Latest News

Monday, October 15, 2018

မိုးများရွာသွန်းမှုကြောင့် လမ်းပျက်စီး၍ ကျောင်းသား ကျောင်းသူများ ကျောင်းတက်သွားလာရာတွင် အခက်တွေ့ကြုံနေရ

မိုးများရွာသွန်းမှုကြောင့် လမ်းပျက်စီး၍ ကျောင်းသား ကျောင်းသူများ ကျောင်းတက်သွားလာရာတွင် အခက်တွေ့ကြုံနေရ

မော်လိုက်        အောက်တိုဘာ        ၁၅

 စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် အောက်တိုဘာ ၈ ရက်နေ့မှစ၍ မုန်တိုင်းဒဏ်ကြောင့် မိုးများအဆက်မပြတ်ရွာသွန်း ခဲ့ရာ နန်းသီကျေးရွာအထွက်လမ်းသည် ရွှံ့ဖွက်များ ရေအိုင်များ ဖြစ်ပေါ် ပျက်စီးခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ကျောင်းတက်သွားရာနှင့် လူမှုရေး ကျန်းမာရေးကိစ္စများ သွားလာရေးအခက်တွေ့နေရကြောင်း သိရသည်။

အဆိုပါ နန်းသီကျေးရွာ အထွက်လမ်းသည် အရှည်ပေ(၁၃၂၀) နီးပါးခန့်ရှိပြီး မိုးများ အဆက်မပြတ် ရွာသွန်းခြင်း ကားများဖြတ်သန်း သွားလာမှုများကြောင့်  ရွှံ့ဖွက်များ ရေအိုင်များဖြစ်ပေါ် ပျက်စီးခဲ့ရာ ကျေးရွာ ပြည်သူများ၏လုပ်အား ကားများဖြင့် ပြုပြင်လျက်ရှိသော် လည်း မိုးများအဆက်မပြတ်ရွာသွန်းခြင်း လမ်းအသုံး ပြုမှုများခြင်း တို့ကြောင့် ယခုအချိန်ထိ သွားရေးလာရေး ခက်ခဲလျက်ရှိကြောင်း  နန်းသီကျေးရွာရာအိမ်မှူးထံမှ သိရသည်။

ဒီလမ်းမကောင်းတာတွေကို အနီးအနားကျေးရွာများမှ ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာနေ ပြည်သူများ သွားရေးလာရေး အဆင်ပြေနိုင်ဖို့ ကျွန်တော်တို့နန်းသီကျေးရွာပြည်သူလူထုအား စက်အားများဖြင့် အမြဲတမ်း ပြုပြင်ပြီးသွားလာနေရသာ ကြာပါပြီ။ အခုလမှာတော့ မိုးကအဆက်မပြတ်ရွာသွန်းနေတော့ ပြုပြင် ပေးလို့လဲ မရနဲ့ဆိုတော့ လမ်းကဘယ်လိုမှကို မကောင်းဘူး။ ဆိုင်ကယ်ဆို ခဏခဏ လဲကြပြီး မလိုလား အပ်သည့် ထိခိုက်ဒဏ်ရာများလည်း ရကြရကြောင်း ဘယ်လိုမှ သွားလို့မရတဲ့အခါ ကျေးရွာပြည်သူများ အနေဖြင့် လူမှုရေး ကျန်းမာရေးကိစ္စများအတွက် ချောင်းကို ဝါးဖောင်ဖြင့်ဖြတ်ကူး၍ သွားလာရခြင်းများ ရှိနေသည့်အတွက် ယင်းလမ်းကို အားထားသွားလာနေကြရသည့် ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာ ပြည်သူများ ရာသီမရွေး အချိန်မရွေး အသုံးပြုသွားလာနိုင်ရေးအတွက် နန်းသီကျေးရွာ အထွက်လမ်းအား ပြုပြင်ပေးစေလိုကြောင်း နန်းသီကျေးရွာဒေသခံ တစ်ဦးထံမှ သိရသည်။

မော်လိုက်သားလေး

No comments:

Post a Comment