သင်္ချိုင်းအတွင်း လူနှစ်ဦးအား သေဆုံးအောင် ရိုက်နှက်ခဲ့သူများကို ဖမ်းဆီးရမိ
မန္တလေး စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ငယ်တိုး ကျေးရွာအုပ်စု ရွှေလွန်းကျေးရွာရှိ သင်္ချိုင်း အတွင်း လူနှစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးနေ ကြောင်း သတင်းအရ စက်တင်ဘာ ၈ ရက် နံနက် ၁ဝ နာရီက သွားရောက်စစ်ဆေးရာ သင်္ချိုင်း အဝင်ဝ အုတ်ဂူပေါ် တွင် မျက်နှာဖူးရောင်ညိုမည်း စုတ်ပြတ်ဒဏ်ရာများဖြင့် သေဆုံးအမျိုးသား အလောင်း တစ်လောင်း၊ အုတ်ဂူဘေးတွင် သေဆုံးအလောင်းတစ်လောင်း စုစုပေါင်း အလောင်း နှစ်လောင်းအား တွေ့ရှိရသဖြင့် အမရပူရမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးခဲ့သည်။
အမှုမှ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက်မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းပြီး အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်သက်သေများအား စစ်ဆေး ခြင်းများ ဆောင်ရွက်ပြီး သေဆုံးသူများမှာ မြင့်စိုး(၅၉ နှစ်) ကံသာရပ် ဟင်္သာကျေးရွာအုပ်စု အမရပူရမြို့နယ်နေသူနှင့် ရဲမြင့်(ခ)ရဲဝင်း ( ၄၉ နှစ်)ပန်းဘဲမြောက် ဟင်္သာကျေးရွာ အုပ်စု အမရပူရမြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုကို ဆက်လက်စစ်ဆေးရာ ၄င်းတို့နှင့် အရက်သေစာ အမြဲသောက်စားလေ့ ရှိသူ စိုင်းဝေကျော် (ခ)ရှမ်းလေးတွင် အပေါ် နှုတ်ခမ်းဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် လက်ဖျံတွင် ဖူးရောင်ဒဏ်ရာ၊ ခြေဖဝါးတွင် သွေးများပေနေသည်ကို မသင်္ကာဖွယ် တွေ့ရှိရ သဖြင့် သက်သေများရှေ့ စစ်မေးရာ ¤င်းတို့အဖွဲ့ နှင့် မြင့်စိုးနှင့် ရဲမြင့်(ခ)ရဲဝင်းတို့ သင်္ချိုင်းအတွင်း အရက်အတူသောက်နေစဉ် အရက်မူးလာပြီး စကားများရန်ဖြစ်ရာမှ တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ရာမှ သေဆုံးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ပါဝင်ကျူးလွန်သူ စိုင်းဝေကျော် (ခ)ရှမ်းလေး၊ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့ကို စက်တင်ဘာ ၁ဝ ရက် နံနက် ၁ဝ နာရီတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောင်စံမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment