အားကောင်းသော ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့်
ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်
နေပြည်တော် အောက်တိုဘာ ၁၂
ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ ကုန်းတွင်း၌ ဖြစ်ပေါ်နေသော အားကောင်းသောကုန်းတွင်းမုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားပြီ ဖြစ်ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက် ၁၈ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရသည်။
အဆိုပါ အားကောင်းသော ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မ္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်သည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်း အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ကိုးပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခြောက်ပေခန့် ရှိနိုင်သည်။
မိုး/ဇလ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment