မယ်​….”

ဗိုလ်​ချုပ်​က ကြိမ်းဝါးကာ အားလုံးကို ​မောင်းနှင်​ထုတ်​လို​က်​သည်​…

ပါးစပ်​သရမ်းမိသူ အားလုံး လည်း…အ​ရေးတကြီးဗိုလ်​ချုပ်​ ကို အ​လေးပြု ကာ..​ကြောက်​​ကြောက်​ ရွံ့ရွံနှင့်​သုတ်​​ချေတင်​ ကြ​လေပြီ….

ကျ​နော်​ သည်​လည်း ညာလက်​ကို ​မြှောက်​ကာ ဦးထုပ်​ နုတ်​ခမ်းတွင်​ တင်းတင်းကပ်​လျက်​ အ​လေးပြု ခြင်း​အားလုံး တို့ထက်​ သာလွန်​၍…..

သူ၏ ​ခေါင်း​ဆောင်​ပီသမှု့ …ပြည်​သူလူထု အ​ပေါ် ညှာတာမှု့…ရဲ​ဘော်​ရဲဘက်​ စိတ်​ဓာတ်​ ရှိမှု့အတွက်​..ရောင်​ပြန်​ဟပ်​ လာ​သော ရို​သေ​လေးစားမှု့ စိတ်​ဓာတ်​ အပြည့်​ဖြင့်​ တစ်​ကယ့်​ခေါင်း​ဆောင်​….စစ်​သေနာပတိ​ကောင်း ပီသလှသည့်​ ဗို​လ်​ချုပ်​ကို နုတ်​ဆက်​ အ​လေးပြု လို​က်​ရ​ပေ​တော့ သတည်း……..

ဗိုလ်​တာရာ(ရဲ​ဘော်​သုံးကျိပ်​)

★ အမှတ်​တယဗိုလ်​ချုပ်​​အောင်​ဆန်းစာအုပ်​မှ​ တငြ်​ပပါသည်​။

No comments:

Post a Comment