အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့ ခေတ်သစ်ဖောင်ဒေးရှင်းတည်ထောင်
အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့၏ အမွှာသမီးငယ်လေးများဖြစ်သည့် သမီးကြီး မေမြန်မာခေတ်နှင့် သမီးငယ် မေမြန်မာသစ်တို့ နှစ်ဦးကိုယ်စား လူမှုအကျိုးပြုလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် ခေတ်သစ်ဟု အမည်ပေးထားသော ဖောင်ဒေးရှင်း ကို ယခုလ ၁၇ ရက်တွင် စတင်ကာ မီဒီယာများကို အသိပေးခဲ့ပြီး ယင်းဖောင်ဒေးရှင်းကို တည်ထောင်လိုက်ကြောင်း သိရသည်။ အဆိုပါဖောင်ဒေးရှင်းသည် မွေးရာပါနှလုံး အပေါက်ပါသူ ကလေးငယ်များကို စောင့်ရှောက်ကုသနိုင်ရန်အတွက် ရည်ရွယ်တည် ထောင်ခြင်းဖြစ်ကြောင်း သိရသည်။
'' ဒီဖောင်ဒေးရှင်းလေး စတင်ပြီး ဖြစ်လာတာကတော့ ညီမတို့နိုင်ငံမှာ ကလေးတွေအတွက် ကျန်းမာရေးဖောင်ဒေးရှင်းဆိုတာ ရှားပါတယ်။ အဲ့ဒါကြောင့် အသက်ငါးနှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေးကို အဓိကထား စောင့်ရှောက် သွားမှာပါ။ လတ်တလောအနေနဲ့ဆို နှလုံးအပေါက်ပါတဲ့ ကလေးငယ်လေးအတွက် လှူဒါန်းစောင့်ရှောက်တာတော့ရှိနေပါတယ်။ ဒီကလေးတွေရဲ့ ဒုက္ခ၊ မိသားစုရဲ့ ဒုက္ခတွေကို တစ်ဖက်ကနေ ကူညီနိုင်တာမျိုးလည်းရှိပါတယ်။ ဖောင်ဒေးရှင်းအတွက် ညီမတို့ ငွေကျပ်သိန်း ၂ဝဝ ကို မတည်ပြီး တည်ထောင်ခဲ့တာပါ'' ဟု ခေတ်သစ် လူမှု ကူညီရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင် ချစ်သုဝေက ပြောသည်။
ယခင်က လူမှုကွန်ရက်စာမျက်နှာတွင် အဆိုတော် ချစ်သုဝေက သမီးနှစ်ဦး ၏ ချစ်စရာဟန်အမူအရာလေးများကို တင်ခဲ့သည်။ ယခုForver Group Media က ကလေးငယ်များ၏ လှုပ်ရှားမှုများကို အစီအစဉ်တစ်ခုအဖြစ် Channel 7 က 'ခေတ်သစ်ကမ္ဘာငယ်' အမည်ဖြင့် ထုတ်လွှင့်ရိုက်ကူး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို ယခုလ ၉ ရက်နေ့မှစတင်ပြီး အပတ်စဉ်စနေနေ့ ည ၈ နာရီအချိန်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment