Latest News

Wednesday, September 12, 2018

သမ္မတထရန့်နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် မြောက်ကိုရီးယားခေါင်းဆောင်ကင် စာပို့

သမ္မတထရန့်နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် မြောက်ကိုရီးယားခေါင်းဆောင်ကင် စာပို့

ဝါရှင်တန်  စက်တင်ဘာ   ၁၁

ဇွန်လအတွင်းက စင်ကာပူ၌  အမေရိကန်သမ္မတ ထရန့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်း တို့ သမိုင်းဝင်တွေ့ဆုံမှုအပြီး  ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံရန်  အဆိုပြုထားသည့်စာကို    မြောက်                  ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက အမေရိကန် သမ္မတထရန့်ထံ ပေးပို့ထားသည်။
သမ္မတထရန့်သည်   အလွန်နွေးထွေးပြီး အပြု သဘောဆောင်သောစာကို    လက်ခံရရှိခဲ့ကြောင်း တနင်္လာနေ့တွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆရာဆန်ဒရာကသတင်းထောက်များကို ပြောသည်။

လက်ခံရရှိသောစာမှာ သမ္မတထရန့် နှင့် ဒုတိယ အကြိမ်တွေ့ဆုံမှုအတွက်   အချိန်သတ်မှတ်ရန်  တောင်းဆိုမှုဖြစ်ကြောင်း၊   အိမ်ဖြူတော်သည် ဒုတိယအကြိမ်တွေ့ဆုံမှုအတွက်      လမ်းဖွင့်ထား ကြောင်း    ၄င်းကပြောသည်။ 
သို့သော်   ဒုတိယအကြိမ်တွေ့ဆုံမှု အချိန်နှင့်  နေရာသတ်မှတ်ချက်ကိုမူ   မဆုံးဖြတ်ရသေးကြောင်း ပြောသည်။
 သမ္မတ ထရန့်ကမူ လွန်ခဲ့သော သီတင်းပတ်က ခေါင်းဆောင်ကင်ဆီမှ အပြုသဘောဆောင်သည့်စာလက်ခံရရှိခဲ့ကြောင်းပြောသည်။  မြောက်ကိုရီး ယား နျူကလီးယားလက်နက်   ကင်းစင်ရေးတွင် ဝါရှင်တန်နှင့် ပြုံယမ်းသဘောတူညီမှုမှာ တိုးတက်မှု အနည်းငယ်သာရှိနေချိန် အခုကဲ့သို့ တိုးတက်မှုအချို့ ဖြစ်ထွန်းလာရခြင်းဖြစ်သည်။
နိုဝင်ဘာလလယ်တွင် အမေရိကန်၌ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ရာ သမ္မတထရန့်သည် မြောက်ကိုရီးယားနှင့်  ကောင်းမွန်သည့် ဆက်ဆံ ရေးတည်ဆောက်နိုင်သည်ဟု  ပြည်သူကိုပြသလို သည်။

မြန်မာ့အလင်း

No comments:

Post a Comment