မြန်မာ့သမိုင်းတွင် ကေတုမတီ(တောင်ငူ)သည် ဒုတိယမြန်မာနိုင်ငံတော်၏ အမွန်အစဖြစ်ခဲ့ပြီး တောင်ငူခေတ်ဟူ၍ ကျော်ကြားခဲ့သည်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်များတွင် မြန်မာ့ယဉ်ကျေးမှု စာပေများ ထွန်းကားခဲ့ရာ တောင်ငူခေတ်၏စာပေများမှာ မြန်မာစာပေသမိုင်း၌ အထင်ကရမော်ကွန်းတင်ခံရပြီး မြန်မာစာပေမြတ်နိုးသူတိုင်း အထူးတလည် လေ့လာလိုက်စားနေရဆဲဖြစ်သည်။ စာပေယဉ်ကျေးမှု၊ အနုကဗျာလင်္ကာရတု အရေးအဖွဲ့များ ဖွံ့ဖြိုး လာခဲ့သော ကေတုမတီ(တောင်ငူ)ကို တည်ထောင်ခဲ့သူမှာ မဟာသီရိဇေယျသူရမင်းကြီးညိုဖြစ်သည်။
ဘုန်းသ္ဘာ၊ လက်ရုံးရည်၊ နှလုံးရည်၊ နိုင်ငံမြို့ ရွာစီမံအုပ်ချုပ်ရေး နှင့် စစ်ရေးစစ်ရာ စစ်သေနင်္ဂဗျူဟာတို့တွင် သူမတူအောင် ကျွမ်းကျင်ထက်မြက်သော မင်းကြီးညိုသည် ကောဇာ သက္ကရာဇ် ၈၇၂ ခုနှစ်(ခရစ်နှစ် ၁၅၁ဝ) တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့ နံနက် ၂ ချက်တီးအချိန်တွင် စတင်တည်ထောင်ခဲ့ရာ မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ် (ခရစ်နှစ် ၂ဝ၁၈ ခုနှစ်) တန်ဆောင်မုန်းလပြည့်နေ့က (၅ဝ၈) နှစ် ပြည့်ခဲ့ပြီးဖြစ်သည်။
ကေတုမတီ၏ နောက်ခံသမိုင်း
ကေတုမတီ(တောင်ငူ)သမိုင်းကို လေ့လာကြည့်သော အခါ သက္ကရာဇ် ၆၄၁ ခုနှစ်တွင် သဝန်ကြီးစတင်တည်ထောင် သော တောင်ငူကြီးသည် သက္ကရာဇ် ၈၄၇ ခုနှစ် မင်းစည်သူ လက်ထက်အထိ နှစ်ပေါင်း(၂ဝ၆) နှစ်ကြာမျှ မင်းနေပြည်တော်၊ တစ်နည်းအားဖြင့် မြို့စားများ အုပ်ချုပ်သော မြို့ပြကြီးအဖြစ် တည်တံ့ခဲ့သည်။ မင်းကြီးညိုသည် သက္ကရာဇ် ၈၄၇ ခုနှစ်၌ တောင်ငူကြီးတွင် မင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုစဉ်က အသက် ၂၆ နှစ်သာရှိသေးသော မင်းမျိုးမင်းလွင် မင်းကြီးညို သည် မင်းပေါင်း ၂၈ ဆက်တိုင်တိုင် စိုးစံသွားသောတောင်ငူကြီး နေရာကို မြို့တော်အဖြစ် ထားရှိရန်အတွက် အကွက်အကွင်း မကျဟု ထင်တော်မူခဲ့သည်။
ယင်းတောင်ငူကြီးသည် ယနေ့အချိန်တွင် ကြက်ရိုးပင်ရွာ မြောက်ဘက် ခပေါင်းချောင်းများ၏ မြောက်ဘက်၌တည်ရှိ သည်။ ခပေါင်းချောင်းကိုသာ မှီခိုရ၍ အသွားအလာ မသာယာ သည့်အပြင် ပေါင်းလောင်းမြစ်(စစ်တောင်းမြစ်)နှင့်လည်း အလှမ်းကွာဝေးနေသောကြောင့် မြို့တော်အသစ် တည် ဆောက်ရန် မြေနေရာ ရှာဖွေခဲ့သည်။ ခပေါင်းချောင်းကို ဆန်တက်သောအခါ ပုတ်ပဲချောင်းနှင့် သွားရောက်ပေါင်းနေ သည့် မြစ်ဆုံမြစ်ခွတစ်ခုရှိသည်။ ပုတ်ပဲချောင်း၏အနီးတွင် သာယာပြန့်ပြူးကာ မြေပြင်ညီညာသည့် နေရာသစ်တစ်ခု မြင်တွေ့ ခဲ့သည်။ ထိုနေရာ၌ မင်းကြီးညိုသည် ယာယီ စံနန်းတော်တည်ဆောက်ခဲ့ပြီး ''မြဝတီ'' ဟု သမုတ်ကာ၊ မိဖုရား၊ မှူးကြီးမတ်ရာ ၊ စစ်သည်တော်၊ ပြည်သူများနှင့်အတူ အိမ်ဖြူတော်ဆောက်လုပ်၍ စံတော်မူသည်။ မူလ တောင်ငူကြီး ရှိ ဦးရီးတော်စံမြန်းခဲ့သော နန်းတော်ရွာတွင် စည်းခုံကြီးစေတီ တည်တော်မူခဲ့သည်။
ထို့နောက် မင်းကြီးညိုသည် မြဝတီနန်းမြို့၌ စိုးစံနေဆဲ သက္ကရာဇ် ၈၅ဝ ပြည့်နှစ်တွင် တောင်ငူမြို့လယ်၌ ကောင်းမှု တော် စည်းခုံကြီးစေတီကို ထီးတော်တင်လှူတော်မူခဲ့သည်။ မင်းကြီးညိုသည် တောင်ငူကြီးနှင့် မြဝတီနန်းတွင် ငါးနှစ် တိုင်တိုင် အေးချမ်းစွာ စိုးစံတော်မူပြီးနောက် မြဝတီမြို့ထက် ပိုမိုကျယ်ဝန်းသော ''ဒွါရာဝတီ'' မြို့တော်ကို ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ်တို့ ဆုံရာနေရာတွင် သက္ကရာဇ် ၈၅၃ ခုနှစ် နတ်တော်လဆန်း ၁၂ ရက်သောကြာနေ့၌ တည်တော်မူသည်။ ယင်းဒွါရာဝတီမြို့တော်တွင် ထီးနန်းစိုးစံတော်မူစဉ် မင်းကြီးညို ၏ ဘုန်းရိပ်ကို ခိုလှုံလာကြသူများတစ်နေ့တခြား ပေါများလာ ခဲ့သည်။ ထိုသို့ ခိုလှုံလာကြသူများတွင် အင်းဝမှ ခိုလှုံလာကြ သော ရှင်ထွေးနာရသိန်၊ ပင်းတလဲစားမင်းတရား၊ ကျွန်သီးမှူး၊ ရွှေလေးမှူးနှင့် ရဲမြတ်သူတို့ ပါဝင်လာခဲ့ရာ ထိုသူတို့ကို မင်းကြီးညိုသည် ရာဇဓမ္မသင်္ဂဟနှင့်အညီ ချီးကျူးကြိုဆို၍ ကောင်းစွာလက်ခံတော်မူခဲ့သည်။ ယင်းဒွါရာဝတီမြို့တော်၌ မင်းကြီးညိုသည် နှစ်ပေါင်း ၂ဝ ခန့် စံမြန်းတော်မူခဲ့သည်။
မင်းကြီးညိုသည် သက္ကရာဇ် ၈၇၂ ခုနှစ် တန်ဆောင်မုန်းလ ပြည့် အဂ¯နေ့ နံနက် ၂ ချက်တီးအချိန်တွင် သီဟိုဠ်ဆရာတော် နှင့် တောင်ညိုပဉ္စင်းပျိုကျက်ဖတိုင်ဆရာတော်တို့၏ မိန့်ကြား မှုများဖြင့် ကေတုမတီမြို့သစ်ကို တည်တော်မူခဲ့သည်။ ''ကေတု မတီ'' ဆိုသည်မှာ ဇမ္ဗူဒီပါကျွန်း၏ တံခွန်မှန်ကင်းဟု အဓိပ္ပာယ် ရရှိသည်။
စနစ်ကျသော ကေတုမတီမြို့
ရှေးမြန်မာမင်းများသည် မြို့တော်များတည်ရာတွင် ကျမ်းဂန်လာအတိုင်း မြို့တော်အဂ¯ ခုနစ်ပါးနှင့်အညီ တည်လေ့ ရှိသည်။ မြို့တော်အဂ¯ခုနစ်ပါးဆိုသည်မှာ (၁) မြို့တံခါးများကောင်းမွန်ခိုင်ခံ့ခြင်း၊ (၂) ကျုံးမြောင်းတို့ကို တည်ဆောက် ခြင်း၊ (၃) သူရဲခို သူရဲပြေးတို့ ကောင်းမွန်ရခြင်း၊ (၄) လက်နက် ခဲယမ်းပြည့်စုံခြင်း၊ (၅) ရဲမက်ဗိုလ်ပါများပြားခြင်း၊ (၆) တံခါး စောင့်ကင်းတပ်လိမ္မာရေးခြားရှိခြင်းနှင့် (၇) မြို့တံတိုင်းခိုင်လုံ ခြင်းတို့ဖြစ်သည်။ မင်းကြီးညို တည်ထောင်ခဲ့သော ကေတုမတီ (တောင်ငူ)မြို့သည် လေးထောင့်စတုဂံပုံဖြစ်သည်။ မြို့ရိုးသည် အရှေ့အနောက် တာ ၇ဝဝ၊ တောင်နှင့်မြောက် တာပေါင်း ၅ဝဝ၊ မြို့အဝင်းတာပေါင်း ၂၄ဝဝ ရှိသည်။ မြို့ရိုးတစ်မျက်နှာလျှင် တံခါး ငါးပေါက်စီဖောက်ထားပြီး မြို့ရိုးလေးမျက်နှာ တံခါးပေါက် ပေါင်း ၂ဝ ရှိသည်။ တံခါးပေါက်တစ်ခု တစ်ခု၌လည်း သိမ် တစ်လုံးစီ ဆောက်လုပ်ခဲ့သဖြင့် တံခါးပေါက် ၂ဝ၊ သိမ် ၂ဝ ရှိသည်။
မြို့တံခါး ၂ဝ နှင့် သိမ် ၂ဝ တို့မှာ ''မြောက်ဘက်မြို့ရိုး'' ၌ (၁) မြဝတီတံခါးနှင့် စကားသိမ်၊ (၂) သရပါတံခါးနှင့် ဂူကြီးသိမ်၊ (၃) မော်ကွန်းတံခါးနှင့် ကျောက်တော်ကြီးသိမ်၊(၄) ရန်အောင် မြင်တံခါးနှင့် ယင်းတော်သိမ်၊ (၅) ကြက်မျှားတံခါးနှင့် ခွေးရဲသိမ်။ ''အရှေ့ဘက်မြို့ရိုး''၌ (၁) မာန်အောင်တံခါးနှင့် ကျွန်းဦးသိမ်၊ (၂)ပန်းချီတံခါးနှင့် စစ်ကဲကျောင်းသိမ်၊ (၃) အောင်နန်းတံခါး (နန်းတက်တံခါး)နှင့် ပြာသာဒ်သိမ်၊ (၄)တကောင်းတံခါးနှင့် ဆင်ဖြူရှင်သိမ်၊ (၅) ကျောက်ရင်တံခါးနှင့် ဂါမဏိသိမ်၊ ''တောင် ဘက်မြို့ရိုး'' ၌ (၁)ပုန်းညက်တံခါးနှင့် မဟာပြက္ခမသိမ်၊ (၂) ကုလားတံခါး(ကုလားပါတံခါး)နှင့် သိမ်တော်လှသိမ်၊ (၃) ကြေးမှုံတံခါး(ကြာမှုံတံခါး)နှင့် ဒိုင်းပွဲသိမ်၊ (၄)လင်းသက်တံခါး နှင့် စုက္ကတေးသိမ်၊ (၅)ကြေးနီတံခါးနှင့် ရွှေကြက်ယက်သိမ်၊ ''အ နောက်ဘက်မြို့ရိုး'' ၌ (၁) သက်ရင်းတံခါး(သစ်ရင်း)နှင့် ကန်ဦး သိမ်၊ (၂) ပေါရိဿတ်တံခါးနှင့် ဝါဆိုကုန်းသိမ်၊ (၃) စင်တံခါးနှင့် ကာမသိမ်၊ (၄) စစ်ရင်တံခါးနှင့် ပန်းကြင်ရုံသိမ်၊ (၅) ကလေး တံခါးနှင့် ကြက်မျှားသိမ်စသည်တို့ဖြစ်သည်။
ယင်းတံခါး ၂ဝ ရှိသည့်အနက် (၁) အရှေ့ဘက် အောင် နန်းတံခါး(နန်းတက်တံခါး)၊ (၂) အရှေ့ဘက်ပန်းချီတံခါး၊ (၃) အနောက်ဘက်ပေါရိဿတ်တံခါး ၊(၄) အနောက်ဘက်စင်တံခါး နှင့် (၅) မြောက်ဘက်ရန်အောင်မြင်တံခါးတို့ကို ယနေ့ထက်တိုင် တွေ့မြင်နိုင်သည်။ မင်းကြီးညို တည်ထောင်ခဲ့သော မြို့ရိုး ပတ်လည်၌ ကျုံးပတ်လည်ရှိသည်။ မြို့ရိုးသည် မြေပြင်မှ ၁၂ တောင်မြင့်ပြီး မြေဝင်လေးတောင်ရှိကြောင်း သမိုင်းမှတ်တမ်းများ အရ သိရှိရသည်။ မျက်မှောက်ခေတ် အတိုင်းအတာအရ မြို့ရိုး အမြင့်သည် ၁၇ ပေ ရှစ်လက်မနှင့်မြေဝင် ၇ပေ ဖြစ်သည်။ မြို့ရိုး ထိပ်သည် ခုနစ်တောင်(၁ဝ ဒသမ ၄ ပေ) အကျယ်ရှိသည်။ မြို့ရပ် မြို့ရိုးအပြင်ဘက် အမြင့်မှာ ၁၆ တောင်(၂၃ ဒသမ ၅ ပေ) ရှိသည်။မြို့ရိုးတည်ရာ၌ အုတ်ချပ်ရေပေါင်း ၃၈၇ဝ၇၂ဝဝ နှင့် သရွတ်အိုးပေါင်း ၁ဝ၆၈ဝဝဝ အသုံးပြုခဲ့ကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။ ကေတုမတီမြို့တော်တွင် ရွှံ့ နွံ ကျုံးနှင့် ရေကျုံးတို့ဖြင့် ဝန်းရံထားသည်။ မြို့ထောင့်များ၌ မြို့ထောင့်စေတီများ တည်ရှိသည်။ အရှေ့မြောက်ထောင့်တွင် မာန်အောင်ဘုရား (အောင်သိဒ္ဓိဘုရား)၊ အရှေ့တောင်ထောင့် တွင် သာရမဉ္ဇူဘုရား၊ အနောက်တောင်ထောင့်တွင် မြသိန်းတန် ဘုရား၊ အနောက်မြောက်ထောင့်တွင် မဉ္ဇူသာရဘုရားများ တည် ခဲ့သည်။ ယင်းဘုရားများအနက် အရှေ့တောင်ထောင့်ရှိ သာရမ္တွူ ဘုရားမှလွဲ၍ ကျန်စေတီသုံးဆူကို ယနေ့ထက်တိုင် မြင်တွေ့နိုင် သည်။
မင်းကြီးညိုသည် ကေတုမတီမြို့တည်ပြီးနောက် မင်းတို့၏လုပ်ရိုးလုပ်စဉ်ဖြစ်သည့် နန်းသိမ်းပွဲ၊ ဘိသိက်တော် အခမ်းအနား နှင့် မြို့တည်အောင်ပွဲများကို လုပ်ဆောင်တော်မူခဲ့သည်။ ထို့နောက် မင်းကြီးညိုသည် ရာဇာဘိသေက အခမ်းအနားကို ကျင်းပ၍ '' မဟာသီရိဇေယျသူရ ဓမ္မရာဇာဓိပတိ '' ဟူသော ဘွဲ့ကို ခံယူခဲ့သည်။
မင်းကြီးညိုသည် ကေတုမတီမြို့ တည်နန်းတည်ရာ၌ အလွန် စနစ်တကျ လုပ်ဆောင်ခဲ့သည်။ မြို့တော်အတွင်း အရှေ့-အနောက်- တောင်မြောက်လမ်းမကြီး ငါးသွယ်နှင့် လေးကျွန်း ကန်တော်ခေါ် ကြာအင်းကြီးကို ထည့်သွင်းထားခဲ့သည်။ လေးကျွန်းကန်တော်အတွင်း စံပယ်ကျွန်း၊ ငှက်ပျောကျွန်း၊ အုန်းကျွန်း၊ လိမ္မော်ကျွန်းများတည်ရှိပြီး ကြာအင်းကြီးဆိုသည်မှာ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ်နှင့် ပဒုမ္မာကြာ စသော ကြာမျိုးငါးသွယ် တည်ရှိနေခြင်းပင်ဖြစ်သည်။ ကျုံးထိပ်လမ်းမအပြင်ဘက်တွင်တည်သော သိမ်ကိုင်း၌ မော်ကွန်းကျောက် စာတိုင်နှင့် ချည်ထားတော်မူခဲ့သည်။ မင်းကြီးညိုတည်ထောင် ခဲ့သော ကေတုမတီ (တောင်ငူ) မြို့၏ ပုံသ္ဌာန်မှာ လေးထောင့် စတုဂံပုံဖြစ်သည်။
မင်းကြီးညို တည်ထားသော ကေတုမတီမြို့သည် မြောက် အရပ်၌ဆွာချောင်း၊ အရှေ့အရပ်၌ ပေါင်းလောင်းမြစ် (စစ်တောင်းမြစ်) နှင့် မြတ်စောညီနောင် တောင်တန်း၊ တောင် အရပ်၌ခပေါင်းချောင်း၊ အနောက်အရပ်၌ မင်းဝံတောင်တန်း ကြီးတို့ဖြင့် ဝန်းရံလျက်ရှိရာ ယင်းတို့သည်ရန်သူစစ်သည်များကို ခုခံတားဆီးနိုင်သော သဘာဝတံတိုင်းကြီးဟု ဆိုရမည်ဖြစ်သည်။
မင်းကြီးညိုနှင့် ဗုဒ္ဓသာသနာ
မင်းကြီးညိုသည် ကေတုမတီမြို့သစ် တည်ထောင်ရာ၌ ရဟန်းပညာရှိ၊ လူပညာရှိတို့နှင့် မပြတ်တိုင်ပင်ဆွေးနွေးတော်မူခဲ့ သည်။ မင်းဆရာတော်ကြီးများဖြစ်ကြသော သီဟိုဋ္ဌ်ဆရာတော် တန်ဆောင်းလေးဆောင်၊ မြို့လယ်နန်းတော်ရှေ့၌ တန်ဆောင်း တစ်ဆောင်၊ ပေါင်း ငါးဆောင် တည်ဆောက်စေပြီးလျှင် ရဟန်း သံဃာတော်များနှင့်တကွ အမျိုးလေးပါးတို့ကို ခမည်းတော်မဟာ သင်္ခယာ ကိုယ်တိုင်ကြပ်မတ်၍ရဟန်းပရိက္ခရာ ရှစ်ပါးနှင့် အဝတ်၊ ပုဆိုး၊ ငွေကြေး၊ စပါးတို့ကို လှူဒါန်းပေးကမ်း စွန့်ကြဲကြရသည်။ မင်းကြီးညိုသည် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် အညီ ဒါနမှုကို ပြုလုပ်အားပေးတော်မူခဲ့ခြင်းပင် ဖြစ်သည်။
မင်းကြီးညိုသည် မဟာသီရိဇေယျသူရ ဓမ္မရာဇာဓိပတိ ဘွဲ့ခံယူပြီးနောက် မြို့တော်လေးမျက်နှာတွင် အဝတ်၊ ပုဆိုး၊ ငွေကြေး၊ ဆန်မပြတ်စွန့်ကြဲသည်။ ပ္ဏုားတို့ကိုလည်း ငွေ၊ ပုဆိုး လှူဒါန်းသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသော ၃၈ ဖြာမင်္ဂလာတရားတော်နှင့် ညီညွတ်ခဲ့သည်။ ထို့အပြင် မင်းကြီးညိုသည် ရွှေနန်းတော်ဝင် စက်တင်အခမ်းအနား ကျင်းပရာ၌ မြို့အရှေ့မျက်နှာ အလယ်လောကုတ္တရာဆရာတော် တောင်ညိုပဉင်းကျက်ဖတိုင် မွန်ဆရာတော်တို့ထံမှ အကြံÓဏ် ချီးမြှင့်တော်မူခြင်းကိုလည်း ခံယူတော်မူသည်။
မင်းကြီးညိုသည် ဘုန်းသ္ဘာ၊ လက်ရုံးရည်၊ နှလုံးရည်၊ နိုင်ငံမြို့ ရွာစီမံအုပ်ချုပ်ရေးနှင့် စစ်ရေးစစ်ရာ စစ်သေနင်္ဂဗျူဟာ တို့တွင် သူမတူအောင် ကျွမ်းကျင်ထက်မြက်တော်မူသော ကြောင့် ကေတုမတီတိုင်းပြည်အင်အား တောင့်တင်းခိုင်မာ ခဲ့သည်။ ကေတုမတီ (တောင်ငူ)ကိုတည်ခဲ့သူ မဟာသီရိဇေယျ သူရမင်းကြီးညိုသည် သက္ကရာဇ် ၈၉၂ ခုနှစ် နတ်တော်လဆန်း ၅ ရက် ကြာသပတေးနေ့ ညဥ့်သူငယ်အိပ်စက်ချိန် အိမ်နိမ့်စံ ၂၆ နှစ်၊ မင်းစည်းစိမ်နန်းစံသက်တမ်း ၄၆ နှစ်၊ သက်တော် ၇၂ နှစ်တွင် နတ်ရွာစံတော်မူခဲ့သည်။
က္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဆီသို့
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝ အမွေအနှစ်များ ကြွယ်ဝသော နိုင်ငံဖြစ်၍ မြို့ပြယဉ်ကျေးမှု များဖြစ်သည့် ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာ မြို့ဟောင်းသုံးမြို့ကို က္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် စာရင်းဝင်ဒေသများ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက် ခဲ့ပြီး ဖြစ်သည်။ ယခုကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် (၅ဝ၈) နှစ်ရှိပြီဖြစ်သည့် ကေတုမတီ (တောင်ငူ) သည် က္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရန် ယူနက်စကို (့နြှဃဥ)အဖွဲ့ကြီးက က္ဘာ့အမွေအနှစ်စာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ရန် သတ်မှတ်ထားသော စံနှုန်း ခြောက်ချက်နှင့် ပြည့်စုံသည့် အနေအထား၌ ရှိနေပါသည်။ ယင်းစံနှုန်း ခြောက်ချက်မှာ- စံနှုန်း(၁)သည် လူသားများ ¤င်းတို့၏ ယဉ်ကျေးမှုသမိုင်းတစ်လျှောက်တွင် ဖန်တီးပြုလုပ် ထားသည့် တုနှိုင်းမရသော၊ စံပြုလောက်သော၊ ဂ္ထဝင်တွင် ပြောင်မြောက်လှသည့် လက်ရာများဖြစ်သည်။ စံနှုန်း (၂)သည် လူသားများ၏ တန်ဖိုးကိုပြောင်းလဲစေသော အရေးပါ မှု၊ အချိန်ကာလတစ်ခုအတွင်း (သို့မဟုတ်)ယဉ်ကျေးမှုဒေသ တစ်ခုအတွင်း ဗိသုကာလက်ရာ (သို့မဟုတ်) နည်းပညာ၊ အဆောက်အအုံအနုပညာ(သို့မဟုတ်) မြို့တည်ဖွဲ့မှုနှင့် သဘာဝ ရေမြေပုံစံများ၊ တိုးတက်ပြောင်းလဲလာမှုဖြစ်သည်။ စံနှုန်း (၃) သည် တည်ရှိနေဆဲဖြစ်သော (သို့မဟုတ်) ကွယ် ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ (သို့မဟုတ်) မြို့ပြ ယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု (သို့မဟုတ်) ပြယုဂ်တစ်ခု အနေဖြင့် ကျန်ရှိနေမှုဖြစ်သည်။ စံနှုန်း (၄)သည် လူ့သမိုင်း သိသာထင်ရှားသောအဆင့် တစ်ခု (သို့မဟုတ်) ထိုထက်ပို၍ ဖော်ပြပေးသော သိသာထင်ရှားသော ပုံစံများဖြစ်သည့် အဆောက်အအုံတစ်ခု(သို့မဟုတ်) ရေမြေဒေသများဖြစ်သည်။ စံနှုန်း (၅)သည် လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင် သော ပြောင်းလဲဖြစ်ပျက်နေသည့် သဘာဝတရားအရဖြစ်ပေါ် လာသော ယဉ်ကျေးမှုနှင့် လူသားများ၏ တုံ့ပြန်မှုများဖြစ်သည့်အစဉ်အလာအတိုင်း အခြေချနေထိုင်ခဲ့မှု၊ မြေယာနှင့် ပင်လယ်များကို အသုံးချခဲ့မှုဖြစ်သည်။ စံနှုန်း (၆) သည် လူသားအားလုံး အသိအမှတ်ပြု လက်ခံနိုင်သောအခါ အရေး ပါ ထင်ရှားမှုများတွင် အဖြစ်အပျက် (သို့မဟုတ်) ရှင်သန်နေ ဆဲ ထုံးဓလေ့များဖြင့်ဖြစ်စေ၊ အတွေးအခေါ်များဖြင့် ဖြစ်စေ၊ ယုံကြည်မှုများဖြင့်ဖြစ်စေ၊ အနုပညာပိုင်းဆိုင်ရာဖြင့်ဖြစ်စေ၊ စာပေလက်ရာများဖြင့် ဖြစ်စေ တိုက်ရိုက် (သို့မဟုတ်) သိသာ ထင်ရှားစွာ ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ ဖြစ်သည်- စသည် တို့ ပင်ဖြစ်သည်။
ထို့ကြောင့် ကေတုမတီ(တောင်ငူ) မြို့တည်နန်းတည် (၅ဝ၈) နှစ်ပြည့်ကာလမှသည် ကေတုမတီ (တောင်ငူ) ဒေသ အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။
တက္ကသိုလ် ပွင့်သူအောင်
No comments:
Post a Comment