Latest News

Thursday, October 4, 2018

ရန်ကုန်အငှားယာဉ်နဲ့ စက်သုံးဆီ

ရန်ကုန်အငှားယာဉ်နဲ့ စက်သုံးဆီ

ရန်ကုန်  - အင်းစိန်လမ်းမကြီးကိုလမ်းဖြတ်ကူးရန် ပြင်ဆင်နေခိုက် လက်ညှိုးတထောင်ထောင်   ဟွန်းသံတတီတီပေးရင်း အနား ကပ်လာသော အငှားယာဉ်တစ်စီးကြောင့် နောက်ဆုတ်ကာ ပလက်ဖောင်းပေါ်  ပြန်တက်လိုက်ရသည်။   ဤအဖြစ်အပျက် သည်ကား   ယခုသီတင်းပတ်၏    ရန်ကုန်စာမျက်နှာထက်   ဆောင်းပါးရေးသားရန် ဖြစ်ပေါ်လာသော အကြောင်းအရာပင် ဖြစ်တော့သည်။
မြို့တော်ရန်ကုန်၏ လမ်းမများထက်တွင် အငှားယာဉ်များ ဥဒဟိုသွားလာနေကြသည်မှာ  နေ့တစ်နေ့၏  ၂၄  နာရီကာလ ပတ်လုံးဖြစ်သည်။ မြို့နယ်အသီးသီးရှိလမ်းမကြီးများ၊ လမ်းသွယ် များ၊ လမ်းငယ်များပါမကျန် အငှားယာဉ်များ သွားလာလျက် ရှိသည်ကို တွေ့မြင်နိုင်ပေသည်။ အငှားယာဉ်များတွင် ဖြစ်ပေါ် လာသော အကြောင်းအကျိုးများကိုလည်း သတင်းစာမျက်နှာ များထက်တွင် မကြာခဏတွေ့ရလေ့ရှိသည်။ မေ့ကျန်ပစ္စည်း ပိုင်ရှင်ထံ ပြန်ပေးသည့် ကောင်းသတင်းများ တွေ့ရသကဲ့သို့ အငှားယာဉ်မောင်းအချို့၏    အန္တရာယ်ပြုတတ်ပုံကိုလည်း မကောင်းသတင်းအဖြစ်  တွေ့ရတတ်သည်။  အငှားယာဉ်ကို တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးအနေဖြင့် လုပ်ကိုင်ကြသူများ ရှိသလို မြို့တော်ရန်ကုန်သို့ရောက်ခိုက် အလွယ်ကူဆုံး အလုပ် တစ်ခုအဖြစ် လုပ်ကိုင်ကြသူများလည်းရှိသည်။
နေ့ဖို့ညစာ တစ်ဝမ်းတစ်ခါးမိသားစုဝမ်းရေးအတွက် ရှာဖွေ လုပ်ကိုင် စားသောက်နေကြသော နှစ်ချို့အငှားယာဉ်မောင်း ကြီးများကိုလည်း  ရန်ကုန်မြို့တော်၏  လမ်းမများထက်ဝယ် တွေ့မြင်နေရဆဲဖြစ်သည်။     အငှားယာဉ်ငှားဟန်ရှိသော လူတစ်ဦး တွေ့လိုက်သည်နှင့် အငှားယာဉ်နှစ်စီး၊ သုံးစီးခန့်က သူထက်ငါ ခရီးသည်ရရှိရေးအတွက် ကြိုးပမ်းကြတော့သည်။ အပြိုင်အဆိုင်ဈေးလျှော့ခြင်း၊ ဈေးညှိနှိုင်းခြင်းတို့ကို လမ်းပိတ် ဆို့သည့်အထိ ဝိုင်းဝန်းဆောင်ရွက်ကြတော့သည်။
စက်သုံးဆီကတက် ယာဉ်မောင်းရတာခက်
ယခုလပိုင်းအတွင်း မြင့်တက်လာသော စက်သုံးဆီဈေးနှင့် အတူ အငှားယာဉ်မောင်းတို့၏ အသံကလည်း ကျယ်ကျယ် လောင်လောင်   ထွက်ပေါ်လာသည်။   အုံနာကြေး  တစ်နေ့ တစ်သောင်း၊ ဆီဖိုးတစ်သောင်းဖြင့် မောင်းနေသော်လည်း  ယခုလပိုင်းအတွင်း ဆီဈေးတက်မှုကြောင့် ငွေကျပ် ၁၃ဝဝဝ-၁၄ဝဝဝ $ဖိုးခန့် ဝယ်ယူဖြည့်တင်းနေရကြောင်း အငှားယာဉ်မောင်း တို့က ပြောကြားသည်။ နံနက် ၆ နာရီမှ ည ၈ နာရီအထိ အငှား ယာဉ်မောင်းအလုပ်ကိုလုပ်ကိုင်နေသည့် ကိုအောင်ကျော်ဦးက ''ခရီးသည်ငှားစီးမှုက အရင်ကထက်စာရင်တော့ တော်တော်ကြီး ကျပ်တည်းလာတယ်။ သိမ်ကြီးဈေးကို နှစ်ပတ်သုံးပတ်လောက် ပတ်လိုက်ရင် အရင်က ၁၅ဝဝ၊ ၂ဝဝဝ လောက် ကိုင်ရတယ်။ အခု လေးငါးခြောက်ပတ်ပတ်လို့ တားမယ့်လူတောင် မရှိတော့ ဘူး။ ဆီဈေးကလည်း သိတဲ့အတိုင်းပဲ ၁ဝ၃၅ ကျပ် ဖြစ်သွားပြီ။ အရင်လိုပတ်ဖို့ကလည်း  အဆင်မပြေတော့ဘူး။  ပတ်သွားရင် ဆီကကုန်ပြီ၊ လူကမရဘူး။   အဲဒီတော့    ထောက်ဆွဲတယ်၊ ထောက်ဆွဲပြန်တော့ ညနေကျတော့ ဆီဖိုးနဲ့ အုံနာကြေးကိုတောင် မနည်း ရုန်းကန်နေရတယ်။ ကိုယ့်အတွက်ကိုတောင် မနည်းဆို တော့ အဆင်မပြေဘူး။ တစ်ခါတလေလည်း ကိုယ့်အတွက်မကျန် တဲ့  နေ့တွေလည်း ရှိတယ်လေ။ အခု လပိုင်းမှာဆို ဒီလိုအဖြစ် အပျက်တွေ တော်တော်များနေတယ်။ တချို့ အိမ်ထောင်ရှိတဲ့ လူကျ တော့  ''နင့်ဟာက တစ်နေကုန်သွားဆွဲနေပြီး တစ်ပြားမှ ပါမလာ ဘူးဆိုတော့ ယုံနိုင်စရာရှိပါ့မလား''ဆိုတော့ အိမ်သူတွေ ပြောပြ ရင်လည်း တချို့က ယုံချင်မှယုံမှာပေါ့။ သူတို့ သိအောင် တော့ ကိုယ်တွေက  ပြန်ပြောရတာပေါ့လေ။  ဒီလို အခက်အခဲတွေ ရှိတယ်။
တက်ပြီးမကျသေးတဲ့ ဆီဈေး
အခုအနေအထားကတော့  ဆီဈေးကတက်တာတစ်မျိုး၊ ခရီးသည်မရတာ  တစ်မျိုးပေါ့လေ။         ခရီးသည်တွေအနေနဲ့ ကျတော့လည်း အားလုံး အဆင်မှမပြေကြတာ။  သူတို့လည်း ကုန်ဈေးနှုန်းတက်တာနဲ့ ဆီဈေးကတက်တာနဲ့ဆိုတော့ အရင်လို သိပ်မငှားကြတော့ဘူးပေါ့။  ဆီဈေးကလည်း အခု ကိုးလပိုင်းမှာ တောက်လျှောက်ကိုတက်နေတာ၊ ပင်လယ်ဒီရေကမှ ကျတာ ရှိသေးတယ်။ သူကတောက်လျှောက်ကို တက်နေတာ။
နောက်တစ်ခုက ခရီးသည်ကလည်း ကားသမားကို မယုံ ဘူး။    ကားသမားကလည်း   ခရီးသည်ကို  မယုံဘူးဆိုတော့ တစ်ခရီးတည်းသွားနေရတဲ့  သူအချင်းချင်း  အဲဒီလိုဖြစ်နေ တယ်ဆိုတာကတော့       ကောင်းတဲ့လက္ခဏာ   မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် စည်းလည်းမရှိဘူး ဖြစ်နေတာပေါ့။ ကျွန်တော်တို့ဆိုရင်   ညနေ   ၅   နာရီ   ၆  နာရီလောက်ဆို လှိုင်သာယာဘက်တို့၊ အရှေ့ဒဂုံဘက်တို့ဆို မလိုက်ဖြစ်တော့ဘူး။ ကားဆွဲလို့ ကောင်းတာက မနက်ပိုင်း၊ နေ့လယ်ပိုင်းပေါ့။ ညနေ ပိုင်းဆိုရင်  တချို့က သောက်စားထားတာရှိတယ်။ မသောက် စားထားတာရှိတယ်။ တချို့ကျတော့လည်း ရည်ရွယ်ချက်ရှိလို့ လုပ်တာ၊   တချို့ကျတော့လည်း   ဘာမှရည်ရွယ်ချက်မရှိဘဲ ဖြစ်သွားတာပေါ့လေ။
ကျွန်တော်တို့ တက္ကစီသမားတွေအားလုံးကတော့ ဆီဈေး ကျပါစေလို့ ဆုတောင်းနေရတာပေါ့လေ။ ခုတော့ ဒေါ်လာ ဈေးကျပြီ။ ဆီဈေးကျမလားဆိုပြီး သွားထည့်တာ ၁ဝ တောင် တိုးသွားသေးတယ်''ဟု လက်ရှိအငှားယာဉ်မောင်းများ၏ ဘဝ ရပ်တည်နေမှုကို  ပြောကြားခဲ့သည်။
တစ်ဖက်တစ်လမ်းက အထောက်အကူပေး
အငှားယာဉ်နယ်ပယ်၏ အလုံးစုံသော အခြေအနေအရပ် ရပ်ကို ခြုံငုံသုံးသပ်ရသော် အချို့သော ကုမ္ပဏီကြီးများက ခရီး သည်နှင့် အငှားယာဉ်များအကြားတွင် ဆက်သွယ်ချိတ်ဆက် ပေးခြင်းဟူသော ဝန်ဆောင်မှုကို လုပ်ကိုင်လာကြသည်။ ဆီဈေး တက်မှုများကြောင့် အငှားယာဉ်အချို့က ကုမ္ပဏီဝန်ဆောင်မှု အောက်မှ ရုန်းထွက်လာကြသည်။ သီးသီးသန့်သန့် လုပ်ကိုင်လာ ကြသည်။ အငှားယာဉ်လုပ်ငန်းသည် နိုင်ငံတော်က အခွန်အခ ရယူပြီးသော လုပ်ငန်းတစ်ခုဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် မထသ စနစ်မှ ဝိုင်ဘီအက်စ် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အောင်မြင်စွာကူးပြောင်းနိုင်ခဲ့ သော  အစိုးရအဖွဲ့ဖြစ်သည်။  တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်း လုပ်ကိုင်ရန်   အချို့အဖွဲ့အစည်းများက  လူအင်အား မလုံ မလောက် ဖြစ်နေချိန်လည်း ဖြစ်သည်။ အငှားယာဉ်များသည် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏  လမ်းအသွယ်သွယ်ကို အချိန် မရွေး ဝင်ထွက်သွားလာနေသည်။  တစ်နည်းဆိုသော် ရန်ကုန်မြို့ နေ ပြည်သူများ၏ လိုရာခရီးကို တစ်ဖက်တစ်လမ်းက  အထောက် အကူပေးလျက်ရှိသည်။

အချုပ်အားဖြင့် တင်ပြရသော် အငှားယာဉ်များကို နိုင်ငံ တော်၏  ထိုက်သင့်သောဈေးနှုန်းဖြင့်  စက်သုံးဆီရောင်းချ၍ အငှားယာဉ်များတွင် ကြိုးမဲ့ဆက်သွယ်ရေးစနစ် တပ်ဆင်ပေးကာ အငှားယာဉ်ထိန်းချုပ်ခန်းမှ    ထိန်းချုပ်ကြပ်မတ်စေခြင်းဖြင့်  အငှားယာဉ်စီးခရီးသွားပြည်သူများနှင့် အငှားယာဉ်မောင်းများ ဘေးကင်းလုံခြုံမှုရှိစေမည်ဖြစ်သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ၏ မည်သည့်နေရာတွင် ရာဇဝတ်မှုဖြစ်နေသည်၊ ကျူးလွန်နေသည် ကိုလည်း အငှားယာဉ်မောင်းများ၏ အကူအညီဖြင့် အချိန်တို အတွင်း သိရှိနိုင်မည်ဖြစ်ပါကြောင်း . . . ။

ထင်ပေါ်ဝင်း ၊ဓာတ်ပုံ - အာကာစိုး

No comments:

Post a Comment