ရန်ကုန် ဒီဇင်ဘာ ၆
ပြီးခဲ့သည့်ဧပြီလအတွင်း ဧရာဝတီတိုင်းဒေသကြီး၏ အဓိကတံတားတစ်စင်းဖြစ်သော မြောင်းမြ ကြိုးတံတား ပြတ်ကျသွားပြီးနောက် တိုင်းဒေသကြီး အတွင်း တံတားလေးစင်းကို ပြုပြင်သွားမည်ဖြစ်ရာ တံတားများ ပြုပြင်နေချိန် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ဇက်ရေယာဉ်များဖြင့် ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံး၌ နိုဝင်ဘာ ၉ ရက်က လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် လမ်းဦးစီး၊ တံတားဦးစီးနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူများ တွေ့ဆုံကာ မြစ်ကူးတံတားလေးစင်းဖြစ်သည့် လပွတ္တာတံတား (ပင်လယ်လေး)၊ ဝါးခယ်မတံတား၊ ရွှေလောင်း တံတားနှင့် ကျွန်းကုန်းတံတားတို့ကို ကြိုးတံတားမှ သံမဏိသံပေါင်တံတားအဖြစ် တစ်ပြိုင်တည်း ပြုပြင်တည်ဆောက်တော့မည်ဖြစ်၍ တံတားများ တည်ဆောက်နေချိန် ပြည်တွင်းရေကြောင်းပို့ဆောင် ရေးမှ ဇက်ရေယာဉ်များဖြင့် ကမ်းနှစ်ဖက် အပြန် အလှန်ပြေးဆွဲပေးနိုင်ရေး အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
''ကျွန်တော်တို့ ဌာနအနေနဲ့ ဌာနပိုင် ဇက်ရေယာဉ် ၂၈ စင်းရှိပါတယ်။ ဒီထဲကနေပြီးတော့ သွားလာမှုများပြားတဲ့ လပွတ္တာတံတားနဲ့ ဝါးခယ်မ တံတားတွေကိုတော့ ဇက်ရေယာဉ်အကြီးစားတွေနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ရွှေလောင်းတံတား ကိုတော့ ဇက်ရေယာဉ်အလတ်စားနဲ့ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ကျွန်းကုန်းတံတားကတော့ အသစ် တည်ဆောက်ပေးမှာဖြစ်လို့ လက်ရှိတံတားကို ဆက်လက်အသုံးပြုပြီး ဇက်ရေယာဉ် အသုံးပြုစရာ မလိုပါဘူး။ တံတားသုံးစင်းအတွက်ပဲ ဇက်ရေယာဉ် တွေ တံတားတစ်စင်းကို တစ်စင်းနှုန်း ပြေးဆွဲပေးမှာ ဖြစ်လို့ ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ တံတားများ တည်ဆောက်ရေး စတင်ဆောင်ရွက်နေပြီဖြစ်လို့ ဒီဇင်ဘာလလယ်လောက်မှာ ဇက်ရေယာဉ်တွေ စတင်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်''ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ ဒုတိယအထွေထွေ မန်နေဂျာ ဦးဝင်းကိုအောင်က ပြောသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် မြောင်းမြကြိုးတံတား ပြုပြင်နေစဉ်ကာလအတွင်း ဇက်ရေယာဉ်ကူးခများကို နိုင်ငံတော်၏ အထူးအစီ အစဉ်တစ်ရပ်အရ အခမဲ့ဆောင်ရွက်ပေးခဲ့သော် လည်း ယခုတံတားသုံးစင်းတွင် ဇက်ရေယာဉ် ကူးခများကို ကျပ် ၅ဝဝ မှအစပြု၍ ယာဉ်အမျိုး အစားကိုလိုက်ပြီး ကျပ် ၁ဝဝဝဝ အထိ ကောက်ခံ သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံရခြင်းမှာ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ¤င်းတံတားသုံးစင်း၌ ဇက်ရေယာဉ်များ အခမဲ့ပြေးဆွဲရန် ဘဏ္ဍာငွေ တင်ပြတောင်းခံထားခြင်းမရှိ၍ဖြစ်ကြောင်း သိရ သည်။
အဆိုပါတံတားလေးစင်းကို တစ်ပြိုင်တည်း တည်ဆောက်သွားမည်ဖြစ်ရာ တစ်နှစ်အတွင်း အပြီး တည်ဆောက်သွားရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြင့်မောင်စိုး(မြန်မာ့အလင်း)
No comments:
Post a Comment