Latest News

Tuesday, February 12, 2019

သာေပါင္းၿမိဳ႕နယ္၌ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ၇ ဦး ေသ၊ ၆ ဦး ဒဏ္ရာရရွိမႈ


၂၀၁၉ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ ၁၃၀၀ အခ်ိန္ သာေပါင္းၿမိဳ႕နယ္၊ သစ္ဆင္ေက်း႐ြာအနီး ၾကက္သြန္ကြင္း-မက်ည္းစင္ ကားလမ္းမိုင္တိုင္(၂၆/၄)ကုန္းဆင္း၌ မ်ိဳးမင္းေဌး(၃၇)ႏွစ္ေမာင္းႏွင္၍ အလုပ္သမား ဦးတင္ေအး(၆၀)ႏွစ္ပါ ၁၃ ဦး(က်ား ၈၊ မ ၅) လိုက္ပါလာၿပီး ဝါးလုံး ၂၅၀၀ ခန္႔ တင္ေဆာင္လာေသာ ၉ဃ/xxxx Lifan (၆)ဘီးယာဥ္သည္ ဘရိတ္ေပါက္ၿပီး ကားေနာက္ဘီးမွာ လမ္းယာဘက္ရွိ ေရေျမာင္းအတြင္းသို႔က်၍ ယာဥ္ေပၚပါသူမ်ား ျပဳတ္က်ကာ ထိုသူမ်ားေပၚသို႔ ဝါးလုံး မ်ားျပဳတ္က်ပိမိခဲ့သျဖင့္ ယာဥ္ေပၚပါ ၁၃ ဦးအနက္ ဦးေပါက္စ(၅၅)ႏွစ္ပါ ၇ ဦး(က်ား ၄၊ မ ၃)တို႔ တြင္ ေနာက္ေစ့ဖူးေရာင္ေပါက္ၿပဲ၊ လက္/ေျခ/နံ႐ိုး က်ိဳးဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ၿပီး ဦးတင္ေအးပါ ၃ ဦး(က်ား ၁၊ မ ၂)တို႔တြင္ ဦးေခါင္းဖူးေရာင္ေပါက္ၿပဲဒဏ္ရာမ်ား(စိုးရိမ္ရ)ႏွင့္ ဦးဝင္းတင္(၅၈)ႏွစ္ပါ က်ား ၃ ဦးတို႔တြင္ ပြန္းပဲ့ေပါက္ၿပဲဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့သျဖင့္ သာေပါင္း ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ကာ မ်ိဳးမင္းေဌး(ဖမ္းမိ)အား သာေပါင္းၿမိဳ႕မရဲစခန္း ယာဥ္(ပ)၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇(ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ ျပင္းထန္/ သာမန္နာက်င္ေစမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

(Unicode version)
သာပေါင်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၇ ဦး သေ၊ ၆ ဦး ဒဏ်ရာရရှိမှု
***************************************************************************
၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၁၃၀၀ အချိန် သာပေါင်းမြို့နယ်၊ သစ်ဆင်ကျေးရွာအနီး ကြက်သွန်ကွင်း-မကျည်းစင် ကားလမ်းမိုင်တိုင်(၂၆/၄)ကုန်းဆင်း၌ မျိုးမင်းဌေး(၃၇)နှစ်မောင်းနှင်၍ အလုပ်သမား ဦးတင်အေး(၆၀)နှစ်ပါ ၁၃ ဦး(ကျား ၈၊ မ ၅) လိုက်ပါလာပြီး ဝါးလုံး ၂၅၀၀ ခန့် တင်ဆောင်လာသော ၉ဃ/xxxx Lifan (၆)ဘီးယာဉ်သည် ဘရိတ်ပေါက်ပြီး ကားနောက်ဘီးမှာ လမ်းယာဘက်ရှိ ရေမြောင်းအတွင်းသို့ကျ၍ ယာဉ်ပေါ်ပါသူများ ပြုတ်ကျကာ ထိုသူများပေါ်သို့ ဝါးလုံး များပြုတ်ကျပိမိခဲ့သဖြင့် ယာဉ်ပေါ်ပါ ၁၃ ဦးအနက် ဦးပေါက်စ(၅၅)နှစ်ပါ ၇ ဦး(ကျား ၄၊ မ ၃)တို့ တွင် နောက်စေ့ဖူးရောင်ပေါက်ပြဲ၊ လက်/ခြေ/နံရိုး ကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးတင်အေးပါ ၃ ဦး(ကျား ၁၊ မ ၂)တို့တွင် ဦးခေါင်းဖူးရောင်ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)နှင့် ဦးဝင်းတင်(၅၈)နှစ်ပါ ကျား ၃ ဦးတို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သာပေါင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ မျိုးမင်းဌေး(ဖမ်းမိ)အား သာပေါင်းမြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment