Latest News

Sunday, September 2, 2018

ဂျာမနီနိုင်ငံ ချန်မနစ်ဇ်မြို့တွင် ခိုလှုံသူများဝင်ရောက်လာမှုကို ဆန္ဒပြမှုနှင့် တန်ပြန်ဆန္ဒပြမှုများ ပေါ်ပေါက်

ဂျာမနီနိုင်ငံ ချန်မနစ်ဇ်မြို့တွင် ခိုလှုံသူများဝင်ရောက်လာမှုကို ဆန္ဒပြမှုနှင့် တန်ပြန်ဆန္ဒပြမှုများ ပေါ်ပေါက်

ဘာလင်  စက်တင်ဘာ  ၂

ဂျာမနီနိုင်ငံ ချန်မနစ်ဇ်မြို့တွင် စနေနေ့က မြို့အတွင်းဝင်ရောက်အခြေချနေထိုင်သူ များကို ဆန့်ကျင်သူများနှင့် လက်ယာယိမ်း အေဒီအက်ဖ်ပါတီကိုထောက်ခံသူများ ကတစ်ဖက်၊ မြို့အတွင်းခိုလှုံသူများအား မလိုလားသူများကို တန်ပြန်ဆန့်ကျင်ဆန္ဒပြ သူများကတစ်ဖက်နှင့်  လမ်းမထက်တွင် နှစ်ဖက်အပြိုင်ဆန္ဒပြခဲ့ရာ လူပေါင်း ၈ဝဝဝ ခန့်ပါဝင်ခဲ့ကြောင်း ဂျာမနီသတင်းဌာနကပြောသည်။

လွန်ခဲ့သော သီတင်းပတ်က ချန်မနစ်ဇ်မြို့တွင် ဂျာမနီလူမျိုးတစ်ဦး ဓားထိုးခံရရာ မှတစ်ဆင့် ခိုလှုံနေထိုင်သူများကိုဆန့်ကျင်သော ဆန္ဒပြပွဲများ ပေါ်ထွက်လာသည်။
အေဒီအက်ဖ်ပါတီက ဦးဆောင်သောချီတက်ဆန္ဒပြပွဲတွင် လူပေါင်း ၄၅ဝဝ ခန့် ပါဝင်ခဲ့ပြီး ထိုလူများထဲတွင် မြို့အတွင်းလူစိမ်းများနေထိုင်ခြင်းကို လက်မခံနိုင်သောကြောက်ရွံ့သောလူများ ပါဝင်ခဲ့ပြီး ချန်မနစ်ဇ်မြို့တွင် လက်ယာယိမ်းလှုပ်ရှားထောက်ခံ  မှု ပေါ်ပေါက်လာခဲ့သည်။
အခြားသောလူပေါင်း ၃၅ဝဝ ခန့်မှာလည်း ငြိမ်းချမ်းရေးနှင့် လူစိမ်းကြောက်ရွံ့မှု ကို တုံ့ပြန်ဆန္ဒပြခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်အင်အားများစွာကလည်း အဆိုပါဆန္ဒပြပွဲတွင် ရှိနေခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်က ချန်မနစ်ဇ်မြို့တွင် အသက် ၃၅ နှစ်အရွယ် တစ်ဦး ဓားထိုးခံရပြီး အခြားလူနှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် မြို့တွင်းလူစိမ်းကြောက်ရွံ့ခြင်း ဆန္ဒပြပွဲများဖြစ်ပေါ်လာပြီး တန်ပြန်ဆန္ဒပြမှုများလည်း ပေါ်ပေါက်လာသည်။

ဆင်ဟွာ

No comments:

Post a Comment