ဆီနိတ်တာ ဂျွန်မက်ကိန်း၏ ချီးကျူးအောက်မေ့ဂုဏ်ပြုပွဲသို့ ပါတီနှစ်ခုစလုံးမှ တက်ရောက်
ဝါရှင်တန် စက်တင်ဘာ ၂
အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားနှင့် ဂျော့ဒဗျူဘု့ရှ်တို့သည် ဆီနိတ်တာဂျွန်မက်ကိန်း၏ အောက်မေ့ချီးကျူးဖွယ်အခမ်းအနားသို့ တက်ရောက် ချီးကျူးခဲ့ကြသည်။
အမေရိကန်ပါတီ နှစ်ခုစလုံးမှ ခေါင်းဆောင်များသည် စနေနေ့က ဝါရှင်တန်ရှိ ဘုရားရှိခိုးကျောင်းတွင် စုဝေးခဲ့ကြသည်။
ဆီနိတ်တာမက်ကိန်းသည် သြဂုတ် ၂၅ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ၄င်းသည် ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်ရေတပ်တွင် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ နှစ်ပေါင်းများစွာ စစ်အကျဉ်းသားအဖြစ် ဖမ်းဆီးခံခဲ့ရသူ လည်း ဖြစ်သည်။
သမ္မတအိုဘားမားသည် ၂ဝဝ၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် မက်ကိန်းကို အနိုင်ယူခဲ့သူဖြစ်ပြီး ယခု မက်ကိန်းကို ချီးကျူးအောက်မေ့ပွဲသို့ တက်ရောက်ခဲ့သည်။
ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သည့် လွတ်လပ်ပြီး အမှီအခိုကင်း သော စာနယ်ဇင်းအတွက် ရပ်တည် ကာကွယ်ပေးခဲ့သူဖြစ်ကြောင်း အိုဘား မားက ချီးကျူးဂုဏ်ပြုပြောကြားခဲ့ သည်။
ဂျွန်မက်ကိန်းသည် လက်ရှိသမ္မ တဒေါ်နယ်ထရန့်ကို ရွှေ့ပြောင်းသွားလာသူများမူဝါဒနှင့် ပတ်သက်၍ ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သူဖြစ်ပြီး ၄င်း၏အမြင် များကိုလည်း မီဒီယာသမားများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောပြသူ လည်း ဖြစ်သည်။
အမေရိကန်သမ္မတသည် မက်ကိန်း ၏ ချီးကျူးအောက်မေ့ဂုဏ်ပြုပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းမခံရဟု မီဒီယာများက ဖော်ပြသည်။
အင်န်အိတ်ခ်ျကေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment