Latest News

Thursday, October 4, 2018

ဆိုးသွမ်းသူတစ်ချို့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့၊ဖိအားတွေ ရှိနေတာကြောင့် ပုသိမ်မြို့နယ်စည်ပင်ကော်မတီဝင် ၃ဦးတာဝန်မှနှုတ်ထွက်စာတင်ခြင်းဖြစ်တယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူပြော

ဆိုးသွမ်းသူတစ်ချို့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့၊ဖိအားတွေ ရှိနေတာကြောင့် ပုသိမ်မြို့နယ်စည်ပင်ကော်မတီဝင် ၃ဦးတာဝန်မှနှုတ်ထွက်စာတင်ခြင်းဖြစ်တယ်လို့  အစိုးရအဖွဲ့တာဝန်ရှိသူပြော

အောက်တိုဘာ ၃၊၂၀၁၈

         ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ၅ဦးအနက်အရပ်ဘက်ကော်မတီဝင်တွေဖြစ်တဲ့ ဦးဇော်ထွန်းခိုင်(ဥက္ကဋ္ဌ)အပါအဝင် အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးလှသိန်းနဲ့ဦးသက်နိင်ဇော်တို့ဟာ ပုသိမ်မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းတာဝန်များ ဆက်လက်ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် တာဝန်အဖြစ်မှနှုတ်ထွက်ခွင့်ပြုဖို့ စက်တင်ဘာလ၂၈ ရက်နေ့က အစိုးရအဖွဲ့ထံစာတင်ထားတယ်လို့သိရပါတယ်။       
          နှုတ်ထွက်စာတင်တာနဲ့ပက်သက်လို့ ပုသိမ်မြို့ရဲ့ စည်ပင်သာယာရေးလုပ်ငန်းဖြစ်တဲ့ ကျူးကျော်ရှင်းလင်းရေးတွေလုပ်ဆောင်ရာမှာ စည်းကမ်းမလိုက်နာလိုတဲ့ ဆိုးသွမ်းသူတစ်ချို့ရဲ့ ခြိမ်းခြောက်ဖိအားပေးထိုးနှက်ချက်တွေကြောင့်လို့သိရပြီး ကျူးကျော်နဲ့ပက်သက်လို့တိုင်ကြားသူကလည်း ဥပဒေကိုလက်ကိုင်ထားပြီးတိုင်တာကြောင့် မရှိနွမ်းပါးသူတွေရဲ့ဘဝကိုဒုက္ခပေးသလို အခက်အခဲတွေရှိနေကြောင်းနဲ့ ကော်မတီဝင်တွေရဲ့လစာဟာ အောက်ခြေဝန်ထမ်းတစ်ဦးရဲ့လစာနှုန်းထားသာရှိတဲ့အတွက် နှုတ်ထွက်စာတင်ရခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ဝန်ကြီးနဲ့တွေ့ဆုံစဉ် ကော်မတီဝင်တွေကပြောဆိုခဲ့တယ်လို့ သိရသည်။
        အစိုးရအဖွဲ့အနေနဲ့ စည်ပင်လုပ်ငန်းတွေလုပ်ဆောင်တာနဲ့ကျူးကျော်ဖယ်ရှားရှင်းလင်းမှုတွေလုပ်ဆောင်တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်ကိုလက်ခံပေးဖို့နဲ့ ကိုယ်စားလှယ်တွေရဲ့ လူမှုရေးအရ ငဲ့ညှာမှုတွေ လုပ်ဆောင်ဖို့အကြံပြုချက်တွေကို လက်ခံစဉ်းစားပြီးလုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်း၊တစ်ချို့ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းသွားလို့ရကြောင်းနဲ့ နှုတ်ထွက်စာတင်တာကိုပြန်လည်စဉ်းစားဖို့ တိုက်တွန်းထားတယ်လို့ အစိုးရအဖွဲ့ဝန်ကြီးကပြောဆိုလိုက်တာပါ။
            ခုလို နှုတ်ထွက်စာတင်ထားတာနဲ့ပက်သက်လို့ အစိုးရအဖွဲ့က နှုတ်ထွက်ခွင့်ပြုမယ်ဆိုရင်တော့ မီဒီယာတွေကိုသေချာချပြရှင်းလင်းပွဲလုပ်သွားမှာပါလို့ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးသက်နိင်ဇော်က ပြောပါတယ်။
          ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီကိုပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နိုဝင်ဘာလ၂၀ရက်နေ့မှာ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှာ မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး အရပ်ဘက်ကော်မတီဝင်အနေနဲ့ဦးဇော်ထွန်းခိုင်က ဥက္ကဋ္ဌ၊ဦးသက်နိင်ဇော်အဖွဲ့ဝွဲ့ဝင်နဲ့ဦးလှသိန်းအဖွဲ့ဝင်နဲ့ဌာနဆိုင်ရာဝန်ထမ်း၂ဦးအပါအဝင် ၅ဦးကို ကော်မတီဝင်များအဖြစ် ရွေးချယ်ခန့်ထားခဲ့တာဖြစ်ပါတယ်

သတင်း၊ဓါတ်ပုံ(Really Times)

No comments:

Post a Comment