Latest News

Tuesday, September 11, 2018

တစ်ရက်တည်း ခွဲနေရတာကို လွမ်းနေတယ်လို့ ဆိုလာတဲ့ ဂျနီဖာလိုပက်ဇ်

တစ်ရက်တည်း ခွဲနေရတာကို လွမ်းနေတယ်လို့ ဆိုလာတဲ့ ဂျနီဖာလိုပက်ဇ်


ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်နဲ့ အားကစား ကြယ်ပွင့်တစ်ဦးဖြစ်သူ အဲလက်ဇ်ရိုဒရီးဂွက်ဇ် တို့ဟာ  ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း ကြာရှည်လာ တာ နဲ့အမျှ အမြဲလိုလို အတူရှိနေကြတာကို လည်းတွေ့ရပြီး လတ်တလောမှာတော့ ဂျနီ ဖာလိုပက်ဇ်က သူ့ရဲ့ အင်စတာဂရမ် စာမျက် နှာပေါ်မှာ ချစ်သူနဲ့ တစ်ရက်လေး ခွဲနေရတာ ကိုတောင် လွမ်းနေပြီဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့တာဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်မှာတော့ ဂျနီဖာလိုပက်ဇ်က  သူ့ရဲ့  အင်စတာဂရမ် စာမျက်နှာပေါ်မှာ အဲလက်ဇ်ရိုဒရီးဂွက်ဇ်ရဲ့ ဓာတ်ပုံတစ်ပုံကို  ဖော်ပြခဲ့ပါတယ်။    အဲဒီ ဓာတ်ပုံရဲ့အောက်မှာတော့ တစ်နေ့တာ ခွဲနေ ခဲ့ရပြီး သူ့ကို တကယ်ပင် လွမ်းနေမိပါပြီလို့ အဓိပ္ပာယ်ရတဲ့     စာသားတွေကိုလည်း တစ်ပါတည်း ရေးသားဖော်ပြခဲ့တာကို တွေ့ရ ပါတယ်။ အားကစားကြယ်ပွင့်ရဲ့ အင်စတာ ဂရမ် စာမျက်နှာပေါ်မှာ   ရေးသားဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအရ  အဲလက်ဇ်ရိုဒရီး ဂွက်ဇ်ဟာ       လော့စ်အန်ဂျလိစ်ကနေ ဟော်စတန်ကို   ထွက်ခွာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးမီက ကျင်းပခဲ့တဲ့ တေးဂီတနဲ့သက်ဆိုင်တဲ့       ဆုပေးပွဲတစ်ခုမှာ ဂျနီဖာလိုပက်ဇ်ဟာ ဆုလက်ခံရယူပြီးနောက် အမှတ်တရစကားပြောကြားချိန်မှာ   ချစ်သူ အကြောင်း    ထည့်သွင်းပြောကြားခဲ့တာ ကိုလည်း  တွေ့ရပါတယ်။ ဂျနီဖာလိုပက်ဇ်က အဲလက်ဇ်ရိုဒရီးဂွက်ဇ်ကို  သူ့ရဲ့စိတ်နဲ့ ထပ်တူ ညီတဲ့    အဖော်တစ်ဦးအဖြစ်   ရည်ညွှန်း ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။

သူတို့နှစ်ဦးဟာ    ချစ်သူတွေအဖြစ် အချိန်အတော်ကြာ လက်တွဲလာခဲ့ပြီးဖြစ်ကာ အမြဲအတူရှိနေကြသူတွေလည်း  ဖြစ်ပါတယ်။ ဒါပေမယ့်  ပြီးခဲ့တဲ့လအတွင်း  သူတို့နှစ်ဦး စေ့စပ်လိုက်ပြီဖြစ်ကြောင်း  ကောလာဟလ တွေ ပေါ်ထွက်လာချိန်မှာတော့  အဲလက်ဇ်ရို ဒရီးဂွက်ဇ်က သူတို့တွေ စေ့စပ်ပြီးခြင်း မရှိ သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီကြယ်ပွင့်စုံတွဲရဲ့ မင်္ဂလာသတင်း ကတော့ ဝေးနေဦးမလားပါပဲ။

ခင်ခင်သက်

No comments:

Post a Comment