Latest News

Thursday, October 4, 2018

ပုသိမ်မြို့ အမှတ်(၉၅၅)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဝန်းအတွင်း သမီးယောက်ဖ၂ဦးစကားများရာကဓါးခုတ်မှုဖြစ်းပွားကာ တစ်ဦးသေဆုံးခဲ့ကြောင်းသိရ

ပုသိမ်မြို့ အမှတ်(၉၅၅)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဝန်းအတွင်း သမီးယောက်ဖ၂ဦးစကားများရာကဓါးခုတ်မှုဖြစ်းပွားကာ တစ်ဦးသေဆုံးခဲ့ကြောင်းသိရ


အောက်တိုဘာလ ၄၊၂၀၁၈

          ပုသိမ်မြို့အမှတ် ၉၅၅ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဝန်းအတွင်း အုတ်ဖိုမှာ နေအိမ်အတွင်းထမင်းစားနေရာမှ သမီးယောက်ဖ၂ ဦးစကားများပြီးဓါးနဲ့ခုတ်မှုဖြစ်ပွားခဲ့ရာ အခုတ်ခံရသူမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။
          အောက်တိုဘာလ ၃ ရက်ညဆယ်နာရီအချိန်ခန့်တွင် တပ်ဝန်းအတွင်းရှိအုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်ရာနေအိမ်တွင် ဇနီးဖြစ်သူမသန္ဒာအောင်  ၃၆နှစ်သည် ခင်ပွန်းဖြစ်သူဦးဌေးဦး အသက်၄၂နှစ် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူနှင့် မောင်အရင်းတော်စပ်သူဇော်မျိုးထွေး ၂၂ နှစ်တို့သုံးဦးထမင်းထိုင်စားခဲ့ကြပြီး မသန္ဒာအောင်မှာ ထမင်းစားပြီး၍ အုတ်လှမ်းသည့်ကွင်းနှင့်ခြားလျှက်ရှိသော တစ်ဘက်အိမ်မှ ဦးဌေးဦး၏ညီမနေအိမ်သို့ စကားသွားပြောရာ နေအိမ်တွင် ခင်ပွန်းဖြစ်သူဦးဌေးဦးနှင့်မောင်ဖြစ်သူ ဇော်မျိုးထွေးတို့ကျန်နေခဲ့ကြောင်းသိရသည်။
             မသန္တာအောင်မှာ ဦးဌေးဦးရဲ့ညီမဖြစ်သူမိလှဌေး၏နေအိမ်တွင် စကားပြောနေရာမှ ၁၀မိနစ်ခန့်အကြာတွင် ဦးဌေးဦးတို့ကျန်နေခဲ့သည့် နေအိမ်မှ ထုရိုက်သံကြားသဖြင့်သွားကြည့်ရာ ခင်ပွန်းဖြစ်သူဦးဌေးဦးမှာ လည်ပင်းပြတ်ဒဏ်ရာ၊လည်ဂုတ်ပြတ်ရှဒဏ်ရာ၊လက်မောင်း၊ချက်နဲ့ပုခုံးတို့တွင်ပြတ်ရှဒဏ်ရာများနဲ့မှောက်လျှက်သေဆုံးနေပြီး မောင်ဖြစ်သူဇော်မျိုးထွေးမှာ သေဆုံးသူဘေးတွင်ထိုင်လျှက်တွေ့ရကြောင်းသိရှိရသည်။

          ခုလိုသေဆုံးမှုနဲ့ပက်သက်လို့ မသန္တာအောင်မှ ခင်ပွန်းဖြစ်သူဦးဌေးဦးကို ဓါးနဲ့ခုတ်တဲ့မောင်ဖြစ်သူဇော်မျိုးထွေးကို ဥပဒေအရအရေးယူပေးဖို့ တရားလိုပြုလုပ်တိုင်တန်းချက်အရ ပုသိမ်မြို့မရဲစခန်းမှာ (ပ)၅၃၆/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

Really Times
photo : aung htet paing

No comments:

Post a Comment