ရန်ကုန် သြဂုတ် ၂၅
ဂျပန်နိုင်ငံ တိုကျိုမြို့၌ စက်တင်ဘာ ၁၃ ရက်တွင် ကျင်းပမည့် (၉) ကြိမ်မြောက် Myanmar Lethwei World Championship ပြိုင်ပွဲတွင် တွဲဆိုင်းခြောက်ဆိုင်းဖြင့်သာ ကျင်းပမည်ဖြစ်သည်။ ယခင်ပြိုင်ပွဲတွင် ပြိုင်ပွဲစီစဉ်သူများက စိုးလင်းဦး၊ ထွန်းထွန်းမင်း၊ ဖျံသွေး အစရှိသည့် နာမည်ကြီးလက်ဝှေ့ကစားသမားများဖြင့် ကျင်းပခဲ့သော်လည်း ယခုကျင်းပမည့်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ထွန်းလွင်မိုး၊ ရှမ်းကို စသည့် ကစားသမားများသာ ပါဝင်မည်ဖြစ်သည်။
ယင်းအတွက် Lethwei in Japan-9 အမည်ဖြင့် ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် ပါဝင်သော တွဲဆိုင်းများမှာ စောမင်းအောင် (မြန်မာ)နှင့် ခူဂျီ (ဂျပန်)၊ တောက်ရှား (မြန်မာ)နှင့် ရှီမီဇူး (ဂျပန်)၊ ထွန်းလွင်မိုး (မြန်မာ)နှင့် ဂျူနီယာဟိုက် (ဂျပန်)၊ ရှမ်းကို (မြန်မာ)နှင့် ချော့ပီ (အမေရိကန်)၊ ဘက်စတာ (ဂျပန်) နှင့် တယ်လီကူး (ဂျပန်) တို့တွဲဆိုင်းများပါဝင်သည်။
အမျိုးသမီး အထူးစိန်ခေါ်ပွဲ တွဲဆိုင်းအဖြစ် ဘရော်နီကာ (မြန်မာ) နှင့် ကူမာဂျီ (ဂျပန်) တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment