Latest News

Tuesday, February 12, 2019

ကရင်နီအုပ်ချုပ်ရေးအတိုင်း အုပ်ချုပ်ပါ ( ဗိုလ်ချုပ်အောင်ဆန်း)


“ကရင်နီနှင့်မြန်မာ ချစ်ကြည်ရင်းနှီးသွေးစည်းရေးစသောအကြောင်းကြောင်းတွေထောက်ပြီးလာခဲ့ပါတယ်၊ ဗြူရိုကရက်တွေ ဘယ်လိုခြေထိုးပြီး နှောက်ယှက်ပေမဲ့လို့ မျက်စိလည်နားမရောင်ပါနဲ့၊ ဒီနယ်ဟာတွင်းထွက်ဓာတ်သတ္ထု တွေပေါရဲ့သားနဲ့ တိုင်းရင်းသားတွေမှာတော့ ငမွဲငမွဲဘဲ၊ ဆိုတာလိုဖြစ်နေကြပြီ၊
အဆီအနှစ်တွေအရှည်သဖြင့် ဆက်လက်မလုပ်ဆောင်နိင်အောင်စီမံဆဲဘဲ၊ ကရင်နီရဲ့ အင်ဒီပင်းဒင့် ( Independence ) ဆိုတာဟာလည်း စက္ကူပေါ်မှာသာရှိတာ၊ တကယ်မှာတော့ နဲနဲကလေးမှ လွှတ်လပ်တာမဟုတ်ဘူး ၊ တိုင်းတပါးသားတွေမောင်းထုတ်ပြီး ဒီနေရာမှာ ဗမာနဲ့ အစားထိုးဘို့ရာမဟုတ်ဘူး ၊ ခင်ဗျားတို့တည်ရှိနေတဲ့ အခွင့်အရေး ၊ ကရင်နီအုပ်ချုပ်ရေးအတိုင်းအုပ်ချုပ်ပါ ကျုပ်တို့ဘာမှဝင်ရောက်စွက်ဖက်ခြင်းမရှိဘူး ၊ကျုပ်တို့ကလည်း အင်္ဂလိပ် ကျွန်မဖြစ်ချင်သလို ခင်ဗျားတို့ကလည်း အင်္ဂလိပ် ကျွန်မဖြစ်ချင်ဘူး အတူတူဘဲ ၊ တယောက်နဲ့တယောက် တန်းတူဖြစ်ရမယ် ”

၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ၊ ကရင်နီပြည် လွိုင်ကော်မြို့ ဓမ္မာရုံ ၌ ကရင်နီ လူတု ၅၀၀ ရှေ့မှောက် တွင် ဟောကြားခဲ့ သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

No comments:

Post a Comment