Latest News

Tuesday, September 18, 2018

လက်ပံတောင်းဒေသတွင် မြေ၊ရေ၊လေ ပျက်စီးမှု သမ္မတခရီးစဉ် တွင် တိုင်ခဲ့သည့်ကိစ္စ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန မှ ကွင်းဆင်းစစ်

လက်ပံတောင်းဒေသတွင် မြေ၊ရေ၊လေ ပျက်စီးမှု သမ္မတခရီးစဉ် တွင် တိုင်ခဲ့သည့်ကိစ္စ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန မှ ကွင်းဆင်းစစ်

  စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ရှိ  လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ရေထု၊လေထု၊မြေထု ပျက်စီးမှုများရှိနေသည်ဟုဆိုကာ ဒေသခံအချို့မှ  နိုင်ငံတော်သမ္မဦးဝင်းမြင့်၏ မုံရွာခရီးစဉ်တွင် စာ ၇ စောင် ပေးတိုင်ကြားခဲ့မှုကို စစ်ကိုင်းတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ဦးစီးဌာနမှဦးစီးမှူး ဦးဆောင်သော အဖွဲ့သည် စက်တင်ဘာ ၁၁ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။
 
    စစ်ဆေးမှုတွင်ဆားလင်းကြီးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်၊ တိုင်းသတ္ထုတွင်းမှ ကိုယ်စားလှယ်၊ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ၊ခရိုင် ရဲမှူးကြီး၊ခရိုင်မြေစာရင်း ၊ကြေးနီစီမံကိန်းမှ ဦးပိုင်ကုမ္ပဏီ အထွေထွေမန်နေဂျာ၊မြန်မာ-၀မ်ပေါင်ကုမ္ပဏီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန တာဝန်ခံနှင့် တိုင်ကြားခဲ့သော ဒေသခံများလည်း ပါဝင်ကြောင်း သိရသည်။
 
 
လက်ပံတောင်းဒေသခံများတိုင်ကြားမှုတွင် ကုမ္ပဏီ ကျောက်ခွဲစက်မှ ကျောက်များနေ့ညမပြတ်ခွဲ၍ ထိတ်လန့်နေရမှု ၊ကျောက်မှုန်များ   ဆည်းတည်းရွာဟောင်းသို့ကျမှု၊ကုမ္ပဏီမှ အက်ဆစ်ပါသည့်စွန့်ပစ်ရေများမြစ်ရေနှင့်အတူစွန့်ထုတ်၍ စိုက်ခင်းများအထွက်လျော့ကျမှု၊တောင်ပလူ ကျော်ရွာအနီး နှစ်ရာကျော်သက်တမ်းရှိ သစ်ပင်များခြောက်သွေ့သေဆုးံမှု၊ကြက်ခြံမှ အနံဆိုးများထွက်မှု၊အက်ဆစ်မှုန်များပြန့်နှံမှု တို့ပါဝင်သည်။

    “အဲဒီမှာက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေထက်မြေယာပြဿနာကအဓိကပဲ၊အဲဒါကို မဖြေရှင်းနိုင်သရွှေ့ဖြစ်နေဦးမှာ၊ရေထု၊မြေထု၊လေထုကို စောင့်ကြည့်တိုင်းတာမှု ပိုကောင်းအောင်လုပ်ရမယ်၊ရေထွက်ပေါက်တွေကို ဒေသခံတွေလိုက်ပြခိုင်းတော့ ပြွန်တွေနဲ့တိုက်ရိုတ်ထုတ်တာမတွေ့ရဘူး၊စီမံကိန်းမှာ ကြီးကြီးမားမားရေဆိုးထုတ်တာမတွေ့ရဘူး ၊အကုန် Recycle လုပ်ထားတာတွေ့တယ်“ဟု  စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းဌေးကပြောသည်။
   
      ဆည်းတည်းရွာဟောင်းသည် ကြေးနီစီမံကိန်းနှင့်မလွတ်ကင်း၍ ရွေ့ရမည့် ကျေးရွာစာရင်းတွင်ပါသော်လည်း အိမ်ခြေ ၂၀ ကျော်မှာရွှေ့ပြောင်းရန်ကျန်နေသေး၍ ကုမ္ပဏီမှလည်း စွန့်ပစ်မြေများ၊ဆဲလ်လိုင်းများမလုပ်နိုင်သေးဟု စစ်ဆေးရေးအဖွဲ့ကဆိုသည်။
 
     လမ်းဘေးသစ်ပင် ၁၂ ပင်ခန့်ခြောက်သွေ့နေခြင်းသည်  ရေကန်စိမ့်စမ်းစွဲခြင်းကြောင့်ဖြစ်ပြီး မြေအောက်ရေကို ထိန်းချုပ်ရန်လိုနေသည်ဟုဆိုသည်။
 
    ရေနမူနာတော့ ဓာတ်ခွဲစစ်ဖို့ယူလာတယ်၊PH အဆင့်ကကောင်းတော့ စိုးရိမ်ဖွယ်ရာမရှိဘူး၊တခြားသတ္ထုဓာတ်တွေပဲစစ်ရမှာ၊ ဟု ဦးသိန်းဌေးကပြောသည်။
 
    ချင်းတွင်မြစ်ရေ မ၀င်ရန် စီမံကိန်းမှ အုတ်တံတိုင်းများကာရံထားသဖြင့် မြစ်ရေတက်ခြေတွင်သဘာအတိုင်းရေများ ပြန့်စွာမစီးဆင်းနိုင်၍ဒေသခံရွာများမှာရေမြုပ်မှုခံနေရသည်ဟုသိရသည်။
  စီမံကိန်းမှ အက်စစ်ပါသော စွန့်ပစ်ရေများကို မြစ်ရေကျချိန်ရောထုတ်လိုက်ခြင်းကြောင့် စိုက်ပျိုးမြေနုကျွန်းများသီးနှံအထွက်လျော့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။
   
    “လာစစ်မယ်ဆိုရင် လုပ်တာတွေ ရပ်ထားတာကို ပွင့်လင်းမြင်သာမှုမရှိတာဘဲ၊လုပ်ငန်းမလည်ပတ်တော့ လေထုကိုတိုင်းလို့မရဘူး ၊ကုမ္ပထဲကို စစ်ဆေးရေးအဖွဲ့က သွားရင် နစ်နာတဲ့ဒေသခံတွေလည်း လိုက်ချင်ပါတယ်ပြောတာ၊၀င်ခွင့်မပေးဘူး ၊စစ်ဆေးရေးအဖွဲ့ အစီရင်ခံစာကိုလည်းေ ဒသခံတွေကို ချပြသင့်တယ် “ဟုတုံတောကျောင်းမှ မစန်းနွဲ့က  ပြောသည်။
 
    စစ်ဆေးရေးအဖွဲ့၏  တွေ့ရှိချက်များ အစီရင်ခံစာကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်သည်။

ကိုသစ္စာ

No comments:

Post a Comment