Latest News

Tuesday, October 2, 2018

ရခိုင်ပြည်နယ် အတွင်း ရက်စက်စွာ ပြုကျင့်ခဲ့မှု များ အတွက် ကျုးလွန်သူများ အား ဖေါ်ထုတ် ရန် အာဆီယံ တိုက်တွန်း


စက်တင်ဘာ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂ တွင် ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံများ အလွတ်သဘော တွေ့ဆုံပွဲတွင် အာဆီယံဝန်ကြီးများ အားလုံးက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ခဲ့မှုများအတွက် တာဝန်ရှိသူများ ကို ဖေါ်ထုတ်ရန် မြန်မာ အား တိုက်တွန်းခဲ့တယ်လို့ လက်ရှိ အာဆီယံ ဥက္ကဇ ဖြစ်သူ စင်္ကာပူ၏ နိုင်ငံခြားရေး ၀န်ကြီးက ပါလီမာန်တွင် ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဖြစ်ပေါ်ခဲ့မှုများသည် လူသားများ က ဖန်တီးခဲ့သော အဆိုးဝါဆုံး သော အတိဒုက္ခ ရောက်ခဲ့ရမှု ဖြစ်ပြီး ယခုလို ခေတ် အချိန် အခါ မျိုးတွင် မဖြစ်သင့်ဟု အာဆီယံက ခံယူတယ်လို့ ဆိုပါတယ်။

ဤသည်က တပ်မတော် မှ တာဝန်ရှိသူ များကို အာဆီယံ မျ အပြင်းထန်ဆုံး ထိုးနှက်လိုက်ခြင်း ဖြစ်ပြီး ၎င်းတို့ အနေုဖြင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာ ကို မည်သို့မျှ စွက်ဖက်ခွင့် မရဟု ပြောဆိုနေသော်ငြားလည်း ကမ္ဘာ အလယ်တွင် ၎င်းတို့ အဖို့ အကြီးအကျယ် ခေါင်းမဖေါ်နိုင်အောင် တနေ့တခြား ဖြစ်လာနေပါတယ်။

၎င်းရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ခန့်အပ်ခဲ့သော လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင်တွင် နိုင်ငံခြားသားများ ဖြစ်သော ဂျပန် လူမျိုး တဦး နဲ့ ဖိလစ်ပိုင် တဦး ပါဝင်နေတာကြောင့် ထွက်ပေါ်လာမည့် ရလာဒ်သည် စိတ်ဝင်စားဖို့ ကောင်းတယ်လို့လည်း သိရပါတယ်။

နောက်ထပ် သတင်းတခု အဖြစ် ဒီနေ့ပဲ ကနေဒါ အထက်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးအောင် နိုင်ငံသား အဖြစ်မှ ရုတ်သိမ်းကြောင်း အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို တညီတညွတ်ထဲ ထောက်ခံ အတည်ပြုလိုက်ကြပါတယ်။

ကနေဒါရဲ့ လုပ်ရပ်ကတော့ တကယ် ကြောင်သူတော် လုပ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ယခုနှစ် နှစ်ဆန်းပိုင်းက စစ်မက် ဖြစ်ပွားနေတဲ့ ယီမင်ကို အကူအညီပေးရေး အတွက် ဒေါ်လာ ၆၅ သန်း ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ၎င်းတို့ ဖေါ်ပြရန် ပျက်ကွက်ခဲ့ကြသည်ကတော့ ၂၀၁၅ မှ စပြီး ယီမင်ကို ပြုတ်ပြုတ်ပြုံးအောင် ဗုံးကြဲတိုက်ခိုက်နေတဲ့ နိုင်ငံများကို လက်နက်များ ဒေါ်လာ ၂၈၄ သန်း ဖိုးအထိ ရောင်းချခဲ့ပြီး ဖြစ်တယ် ဆိုတာပါပဲ၊

ထို့အတွက် ကနေဒါသည် လူတယောက်အား ခြေထောက် ရိုက်ချိုးပြီး ဂျိုင်းထောက် ပေးသည့် အဖြစ်နှင့် မည်သို့မျှ မခြားနားဟု ဝေဖန်သူတွေက ထောက်ပြခဲ့ကြပါတယ်။

ထို့အတွက် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖေါက်နေသူများ ကို လက်နက်တပ်ဆင်ပေးနေသော နိုင်ငံ ဖြစ်သည့် ကနေဒါ အဖို့ မည်သည့်နည်းနှင့်မျှ လူ့အခွင့်အရေး အတွက် ဦးဆောင်ဦးရွက် ပြုသူဟု ပြောခွင့် မရှိပေ။

အာဆီယံက ရိုဟင်ဂျာ ဆိုသူများ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး တောင်းဆိုခဲ့ပေမယ့် အိန္ဒိယ အာသံပြည်နယ်သို့ ခိုးဝင်လာသော ကျောက်တော်မှ ရိုဟင်ဂျာ ဆိုသူ ခုနှစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အိန္ဒိယ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ က ဆတ်ဆတ်ထိ မခံ ဖြစ်နေတဲ့ အတွက်လည်း ရိုဟင်ဂျာ ဆိုသူများ ပြန်လာဖို့ အရေးက မဖြစ်နိုင်လောက်အောင် ရှိနေပြီ ဖြစ်ပါတယ်။

မနက်ဖန်မှ ဘင်္ဂလား ၀န်ကြီးချုပ် ရှိတ် ဟာဆီနာ ကိုယ်တိုင် ဖွင့်လှစ်ပေးဖို့ရှိတဲ့ ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်းတကျွန်းမှာ ရိုဟင်ဂျာ ဆိုသူများ အား ထားရှိမည့် စခန်းကို ၃၀% မပြီးစီးသေးဟု ဆိုကာ ရက်ရွှေ့လိုက်ပြန်တဲ့ အတွက် ကုလသမဂ္ဂ အဖို့ ရင်အေးသွားရပြန်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကတော့ ရခိုင် ဒုက္ခသည် ပြဿနာကို အိန္ဒိယ က ကြားဝင် ဖြန်ဖြေပေးသင့်ကြောင်း တောင်းဆိုလိုက်ခြင်းဖြင့် တရုတ်ရဲ့ ကမ်းလှမ်းချက်ကို အရေးတယူ မရှိကြောင်း ပြသလိုက်ပါတယ်။ ၎င်းက အိန္ဒိယသည်သာ ကမ္ဘာပြဿနာ အချို့တွင် honest broker ရိုးသားစွာ ကြားဝင် ဖြန်ဖြေပေးသူ ကဏ္ဍ မှ ပါဝင်နိုင်တဲ့ အနေအထား ရှိတယ်လို့ ဒီနေပဲ ပြောကြားခဲ့ပါတယ်။
လှစိုးဝေ

No comments:

Post a Comment