Latest News

Thursday, October 4, 2018

သာပေါင်းမြို့နယ်အတွင်း သတင်းအရ ဆင်သတ်မုဆိုးများအားလိုက်လံရှာဖွေစဉ် တောရိုင်းဆင်တစ်ကောင် အရေခွံများခွာခံရပြီး ပုပ်ပွသေဆုံးလျှက်တွေ့ရှိ

သာပေါင်းမြို့နယ်အတွင်း သတင်းအရ ဆင်သတ်မုဆိုးများအားလိုက်လံရှာဖွေစဉ် တောရိုင်းဆင်တစ်ကောင် အရေခွံများခွာခံရပြီး ပုပ်ပွသေဆုံးလျှက်တွေ့ရှိ

အောက်တိုဘာလ ၄၊၂၀၁၈

        ဧရာဝတီတိုင်းဒေသကြီးသာပေါင်းမြို့နယ်အပိုင်ကြိမ်တလီသစ်တောကြိုးဝိုင်းအတွင်း တောရိုင်းဆင်တစ်ကောင် ဆင်သတ်မုဆိုးတို့၏လက်ချက်ဖြင့်သေဆုံးနေကြောင်းတွေ့ရှိရသည်။

          သာပေါင်းမြို့နယ် မရန်းချိုကျေးရွာမှ ၁၅ မိုင်ခန့်အကွာ ကြိမ်တလီကြိုးဝိုင်းအကွက်အမှတ်
၂၂၅၊မီးလောင်ချောင်းအနီး ဝါးခုတ်လုပ်သားများက ဆင်သတ်မုဆိုးများအာူတုမီျးသနတ်များနှင့်တွေ့လိုက်ရကြောင်း သတင်းပေးချက်အရ အောက်တိုဘာလ ၄ ရက်မနက်မှာ သာပေါင်းမြို့နယ် သစ်လုပ်ငန်းအဖွဲ့နဲ့ပူးပေါင်းအဖွဲ့မှ လိုက်လံရှာဖွေရာမှ တောဆင်ရိုင်းတစ်ကောင် အရေခွံများအခွာခံထားရပြီး ပုပ်ပွသေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း မရန်းချိုကျေးရွာအုပ်ချပ်ရေးမှူး ဦးဇော်ဝင်းက အကုန်သိသတင်းဌာနကိုပြောဆိုပါတယ်။

          "ဆင်သေတွေ့တာတော့ဟုတ်ပါတယ်။တောထဲဝါးခုတ်သွားတဲ့သူတွေ တွေ့လိုသတင်းပေးတော့ ပူးပေါင်းအဖွဲ့တွေသွားရှာတာ ဆင်သေတစ်ကောင်အရေခွံတွေခွာပြီးယူထားတာတွေ့တယ်။ဘေးမှာလည်းအရေခွံအစအနနဲ့ ကျပ်တိုက်စင်တွေ့တယ်။သေတာကတော့ ၃ ရက်လောက်ရှိပြီလို့ခန့်မှန်းရတယ်"လို့မရန်းချိုအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကပြောပါတယ်။

           လက်ရှိမှာ သေဆုံးနေတဲ့ ဆင်သေကောင်နဲ့ ကျပ်စင်ကို တာဝန်ရှိသူတွေက မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရပါတယ်။

really times
photo : Crd

No comments:

Post a Comment