Latest News

Saturday, October 13, 2018

မလေးရှားအစိုးရ သေဒဏ်ဥပဒေကို ဖျက်သိမ်းတော့မည်

မလေးရှားအစိုးရ သေဒဏ်ဥပဒေကို ဖျက်သိမ်းတော့မည်


ကွာလာလမ်ပူ  အောက်တိုဘာ  ၁၂ 

မလေးရှားနိုင်ငံတွင် ပြဋ္ဌာန်းခဲ့သည့် သေဒဏ်နှင့် သဘောထား ကွဲလွဲသူများကို အရေးယူသည့်နေရာတွင် အသုံးပြုခဲ့သောကိုလိုနီ ခေတ်ဟောင်းဥပဒေတို့ကို   ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း  အစိုးရအရာရှိများက မကြာသေးမီက ပြောကြားခဲ့သည်။
မလေးရှားအစိုးရအဖွဲ့သည်   မကြာမီအချိန်အတွင်း သေဒဏ်ကို ဖျက်သိမ်းသွားမည်ဖြစ်ပြီး သေဒဏ်ပေးခံထားရ သူများကိုလည်း  ကွပ်မျက်မည့်အစီအစဉ်များကို  ဥပဒေသစ်  မထွက်လာမချင်း  ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း  လွှတ်တော် အမတ်တစ်ဦးဖြစ်သူ Liew Vui Keong က မကြာသေးမီက ပြောခဲ့သည်။

မလေးရှားနိုင်ငံတွင် လက်ရှိသေဒဏ်အပေးခံရသူ ၁၂ဝဝ ရှိကြောင်း သိရသည်။ သေဒဏ်အားလုံးကို ဖျက်သိမ်းသွားတော့ မည်ဖြစ်ကြောင်း မလေးရှားအခြေစိုက်    နယူးစထရိတ်တိုင်းမ် သတင်းစာတွင်လည်း ဖော်ပြထားကြောင်း သိရသည်။
ထို့အပြင် ၁၉၄၈ ခုနှစ်က ဗြိတိသျှအစိုးရ အုပ်ချုပ်စဉ်  ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အကြည်ညိုပျက်စေသည့် ဥပဒေကို လည်း   ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း   မလေးရှား  ဆက်သွယ်ရေးဝန်ကြီး ဂိုဘင်ဆင်းဒီရိုက ပြောခဲ့သည်။

နိုင်ငံတော်     အကြည်ညိုပျက်စေသည့်     ဥပဒေသည် မလေးရှားအစိုးရနှင့် မလေးရှားစော်ဘွား ရှစ်ဦးအပေါ် စော်ကား သည့်  ပြောဆို၊ ရေးသားမှုများကို အရေးယူသည့်နေရာတွင် အသုံးပြု သည့်ဥပဒေဖြစ်ကြောင်း သိရသည်။
ယင်းဥပဒေနှစ်ခုစလုံးကို  တနင်္လာနေ့  လွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

MMAL

No comments:

Post a Comment