Latest News

Tuesday, October 2, 2018

ဖားကန့်မြို့နယ်ကို 66/11KV 10MV မဟာဓါတ်အားလိုင်းမှ မီးပေးတော့မည် ...


ဇော်မိုးထက်( ဖားကန့် )

မရှင်းမလင်းဖြစ်နေပြီး သတင်း ၊ အတင်းတွေ အရပ်ထဲမှာနေ့စဉ်ကြားနေရတဲ့ ဖားကန့်မြို့နယ် ရဲ့ လျှပ်စစ်မီးပေးဝေရေး ကိစ္စ သိသလောက်လေး မျှဝေ ပေးလိုက်ပါတယ် ။ ဖားကန့်မြို့ကို ၆၆ KV မဟာဓါတ်အားလိုက်ကနေတဆင့် မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်ကျေးရွာ တော်တော်များများကို လျှပ်စစ်မီး ဖြန့်ဖြူးတော့မှာ ဖြစ်ပါတယ် ။အစိုးရကပေးမှာပါ ။ ယခင်ကတော့ ဖားကန့်မြို့နယ်တခုလုံးကို ပုဂ္ဂလိက ကုမ္မဏီတချို့ဖြစ်တဲ့ ရှယ်ဖယ်မလီ ၊ လဂရောင်း၊ ဆိုင်းမိုင် တို့ကို ဖြန့်ဖြူးရောင်းချခွင့်ပေးခဲ့တာလဲ ဖြစ်ပါတယ် ။ ရှယ်ဖယ်မလီဟာ ဖားကန့်မြို့ပေါ်ကို အဓိကထားဖြန့်ဖြူးရောင်းချပါတယ် ။ လျှပ်စစ်မီတာ တယူနစ် အနည်းဆုံး ရှစ်ရာကနေ တထောင်ကြား ကောက်ခံပါတယ် ။ လဂရောင်း ကုမ္မဏီနဲ့ ဆိုင်းမိုင် ကုမ္မဏီတွေကတော့ ဆိပ်မူ ၊ လုံးခင်း ၊ တာမခံနဲ့ မှော်ရွာအချို့ကို ဖြန့်ဖြူးပေးဝေနေတာ ဖြစ်ပါတယ် ။ လျှပ်စစ်မီတာခတွေကတော့ စောစောက တင်ပြခဲ့သလိုပါပဲ ။

စောစောကအစိုးရကပေးမဲ့ လျှပ်စစ်မီးအကြောင်း ပြန်ဆက်ချင်ပါတယ် ။ အစိုးရက မီးပေးတော့မယ်ဆိုတော့ ဖားကန့်က လူတွေက ပျော်နေကြတာတော့ အမှန်ပါပဲ ။ ပျော်သာပျော်နေကြတာ အစိုးရလျှပ်စစ်မီး ကိုယ့်အိမ်ကို ရောက်လာဘို့ ဘာလုပ်ရမယ်ဆိုတာ မလေ့လာကြပြန်ဘူး ။ အလိုလျောက် အိမ်ကို လျစ်စစ်မီး ရောက်လာမယ် လို့ ထင်နေကြဟန်တူပါတယ် ။ အရင်ကလည်း ပုဂ္ဂလိကက အိမ်မှာ မီးပေးနေတာကိုး ။ ကျနော်တို့ ပြည်သူတွေ သိတာက အစိုးရမီး နဲ့ ပုဂ္ဂလိက မီးက ဝါယာစ လေး ချိန်းလိုက်ရင် ပြီးသွားတဲ့ ကိစ္စလို့ ယူဆနေကြတာပါ ။ အမှန်တကယ်တော့ အဲလောက် လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ ။

အစိုးရကသူ့တိုင် ၊ သူ့မီးကြိုး ၊ သူ့မီတာဘောက် ၊ သူ့မီတာခ နှုံးထားနဲ့ သူ ပြည်သူလူထုကို သက်သာတဲ့ နှုန်းထားတွေနဲ့ လျှပ်စစ်မီး ဖြန့်ဖြူးမှာပါ ။ အစိုးရက အစိုးရဈေးနှုံးနဲ့ ပေးမှာပါ ။ အဲဒီတော့ ဈေးသက်သက်သာသာနဲ့ အစိုးရ လျှပ်စစ်မီးလိုချင်ရင် ဖားကန့်မြို့နယ် လျှပ်စစ်ရုံး နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မီတာလျှောက်ဘို့ သွားရောက်စုံစမ်း မေးမြန်းရပါမယ် ။ အဲဒီဌာနတွေကို မသွားတတ်ရင်လည်း မိမိတို့ရဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီမှာ မေးမြန်းစုံစမ်းသင့်ပါတယ် ။ အစိုးရမီတာ လျှောက်ယူရမဲ့ သတင်းအချက်အလက်တွေ ရပြီဆိုတာနဲ့ ပြဌာန်းချက်များနဲ့အညီ အစိုးရမီတာကို လျှောက်လို့ရပါပြီ ။ အစိုးရက ကနဦး မီတာအလုံးရေ (၆၀၀၀) ချပေးမယ်လို့ သိရပါတယ် ။ ဒီမီတာအလုံးခြောက်ထောင် တပ်ဆင်ပြီးတာနဲ့ အစိုးရ လျှပ်စစ်မီး စတင်ပေးတော့မယ်လို့ သိရပါတယ် ။ တဖြို့နယ်လုံးကို မီတာအလုံး ခြောက်ထောင်ပဲ ပေးမှာ မဟုတ်ပါဘူး ။ မီတာတွေ လိုသလောက် ချပေးနိုင်အောင် စီစဉ်သွားမယ်လို့ လည်း သိရပါတယ် ။ ကျေးရွာပေါင်း (၅၀) ကျော်ကို ပေးသွားမှာပါ ။

ဖားကန့်မြို့နယ်မှာ မီတာသုံးမျိုး တပ်ဆင်ပေးသွားးမယ်လို့ ဆိုပါတယ် ။ ကျေးလက်ဒေသသုံး ( ၅/၃၀ Menual ) ဈေးနှုံး ၃၅၀၀၀ ကျပ် ၊ မြို့ငယ်သုံး ( ၅/၃၀ HHU) ဈေးနှုံး 65000 ကျပ် ၊ မြို့ကြီးသုံး (၁၀/၆၀ HHU) ဈေးနှုံး ၈၀၀၀၀ ကျပ်နှုံး နဲ့ တပ်ဆင်ပေးသွားမယ် လို့ သိရပါတယ် ။ ကောက်ခံမည့် လျှပ်စစ်မီတာခ နှုံးထားတွေကတော့ အစိုးးရက တရားဝင်မကြေငြာ သေးပါဘူး ။

အပိုင်း (၂) ဆက်လက်ဖော်ပြပေးပါမည် ။

&&& ပုဂ္ဂလိက မီတာဘောက်များ အကြောင်းး

&&& နေအိမ်များကို လျှပ်စစ်မီး သွယ်တန်း ပေးနေသော မြို့နယ်လျှပ်စစ်ဌာန၏ တပ်ဆင်ခွင့် ရရှိထားသည့် ( ကန်ထရိုက်ပေးခြင်းမဟုတ် ၊ လျှပ်စစ် ကျွမ်းကကျင်ကြောင်း အစိုးရအသိအမှတ်ပြု လက်မှတ်ရထားသူ ) ဝါယာရိန်းရိုက်သူ (၁၇) ဖွဲ့အား သက်ဆိုင်ရာအစိုးရ ဌာနများမှ လုပ်အားခများကို သတ်မှတ်ဈေးနှုံးထက် ပိုမို ကောက်ခံခြင်းမပြုရန် ....စသည့်အကြောင်းအရာ များ စွာ ......

No comments:

Post a Comment