Latest News

Thursday, September 27, 2018

ဦးေလးေတာ္စပ္သူရဲ႕မိန္းမ ကေလးငါးေယာက္မိခင္ကို မူးယစ္ေဆးေရာင္းခိုင္းၿပီး ဓါးနဲ႔ေထာက္ကာ သားမယားအျဖစ္ ေပါင္းသင္းေနထိုင္သူကို ရဲက ဖမ္းဆီးလိုက္ၿပီ

ဖားကန္႔ၿမိဳ႕နယ္ မမုံေက်းရြာအပိုင္ ကံခါ မိုက္က်ဲ ေျမစာပုံရြာမွာ ဦးေလးေတာ္စပ္သူရဲ႕ ဇနီးျဖစ္သူ မသီတာဝင္းအား မက္လင္ေခ်ာင္ ေက်းရြာမွ ဓါးေမာင္ႏိုင္(ခ) ခြန္ဆာေမာင္ႏိုင္(ခ) ငါးေမႊထိုး ေမာင္ႏိုင္(ခ) ထြန္းႏိုင္ ဆိုသူက မူးယစ္ေဆးဝါးမ်ားေရာင္းခ်ခိုင္းကာ သားမယားအျဖစ္ ခိုးယူေပါင္းသင္းေနထိုင္ခဲ့တယ္လို႔ မသီတာဝင္းက ေျပာပါတယ္ ။

ေမာင္ႏိုင္ဆိုသူက မသီတာဝင္းကို သူမရဲ႕ ခင္ပြန္းမရွိ ခင္မွာ သားမယာအျဖစ္ ရက္(၂၀) ခန္႔ ေပါင္းေနထိုင္ခဲ့ယုံမွ်မက “သူ႔ကို တိုင္တန္းမယ္ဆိုရင္ သတ္ပစ္မယ္ ၊ တိုင္တန္းလို႔လဲမရဘူး ။ ဒီနယ္ေျမက အဖြဲ႕အစည္းအားလုံးကို ငါကေပးေႂကြးထားတယ္လို႔လည္း ” ေျပာဆိုၿခိမ္းေျခာက္ေလ့ရွိတယ္လို႔လဲ မသီတာဝင္းက ဆက္လက္ေျပာဆိုခဲ့ပါတယ္။ မသီတာဝင္အား ထြက္ေျပးတိမ္းေရွာင္သျဖင့္ လိုက္လံဖမ္းဆီကာ ရက္ရက္စက္စက္ ႐ိုက္ႏွက္ခဲ့တာေတြလည္း ျပဳလုပ္ခဲ့တယ္လို႔ဆိုပါတယ္။

မသီတာဝင္းက ဒီကိစၥနဲ႔ပတ္သက္ၿပီး ၂၄.၉.၂၀၁၈ ေန႔ မွာ ဖားကန္႔ရဲစခန္းမွာ တိုင္တန္းအမႈဖြင့္ခဲ့ၿပီး ယေန႔နံက္ ၂၅.၉.၂၀၁၈ )ေန႔မွာ ေမာင္ႏိုင္ဆိုသူကို မူးယစ္ေဆးဝါး ေတြနဲ႔ ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ဖားကန္႔ စခန္းမႉး ဦးဝင္းေဇာ္ဦးက ေျပာဆိုခဲ့ပါတယ္ ။

ဓါတ္ပုံ-မူးယစ္ေဆးဝါး ဆပ္ျပာခြက္ (၃) ခြက္နဲ႔အတူ
ေမာင္ႏိုင္အားဖမ္းမိထားစဥ္။ ယာအစြန္ဆုံးမွေမာင္ႏိုင္

ဆက္လက္ေဖာ္ျပပါမည္ ။
 ေဇာ္မိုးထက္ ( ဖားကန္႔ )

#Unicode Version#
ဖားကန့်မြို့နယ် မမုံကျေးရွာအပိုင် ကံခါ မိုက်ကျဲ မြေစာပုံရွာမှာ ဦးလေးတော်စပ်သူရဲ့ ဇနီးဖြစ်သူ မသီတာဝင်းအား မက်လင်ချောင် ကျေးရွာမှ ဓါးမောင်နိုင်(ခ) ခွန်ဆာမောင်နိုင်(ခ) ငါးမွှေထိုး မောင်နိုင်(ခ) ထွန်းနိုင် ဆိုသူက မူးယစ်ဆေးဝါးများရောင်းချခိုင်းကာ သားမယားအဖြစ် ခိုးယူပေါင်းသင်းနေထိုင်ခဲ့တယ်လို့ မသီတာဝင်းက ပြောပါတယ် ။

မောင်နိုင်ဆိုသူက မသီတာဝင်းကို သူမရဲ့ ခင်ပွန်းမရှိ ခင်မှာ သားမယာအဖြစ် ရက်(၂၀) ခန့် ပေါင်းနေထိုင်ခဲ့ယုံမျှမက “သူ့ကို တိုင်တန်းမယ်ဆိုရင် သတ်ပစ်မယ် ၊ တိုင်တန်းလို့လဲမရဘူး ။ ဒီနယ်မြေက အဖွဲ့အစည်းအားလုံးကို ငါကပေးကြွေးထားတယ်လို့လည်း ” ပြောဆိုခြိမ်းခြောက်လေ့ရှိတယ်လို့လဲ မသီတာဝင်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။ မသီတာဝင်အား ထွက်ပြေးတိမ်းရှောင်သဖြင့် လိုက်လံဖမ်းဆီကာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

မသီတာဝင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၄.၉.၂၀၁၈ နေ့ မှာ ဖားကန့်ရဲစခန်းမှာ တိုင်တန်းအမှုဖွင့်ခဲ့ပြီး ယနေ့နံက် ၂၅.၉.၂၀၁၈ )နေ့မှာ မောင်နိုင်ဆိုသူကို မူးယစ်ဆေးဝါး တွေနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖားကန့် စခန်းမှူး ဦးဝင်းဇော်ဦးက ပြောဆိုခဲ့ပါတယ် ။

ဓါတ်ပုံ-မူးယစ်ဆေးဝါး ဆပ်ပြာခွက် (၃) ခွက်နဲ့အတူ
မောင်နိုင်အားဖမ်းမိထားစဉ်။ ယာအစွန်ဆုံးမှမောင်နိုင်

ဆက်လက်ဖော်ပြပါမည် ။
 ဇော်မိုးထက် ( ဖားကန့် )

No comments:

Post a Comment