Latest News

Tuesday, September 11, 2018

ဖားကန့်မြို့နယ်အတွင်းမှတရားမဝင်ကျောက်စိမ်းတူးဖော်နေသူခြောက်ဦးအားကျောက်စိမ်းအရိုင်းတုံးများနှင့်အတူ ဖမ်းမိ

ဖားကန့်မြို့နယ်အတွင်းမှတရားမဝင်ကျောက်စိမ်းတူးဖော်နေသူခြောက်ဦးအားကျောက်စိမ်းအရိုင်းတုံးများနှင့်အတူ ဖမ်းမိ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မက်လင်ချောင်ကျေးရွာအနီး၊ရတနာတောင်တန်းလုပ်ကွက်အဟောင်းနေရာတွင်တရားမဝင်ကျောက်စိမ်းတူးဖော်နေသူများအားဘက်ဟိုးရှစ်စီး၊တရားမဝင်ကျောက်စိမ်းတုံးအကြီးအသေး၂၁တုံးနှင့်အတူဖမ်းမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ၆ရက်နံနက်၆နာရီတွင်လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဦးစီးသောအဖွဲ့နှင့်ဖားကန့်မြို့မရဲစခန်းမှနယ်ထိန်းရဲအုပ်ဇော်ဇော် ဦးစီးသောအဖွဲ့ပူးပေါင်းသည်သက်တန်းကုန်လုပ်ကွက်များအတွင်းတရားမဝင်ကျောက်စိမ်းအရိုင်းတုံးများတူးဖော်မှုမရှိစေရေးအတွက်ကွင်းဆင်းဆောင်ရွက်နေစဉ် ဖားကန့်မြို့၏ အထက်မက်လင်ချောင်ကျေးရွာအနီးရှိ`ရတနာတောင်တန်းကုမ္ပဏီလုပ်ကွက်အဟောင်းနေရာ၌ဘက်ဟိုးယာဉ်ရှစ်စီးဖြင့်တရားမဝင်ကျောက်စိမ်းတူးဖော်နေသူဝင်းနိုင်ထွန်းရွှေပြည်သာမြို့၊ရန်ကုန်၊ချစ်စမ်းမောင်အမှတ် ၅ ရပ်ကွက်တမူးမြို့၊ဘရန်နန်၊မှော်ဝမ်းလေးကျေးရွာ၊ဖားကန့်မြို့နယ်ခင်ဇော်ထွန်း၊ပေါက်တောမြို့၊ရခိုင်ပြည်နယ်၊နိုင်ဝင်း၊ဆိပ်မူကျေးရွာ၊ဖားကန့်မြို့နယ်၊ဇော်ထွဏ်း၊တနိုင်းမြို့၊ကချင်ပြည်နယ်နေသူတို့ ခြောက်ဦးအားတရားမဝင်ကျောက်စိမ်းအရိုင်းတုံးအကြီး/အသေး၂၁တုံးနှင့်အတူတွေ့ရှိရသဖြင့်ဖားကန့်မြို့မရဲစခန်းမှကျောက်မျက်ဥပဒေပုဒ်မ၄၁(ခ)အရဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်။
                                       
လူအောင်(ကသာ)

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post