Latest News

Friday, September 28, 2018

ပုသိမ်တွင် NLD ပါတီ ၏ ပုလဲ ရတု နှစ်မြောက် အထိမ်းအမှတ် ကျင်းပမည်

ပုသိမ်တွင် NLD ပါတီ ၏ ပုလဲ ရတု နှစ်မြောက် အထိမ်းအမှတ်  ကျင်းပမည်

ပုသိမ် စက်တင်ဘာ ၂၈

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) ပါတီ ၏ ပါတီထူထောင်ခြင်း ပုလဲ ရတု နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့နယ် NLD ပါတီ မြို့နယ်ရုံးတွင် အလုပ်အမှုဆောင် အဖွဲ့များက စက်တင်ဘာလ ၂၉ ရက်နေ့ ၌ ကျင်းပ ပြုလုပ်ရန်စီစဉ်ထားကြောင်း ပုသိမ်မြို့နယ် NLD ပါတီ အလုပ်အမှု အဆောင်အဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဌေး ထံမှသိရသည်

"ပါတီဟာ ၈၈ အရေးတော်ပုံကနေ ပေါက်ဖွားခဲ့တာ ဖြစ်တယ် ဒါကြောင့် ပါတီရဲ့ နောက် မျိုးဆက် တွေ ၈၈ အရေးတော်ပုံကို တန်ဖိုးထားနိုင်ဖို့ ပါတီရဲ့ အခက်အခဲကြားက ပြည်သူအရေး ဆောင်ရွက်ခဲ့တာတွေ ကို တန်ဘိုး ထားနိုင်ဖို့ ဒီအခမ်းအနား ကို နိုင်ငံရေး အနှစ်သာရ ရှိရှိ ကျင်းပမှာဖြစ်ပါတယ် ယခင်NLD ရဲဘော်ဟောင်းများကိုလည်း ဒီအခမ်းအနား တက်ရောက်နိုင်ဖို့ ဖိတ်ကြားပါတယ် " ဟု ပုသိမ်မြို့နယ် NLD ပါတီ အလုပ်အမှု အဆောင်အဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဌေး ကပြောသည်။

နှစ်၃၀ ပြည့် ပုလဲ ရတုနေ့ သည် စက်တင်ဘာ ၂၇ရက်နေ့ဖြစ်ပြီး ၎င်းရက် ၌ ကျင်းပပြုလုပ်ရန် ဖြစ်သော်လည်း မြို့နယ် အလုပ်အမှုဆောင်များ ရပ်ကျေးဒေသများ မှပါတီ နှင့် ပြည်သူ့ရေးရာ လုပ်ငန်းများ ဆောင် ရွက်သည့် ခရီးစဉ်များ တွင် ခရီးကျွံနေသဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ပွဲကျင်းပမည့်ရက်နှင့်ပက်သက်ပြီး ရှင်းပြသည်

"၈၈အရေးတော်ပုံကနေပေါက်ဖွားခဲ့တဲ့  NLDပါတီဟာ ယခုဆိုရင် ပုလဲရတုရောက်ခဲ့ပြီ အခက်အခဲအတားအဆီးကြားကနေ ရပ်တည်လာခဲ့တဲ့ပါတီ ပါ  ပါတီဝင် ဖို့စိတ်မပါခဲ့လို့ ဘယ်ပါတီမှမဝင်ခဲ့ပေမဲ့ NLDပါတီအောင်နိုင်ရေးအတွက်တော့ နေမအားညမအား လှူပ်ရှားပေးခဲ့ပါတယ်ဒါကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မူ့နဲ့လမ်းစဉ်တွေကိုယုံကြည်ခဲ့လို့ပါ ပါတီအတွက်လှူပ်ရှားပေးတဲ့သူတွေကိုပါဖိတ်ပေးတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ် "ဟု NLDပါတီအောင်နိုင်ရေးတွင် ပါဝင်လှူပ်ရှားခဲ့သူ ပုသိမ်ဒေသခံတစ်ဦးကတိုင်းဧရာကိုပြောသည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို စက်တင်ဘာ လ ၂၇ ရက် နေ့က ဦးအောင်ကြီး ၊ ဦးတင်ဦး ဒေါ်အောင်ဆန်းစု ကြည်တို့ဦးဆောင် သည့် အစုအဖွဲ့ ၃ စု မှ စတင်တည် ထောင်ခဲ့ပြီး ၊ ပုသိမ်မြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွှဲ့ချုပ် တိုင်းရုံးကို ဓနိတန်းလမ်း တွင် လည်းကောင်း ၊ ပုသိမ်မြို့နယ်ရုံး ကို ဦးရွှေဝိုင်းလမ်း ၌လည်းကောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဌာနချုပ်ရုံး ဆိုင်းဘုတ် တင်ဖွင့်လှစ်သည့် အောက်တိုဘာ ၁၄ ရက်နေ့တွင် တစ်ပြိုက်နက်တည်း ဆောင်ရွက် ခဲ့ကြောင်း ပုသိမ်မြို့ နယ်NLDရုံးမှသိရသည်။

သတင်း _ ရွှေရည်ဝင်း

No comments:

Post a Comment