Latest News

Thursday, December 6, 2018

မိုးပျံလမ်းစီမံကိန်းအပိုင်း (၁) အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁ဝ ခု ထွက်ပေါ်

မိုးပျံလမ်းစီမံကိန်းအပိုင်း (၁) အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁ဝ ခု ထွက်ပေါ်

ရန်ကုန်  ဒီဇင်ဘာ   ၆

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ Public   Private  Partnership (PPP)  အစီအစဉ်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန် လမ်း စီမံကိန်း    (YEX) Project Phase 1 အတွက်   စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများ  တင်သွင်းသည့်    အရည်အသွေးပြည့်မီသော လျှောက်လွှာ ၁၂ စောင်အနက်မှ     ဆန်ခါတင်  ကုမ္ပဏီ ၁ဝ ခု၏   အမည်စာရင်းကို       ယနေ့ ထုတ်ပြန်ကြေညာခဲ့ကြောင်း     တင်ဒါ ရွေးချယ်ရေးကော်မတီမှ သိရသည်။
ဆန်ခါတင်  အရည်အသွေးပြည့်မီ သောကုမ္ပဏီများသည်   စီမံကိန်းနှင့် သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို   ရယူနိုင်မည်ဖြစ်ပြီး တင်ဒါအနိုင်ရရှိရန်   ဆက်လက်ပါဝင်နိုင် မည်ဖြစ်ကြောင်း သိရသည်။

တင်ဒါအနိုင်ရရှိရန် နောက်တစ်ဆင့် တွင် ကြိုတင်အရည်အသွေး ပြည့်မီသူ များအား     အဆိုပြု  လျှောက်လွှာ(Request for Proposal) တင်သွင်း ရန်ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement)  အား ထုတ်ပြန်ပေးသွားမည်  ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းကြီးမှာ  အစိုးရက ဦးစားပေးဆောင်ရွက်နေသည့် စီမံကိန်း တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေ ရန်နှင့်   နိုင်ငံ၏   စီးပွားရေး၊   လူမှုရေး လုပ်ငန်းများအတွက်    ဆက်သွယ်ရေး  ပိုမိုကောင်းမွန်လာစေရန်  ရည်ရွယ်ထား သည့်   စီမံကိန်းဖြစ်ကြောင်း     သိရ             သည်။

စီမံကိန်း၏မူလအစမှာ     ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ(JICA)က ရန်ကုန်မြို့ တော်ဖွံ့ဖြိုးရေးစီမံချက်  (၂ဝ၄ဝ တွင် ဖြစ်ပေါ် ဖွံ့ဖြိုးတိုးတက်လာရမည့် အစီ အစဉ်များ)  (YUTRA 2040)၌ ရန်ကုန်မြို့တွင်းပတ်လမ်း  (Inner Ring Road)နှင့်   မြို့ပြင်ပတ်လမ်း(Outer Ring Road)စီမံချက်များ လုပ်ဆောင် ရာတွင် ယခုစီမံကိန်းပါဝင်ပြီး မြို့တွင်း ပတ်လမ်း (Inner  Ring Road)               ၏   အစိတ်အပိုင်းတစ်ရပ်လည်း     ဖြစ်           သည်။

ပထမအဆင့်  အဆိုပါ  စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း    ရေကျော် လမ်းဆုံအလွန်မှ     မင်္ဂလာဒုံဥယျာဉ် စက်မှုမြို့ အထိ ၂ဝ ဒသမ ၅ ကီလို မီတာ အရှည်ရှိသော လေးလမ်းသွား တံတား ပထမအဆင့်အဖြစ်   တည်ဆောက်ပြီး ဒုတိယအဆင့်အဖြစ်     အပြည်ပြည်             ဆိုင်ရာ ဟံသာဝတီလေဆိပ်(ပဲခူး)အထိ ဆက်သွယ်ဆောင်ရွက်ရန်  လျာထား သော စီမံကိန်းဖြစ်သည်။

လမ်းကို  အခွန်ကောက်ခံမည့်             နေရာသုံးခုကို ယာယီသတ်မှတ်ထားပြီး အတက်၊ အဆင်းနေရာ ၁၅ ခုခန့် ရှိကာ အရှည် ၂ဝ ဒသမ ၅ ကီလိုမီတာအရှည် ပေါ်တွင်  ပိုင်းခြားသတ်မှတ်သွားမည်ဟု သိရသည်။

စီမံကိန်း   တည်ဆောက်ရေးမှာ ငါးနှစ်ဟု အဆိုပြုတင်ပြထားပြီး ခန့်မှန်း ကာလထက် ပိုမိုမြန်ဆန်နိုင် ကြောင်း လည်း စီမံကိန်းစတင် အကောင်အထည် ဖော်စဉ်က တာဝန်ရှိသူများက ပြောကြား ထားသည်။
ဤစီမံကိန်းမှာ နိုင်ငံတော် အစိုးရ နှင့် ကိုရီးယားနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီကြီး များ၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီ များ အကျိုးတူပူးပေါင်းသည့် Public Private Partnership (PPP) စနစ် ဖြင့် ပူးတွဲဆောင်ရွက်မည့် အစီအစဉ် ဖြစ်ပြီး  စီမံကိန်းတန်ဖိုး   (ပမာဏခန့် မှန်းခြေ)မှာ အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့်ဖြစ်ကြောင်း စတည်ရည်ရွယ် စဉ်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားခဲ့သည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ တွင် မြန်မာ၊ ဂျပန်၊ ထိုင်းလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် BSSIC ၊  မြန်မာနှင့် တရုတ်လုပ်ငန်းရှင်များ  ပိုင်ဆိုင်သည့် Denso -CSCEC Consortiumတို့ ပါဝင်ပြီး  ပြင်သစ်၊  ကိုရီးယား၊ ဂျပန်၊ တရုတ်တို့မှ  လုပ်ငန်းရှင်များနှင့် တရုတ်၊ ထိုင်းလုပ်ငန်းရှင်များ    ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခု စသည်ဖြင့်  ပါဝင်ခဲ့သည်။
 ခင်ရတနာ(မြန်မာ့အလင်း)
 ဓာတ်ပုံ- ဆောက်လုပ်ရေး

No comments:

Post a Comment