၁၇ အောက်တိုဘာ ၊ ၂၀၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ မအူပင်မြို့ ၊ အမှတ် ၁၁ရပ်ကွက် ၊ ပေါ်တော်မူကမ်းနားလမ်းရှိ "ရွှေစိတ်ကြိုက်"
စားသောက်ဆိုင်အရှေ့တဖက် မြစ်ကမ်းနားဖူးရေစပ်၌ ယနေ့ အောက်တိုဘာ ၁၇ရက်နေ့ နေ့လယ် ၁နာရီအချိန်ခန့်က
ရိုင်ဖယ်ကျည်များ အပါအဝင် သေနတ်ကျည်ဆံ (၄၄)တောင့်နှင့် လက်ထိပ် (၁)စုံတို့အား အိတ်တစ်လုံးအတွင်း ထည့်ထားလျက်တွေ့ရှိ၍ တွေ့ရှိသူက နီးစပ်ရာ ၁၂ရပ်ကွက်မှ ရာအိမ်မှူးထံ ပေးအပ်ပြီး အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံ လာရောက်အပ်နှံသဖြင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးလျက်ရှိနေကြကြောင်း ကနဦးသတင်းအရ သိရသည် ။
Photo - KMM
ခရမ်း
No comments:
Post a Comment