Latest News

Saturday, October 13, 2018

အာဖရိက၏ အငယ်ဆုံးဘီလျံနာကို တန်ဇန်းနီးယားမြို့တော်တွင် ပြန်ပေးဆွဲ

အာဖရိက၏ အငယ်ဆုံးဘီလျံနာကို
တန်ဇန်းနီးယားမြို့တော်တွင် ပြန်ပေးဆွဲ


ဒါအက်စ်ဆလမ်  အောက်တိုဘာ  ၁၂

အာဖရိက၏ အငယ်ဆုံးဘီလျံနာဟု ခေါ်ဆိုသည့် လူတစ်ဦးကို မျက်နှာဖုံးအုပ် သေနတ်ကိုင်သည့်လူများက တန်ဇန်းနီးယား၏ မြို့တော် ဒါအက်စ်ဆလမ်မြို့တွင် ပြန်ပေးဆွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
အသက် ၄၃ နှစ်ရှိ မိုဟာမက် ဒွီဂျီကို ပုံမှန် နံနက်ခင်းအားကစားလုပ်ရာ ဇိမ်ခံ ဟိုတယ်အားကစားရုံ၏ အပြင်ဘက်တွင် ပြန်ပေးဆွဲခဲ့ခြင်း  ဖြစ်သည်။   အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး သုံးဦးကို ဖမ်းဆီးထားကြောင်းနှင့် ပြန်ပေးဆွဲသမား နှစ်ဦးမှာ နိုင်ငံခြားသားများဖြစ်မည်ဟု ယုံကြည်ကြောင်း ရဲတပ်ဖွဲ့က ထပ်မံပြောကြားခဲ့သည်။

မိုဟာမက် ဒွီဂျီ ပြန်ပေးဆွဲခံရသည့်ကိစ္စကို ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။
မိုဟာမက် ဒွီဂျီ၏ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ  ၁  ဒသမ  ၅  ဘီလီယံ (ပေါင်သန်း  ၉၈ဝ) ရှိကြောင်း  သိရပြီး  တန်ဇန်းနီးယား၏  တစ်ဦးတည်းသော ဘီလျံနာတစ်ဦးဖြစ်ကြောင်း စီးပွားရေးမဂ္ဂဇင်း ဖော့ဘ်စ်တွင် ဖော်ပြထားသည်။

၂ဝ၁၇ ခုနှစ် ဖော်ပြချက်တွင် မိုဟာမက် ဒွီဂျီသည် အာဖရိက၏ အငယ်ဆုံး ဘီလျံနာတစ်ဦးဖြစ်ကြောင်း  သိရသည်။    ထို့အပြင်   အာဖရိက၏အငယ်ဆုံး ဘီလျံနာဖြစ်သူ ဒွီဂျီသည် တန်ဇန်းနီးယား နာမည်ကြီးဘောလုံးအသင်း ဆင်ဘာ အသင်း၏ အရေးပါသည့် ကမကထပြုသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ်က ၄င်းသည် ၄င်းပိုင်ဆိုင်သမျှသော ထက်ဝက်ခန့်ကို လူမှုရေး လုပ်ငန်းများတွင် ကူညီသွားမည်ဖြစ်ကြောင်း ဖော့ဘ်စ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ဒေသအခေါ် မိုဟုဆိုသည့် မိုဟာမက်ဒွီဂျီသည် ၄င်း၏ မိသားစုစီးပွားရေးလုပ်ငန်း များကို အာဖရိကတစ်ခွင်လုံးရှိ စီးပွားရေးများစုပေါင်းထားသည့် ကော်ပိုရေးရှင်းကြီး တစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

၎င်း၏ ကုမ္ပဏီဖြစ်သော အင်မ်အီးတီအယ်လ်သည် အနည်းဆုံး အာဖရိက ပြည်နယ်ခြောက်ခုရှိ ချည်ထည်လုပ်ငန်း၊ ဂျုံလုပ်ငန်း၊ အစားအစာနှင့် အဖျော် ယမကာလုပ်ငန်းနှင့် ဆီလုပ်ငန်းတို့မှ အကျိုးအမြတ် အများအပြားရရှိကြောင်း  သိရသည်။
၎င်း၏ဖခင်နှင့် စကားပြောဆိုပြီးနောက် ၄င်းပြန်ပေးဆွဲခံရခြင်းကို အတည်ပြု ကြောင်း   သဘာဝပတ်ဝန်းကျင်ဝန်ကြီး  ဇန်နဝါရီ  မာကန်ဘာက ပြောခဲ့သည်။ ပြန်ပေးဆွဲသမားများသည်  ¤င်းကိုခေါ်ဆောင်မသွားခင်   မိုးပေါ်သို့  သေနတ် ပစ်ဖောက်ခဲ့ကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

ဒွီဂျီသည် ကျန်းမာရေးလိုက်စားသူတစ်ဦးဖြစ်ပြီး သက်တော်စောင့်များ ထားခြင်းလည်းမရှိသလို ပြန်ပေးဆွဲခံရမည့်နေ့တွင် အားကစားရုံသို့ တစ်ဦးတည်း လာခဲ့ကြောင်း ဒါအက်စ်ဆလမ်ပြည်နယ် ရဲမင်းကြီး ပေါလ်မက်ကွန်ဒါက သတင်း ထောက်များကို ပြောခဲ့သည်။ ပြန်ပေးဆွဲသမားနှစ်ဦးသည် လူဖြူများဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။ သက်ဆိုင်ရာအာဏာပိုင်များသည် ပြန်ပေးဆွဲ သမားများကို အမြန်ဆုံးဖမ်းမိရေး ကြိုးစားလျက်ရှိကြောင်း သိရသည်။

MMAL

No comments:

Post a Comment