လေးမျက်နှာ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ ခတ္ထူ-ပန်းတော်ကြီးလမ်း ပေါ်ရှိ ငဝန်မြစ်ပေါ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့ (၄) တံတားအထူးအဖွဲ့ (၁၆) မှ တာဝန်ယူတည်ဆောက်ခဲ့သော ငဝန်တံတား(လေးမျက်နှာ)မှာ ယခုအခါ တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မကြာမီ ဖွင့်လှစ်နိုင်ရန် တံတားအထူးအဖွဲ့ (၁၆)မှ စီစဉ်လျက် ရှိသည်။
တည်နေရာမှာ လေးမျက်နှာမြို့နယ် ၌ဖြစ်ပြီး တံတားအရှည်မှာ ၁၉၆၈ ဒသမ ၆ ပေရှိသည်။ တံတားအမျိုးအစားမှာ အောက်ခံအုတ်မြစ် (၁.၂) (1.2)m Bored Pile တံတားကိုယ်ထည် R.C Con- crete ရေလမ်းကင်းလွတ်အမြင့်ပေ ၂ဝ ရေလမ်းကင်းလွတ်အမြင့်ကျယ် ၁၇၃ ပေ တံတားခံနိုင်ဝန် AASTO HS 25-44 ဖြစ်ပြီး စီမံကိန်းတံတားတန်ဖိုးမှာငွေကျပ် ၁၁၄၅ဝ သန်းနှင့် ချဉ်းကပ် လမ်းတန်ဖိုး ငွေကျပ် ၁၁၄၅ ဒသမ ၆၈ သန်းဖြစ်သည်။
ဖြတ်သန်းခွင့်ပြုထား
အဆိုပါတံတားကို တံတားအထူး အဖွဲ့ (၁၆) သည် (၁၈-၁ဝ-၂ဝ၁၆) ခုက စတင်တည်ဆောက်ခဲ့ပြီး (၃၁ - ၁၂- ၂ဝ၁၈) ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီး ခဲ့၍ တံတားဖွင့်ပွဲမပြုလုပ်မီ ပြည်သူများ လွယ်ကူစွာသွားလာနိုင်ရန် အသုံးပြုခွင့် ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် (၁-၁၂-၂ဝ၁၈) နေ့က စတင်၍ လူနှင့်ကားလေးများဖြတ်သန်းခွင့် ကို ပြုထားသည်။
အဆိုပါ တံတားတည်ဆောက် ပေးလိုက်တဲ့အတွက် ယခင်လေးမျက်နှာ တစ်မြို့တည်း၌ပင် ငဝန်မြစ်ကြီးက ကန့်လန့်ဖြတ် ကာစီးထားသလိုဖြစ်နေတဲ့ အတွက် နှစ်ခြမ်းကွဲနေရသည့် ဘဝက လွတ်မြောက်ပြီး ခတ္ထူ- ပန်းတောကြီး လမ်းတစ်လျှောက်နှင့် လေးမျက်နှာမြို့ အနောက်ဘက်ခြမ်းဒေသရှိ ကျေးရွာ အုပ်စု ၂၂အုပ်စုကျေးရွာပေါင်း ၁၄၁ ရွာ ပြည်သူပေါင်း ၆၂၃၂၈ ဦးကို ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်များ ဖြစ်သော ဆန်၊ စပါး၊ ကောက်ပဲသီးနှံများ နှင့် ချောင်းကျောက်၊ ချောင်းသဲ၊ ချောင်း ကျောက်စလစ်နှင့် အုတ်စသည့် တည် ဆောက်ရေးပစ္စည်းများ မြို့နယ်အသီးသီး သို့ တံတားကြီးကို အသုံးပြုဖြတ်သန်းပြီး သွားရောက် ရောင်းဝယ်နိုင်ကြတော့မည် ဖြစ်သလို လေးမျက်နှာမြို့ အရှေ့ဘက် ခြမ်းရှိ ရပ်ကွက်ကြီး (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၁ အုပ်စု၊ ကျေးရွာပေါင်း ၁၄၃ရွာမှ ပြည်သူ ၄၇၄၁၉ ဦး တို့မှာလည်း ငဝန်မြစ်အနောက် ဘက်ခြမ်းရှိ မိမိတို့၏ ဆွေမျိုးမိတ်သင်္ဂဟများထံရာ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်သည်။
ခရမ်း-စိုးမြင့်
No comments:
Post a Comment