Latest News

Saturday, January 19, 2019

၂ဝ၁၈ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ၂ဝဝဝ ကျော်ဖြစ်

၂ဝ၁၈ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ၂ဝဝဝ ကျော်ဖြစ်

ပုသိမ်  ဇန်နဝါရီ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၌ ၂ဝ၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၂ဝဝဝ ကျော် ဖြစ်ပွားခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက အမှုတိုးလာခြင်း မရှိသော်လည်း သေဆုံးမှုမြင့်တက်လာကြောင်း တိုင်းဒေသကြီး အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲ ရုံးမှ ဒုတပ်ဖွဲ့ ခွဲမှူး ရဲမှူးလှအေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၂ဝ၃၃ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၃၅၅ဝ  ရှိကာ သေဆုံးသူ  ၄ဝ၄  ဦးရှိခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၂ဝ၃၃  မှု ရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာ ရရှိသူ  ၃၄၄၆  ဦး ၊ သေဆုံးသူ ၄၁၉ ဦးရှိခဲ့ပြီး  ယခင်နှစ်နှင့်နှိုင်းယှဉ်ကြည့်ပါက       သေဆုံးသူ ၁၅ ဦး မြင့်တက်လာခြင်းကို တွေ့ရှိရကြောင်း အမှတ်(၁၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။

ယာဉ်မတော်တဆမှုမှာ ၂ဝ၁၈ ခုနှစ်အတွင်း ပုသိမ်ခရိုင်အတွင်း၌ ၅၇၁ မှု အများ ဆုံးဖြစ်ပွားခဲ့ပြီး ဒုတိယအနေဖြင့် မအူပင်ခရိုင်တွင် ယာဉ်မတော်တဆမှု ၅၇ဝ ဖြစ်ပွား ခဲ့ရာမှ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ယာဉ်မတော်တဆမှုကြောင့် ၃၄၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စည်းကမ်းပျက်ယာဉ်များအား  တရားစွဲတင်မှု  ၁ဝဝ၆၂  မှု၊ ဒဏ်ငွေအားဖြင့် ငွေကျပ်  ၁၉၇၆၇ဝဝဝဝ ရှိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရန်အတွက် ၂ဝ၁၈ ခုနှစ်အတွင်း လူစည်ကားသော မြို့နယ်များတွင် မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်တပ်ဆင်ပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအပြင် ၂ဝ၁၈ ခုနှစ်အတွင်း ကျောင်း၊ ရပ်ကွက်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ အား အသိပညာပေးဟောပြောခြင်း ၄၅၅၆၈  ကြိမ်  ပြုလုပ်ခဲ့ပြီး  လက်ကမ်းစာစောင် ၇၅၇ဝ ကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း အမှတ် (၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲရုံးမှ  သိရ            သည်။                                                                      မင်းထွန်းဇော်

No comments:

Post a Comment