Latest News

Sunday, September 2, 2018

၂၀၁၈ခရီးသွားရာသီအတွက်ဘူးခါးသီးမီးအိမ်၊မီးစလောင်းလေးများပြုလုပ်လျက်ရှိ

၂၀၁၈ခရီးသွားရာသီအတွက်ဘူးခါးသီးမီးအိမ်၊မီးစလောင်းလေးများပြုလုပ်လျက်ရှိ


      မြန်မာနိုင်ငံတွင် စက်တင်ဘာလ၊အောက်တိုဘာလ၊နိုဝင်ဘာလနှင့်ဒီဇင်ဘာလများဖြစ်သောဘာလေးဘာတွင် နိုင်ငံတကာခရီးသွား ဧည့်သည်လာရောက်လည်ပတ်မှုများပြားသည့်အတွက် အများစုက ခရီးသွားရာသီ ခရီးသွားလဟု သတ်မှတ်ထားကြသည်။၂၀၁၈ ခရီးသွားရာသီအတွက် နိုင်ငံတကာခရီးသွား ဧည့်သည်များ ကြိုက်နှစ်သက်သည့် မြန်မာမှု အုန်းခွက်ပန်းချီ၊ပုလင်းပန်းချီ၊ဘူးပန်းချီများနှင့်အတူ လက်ရာမြောက်ဘူးခါးသီး မီးအိမ်၊ဘူးခါးသီးမီးစလောင်းလေးများကို ကြိုတင်ပြုလုပ်ထားလျက်ရှိကြောင်းသိရသည်။

   မြန်မာ့ရိုးရာ လက်မှု ပစ္စည်းများ  ဈေးကွက်တွင်ထိုး ဖောက်နိုင်ရန် ကြံဆလုပ်ကိုင်လျက်ရှိရာ မန္တလေး  အမရပူရမြို့ ပုလင်းပန်းချီ ဦးချစ်မြမှာ ပုလင်းပန်းချီ၊ဘူးခါးသီးပန်းချီ၊ အုန်းခွက်ပန်းချီများကို တီထွင် ရေး ဆွဲခြင်းနှင့်အတူ ဘူးခါး သီးမီးအိမ်လေးများကို ပြုလုပ်ပြီး  ရောင်းချလျက်ရှိသည်။

          ဘူးခါးသီးမီးအိမ်ကလေးများ ကို၂၀၁၅ခုနှစ်တွင်  စတင်ပြုလုပ်ပြီး လက်မှုအရောင်းပြခန်းများဟိုတယ်  များ အတွက်သီးသန့်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ထိုစဉ်က လက်ခစားဖြင့်သာ ပြုလုပ်ပေးခဲ့သည်။ယခုအခါ ဈေး ကွက် တွင် ရောင်းချနိုင်ရန်အတွက် ရည်ရွယ်ကာ ဘူးခါးသီးမီးအိမ်၊မီးစလောင်းများကို ပြုလုပ် ရောင်းချနေပြီဖြစ် သည်။

     ဘုးခါးသီးကို ပန်းချီပညာများဖြင့် ပေါင်းစပ်ကာ အလှဆင်ပြုလုပ်ထားသည်။အများစုမှာ  ကနုတ် ပန်းများ၊ သပြက်ရွက်ပုံသဏ္ဍန်များ၊ ချဉ်ပေါင်ရွက် ပုံသဏ္ဍာန်များကို လှပစွာ ပန်းဖောက်ကာပြုလုပ်ထားသည်။ဘူးးသီးမီး အိမ် မီးစလောင်းကို ထွန်းညှိခြင်းဖြင့်  ကျန်းမာရေးနှင့်ညီညွတ်ကြောင်း လည်းသိရသည်။လက်ရှိကာလတွင်ဘူးခါး သီး မီးအိမ်၊ မီးစလောင်း တစ်ခုလျှင် ( မီးသီး၊မီးကြိုးအပါအ၀င် အရန်သင့်ထွန်းနိုင်သည့်အနေအထား)ငွေကျပ် သုံး သောင်းကျော်ဖြင့်ပြုလုပ်ရောင်းချပေးလျက်ရှိသည်။လက်ရာအလိုက်ဈေးနှုန်းအနည်းအများကွာခြားသည်။

လက်ရှိကာလတွင်၂၀၁၈ခရီးသွားရာသီအတွက်ရည်ရွယ်ပြုလုပ်ထားသောလှပသောဘူးခါးသီးမီးအိမ်၊မီးစလောင်း၊အုန်းခွက်ပန်းချီ၊ဘူးခါးသီး ပန်းချီ၊များကို မန္တလေးမြို့အနီး အမရပူရမြို့ မြေပဲတန်းရပ်၊စစ်ကိုင်းမန္တလေးလမ်း ပုလင်းပန်းချီဦးချစ်မြ၏ပုလင်းပန်ချီပြခန်းတွင် ၀ယ်ယူနိုင်ကြောင်းသိရသည်။

တိမ်တမန်

No comments:

Post a Comment