ရေး အောက်တိုဘာ ၁၅
မွန်ပြည်နယ် ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင်အတွင်း ရေမိုင် ၂၅ ခန့်အကွာတွင် အောက်တိုဘာ၁၄ ရက်နေ့ ည ၇ နာရီခွဲ အချိန်က ရေလုပ်သားအချင်းချင်း စကားများရာကနေလူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ရေလုပ်ငန်းရှင် ဦးအောင်ညွှန့် ငါးဖမ်းလှေမှာ ကျောက်ချရပ်နား ထားစဉ် ရေလုပ်သားများအိပ်နေစဉ်အတွင်း ရေလုပ်သား မောင်မောင်သန်း ကအရိုးအသွား ၈ လက်မခန့်ရှိ ငါးခွဲဓားနဲ့ ပဲ့နင်းကိုစိုးလင်းတို့မှာ လုပ်ငန်းခွင်မှာမကျေနပ်မှုကနေစကားများ ရာမှ အခုလို လူသတ်မှုဖြစ်ပွားသည်။
အသတ်ခံရသူ ပဲ့နင်း ကိုစိုးလင်း ရုပ်အလောင်းနှင့် မောင်မောင်သန်းတို့အား ရေလုပ်သားများနဲ့အတူငါးမျှားစခန်း ကမ်းခြေ အနားအရောက်မှာမောင်မောင်သန်း ရေထဲခုန်ချထွက်ပြေး သွားသော်လည်း အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ က ရေးမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားရှိတယ်လို့ သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ရေလုပ်သား မောင်မောင်သန်းအား ရေးမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်
နေမျိုးထွဋ် ရေး
No comments:
Post a Comment