မိတ္ထီလာမြို့ ဈေးကြီးအတွင်း၌ လင်မယားချင်းစကားများရာမှ ဇနီးက ခင်ပွန်းကို ဓားဖြင့်ထိုး
မိတ္ထီလာ စက်တင်ဘာ ၂
မိတ္ထီလာမြို့ ဈေးအနောက်ပေါက် အိမ်သာရှေ့တွင် စက်တင်ဘာ ၁ ရက်က မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ ၆ နေ ဒေါ်သန်း သန်းဌေး (၄၅ နှစ်) နှင့် ခင်ပွန်းဖြစ်သူ စည်ပင်ညစောင့်လုပ်သား ဦးအောင်လှ (၄၇ နှစ်) တို့ စကားများရန်ဖြစ်ရာ ဒေါ်သန်းသန်း ဌေးက အရိုး၊ အသွား ခြောက်လက်မခန့်ရှိ ကော်ရိုးတပ် အိမ်သုံး ဓားဖြင့် ဦးအောင်လှအား ထိုးသဖြင့် ဦးအောင်လှတွင် ဦးခေါင်း ထိပ်ပေါက်၊ လည်ပင်း ဝဲဘက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲပခုံး ပြတ်ရှဒဏ်ရာများရရှိခဲ့၍ မိတ္ထီလာဆေးရုံကြီးသို့ တင်ပို့ထား ရသည်။
ဦးအောင်လှ၏သား ကိုဖြိုးကျော်ကျော် (၂၃ နှစ်) က တရားလိုပြုလုပ်တိုင်တန်းရာ ဒေါ်သန်းသန်းဌေးကို အမှတ် (၂) ရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
တင်လှိုင် (မိတ္ထီလာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment