တူရင် သြဂုတ် ၂၅
ရီးယဲလ်တွင် ကိုးနှစ်ကြာကစားခဲ့သည့်ကာလ အတွင်း ရာသီတိုင်း ဂိုး ၄၀ နှင့်အထက် သွင်းယူနိုင်သော စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်အသင်း ချီယေဗိုအား အနိုင်ရသည့် ရာသီအဖွင့်ပွဲတွင် ဂိုးမသွင်းနိုင်သော်လည်း အသင်းပရိသတ် များအား ဆန္ဒမဲကောက်ခံမှု၌ ၅၉ ရာခိုင်နှုန်း ကျော်က ယခုရာသီတွင် ဂိုး ၃၀ အထက်သွင်း နိုင်မည်ဟု မဲပေးခဲ့ကြသည်။ အဆိုပါမဲစာရင်း ကို င်္ဗနမျ ၀က်ဘ်ဆိုက်မှ ကောက်ခံခဲ့ခြင်းဖြစ် ပြီး မဲပေးသူပေါင်း ၁၁၁၉၈၁ ဦး ရာခိုင်နှုန်းအား ဖြင့် ၈ ဒသမ ၉ ရာခိုင်နှုန်းက ၁၀ ဂိုးမှ ဂိုး ၂၀ ကြားသွင်းနိုင်မည်ဟု မဲပေးကာ မဲပေးသူပေါင်း ၃၉၃၄၁၃ ဦး ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၃ ရာခိုင်နှုန်းက ၂၁ ဂိုးမှ ဂိုး ၃၀ ကြား၊ မဲပေး သူပေါင်း ၇၄၃၄၉၂ ဦး ရာခိုင်နှုန်းအားဖြင့် ၅၉ ဒသမ ၁ ရာခိုင်နှုန်းက ၃၁ ဂိုးမှ ဂိုး ၅၀ ကြား၊ မဲပေးသူပေါင်း ၉၃၄၂ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၇ ရာခိုင်နှုန်းက အနည်းဆုံး ဂိုး ၅၀ သွင်းနိုင်လိမ့်မည်ဟု မဲပေးခဲ့ကြသည်။
အီတလီဂန္ထ၀င်ကစားသမားဟောင်း ကာစီရာဂီက အီတလီတွင် ခံစစ်ကစားပုံပိုကောင်းခြင်းကြောင့် စီရော်နယ်ဒိုသည် ယခုရာသီတွင် ဂိုး ၄၀ သွင်းနိုင်ရန်မှာ မဖြစ်နိုင်ဟုသုံးသပ်ခဲ့သည်။ စီရော်နယ်ဒိုသည်ပြီးခဲ့သည့် ဘောလုံးရာသီတွင် စပိန်လာလီဂါ၌ ၂၇ ပွဲကစားရာတွင် ၂၆ ဂိုးသာသွင်းနိုင်ပြီး ဂျူဗင်တပ်စ်နှင့် လာဇီယို ကစားသမားဟောင်း ကာစီရာဂီက “စီရော်နယ်ဒို က ဂျူဗင်တပ်စ်ကို အောင်မြင်မှုတွေရယူဖို့ လာသူဆိုတာမှန်ပါတယ်။ ဒါပေမဲ့ စီးရီးအေ ကစားဟန်က လာလီဂါလိုမဟုတ်ဘဲ ခံစစ်ကစား ရာမှာ ပိုပြီးကောင်းလို့ သူ့အနေနဲ့ ဂိုး ၄၀ ရဖို့ မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။
စီးရီးအေ ဂိုးသွင်းဘုရင်ဆုကို စီးရီးအေနှင့်ပိုအသားကျသည့် အီတလီတိုက်စစ်မှူးများဖြစ်သော အင်မိုဘိုင်းနှင့် ဘယ်လော့ တီတို့ရနိုင်သလို အေစီမီလန်တိုက်စစ်မှူး ဟီဂူအင်လည်း ဂိုးများစွာ သွင်းနိုင်လိမ့်မည်ဟု ကာစီရာဂီက သုံးသပ်သည်။
ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်ဒိုကို ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေးသီးသန့်ပေါင်သန်း ၁၀၀ ပေးရသော်လည်း စီရော်နယ်ဒိုအားခေါ်ယူခြင်းကြောင့် အသင်းရှယ်ယာတန်ကြေးသည်လည်း စတော့ဈေးကွက်တွင် ၅၅ ဒသမ ၁၅ ရာခိုင် နှုန်းအထိ မြင့်တက်လာနိုင်ခဲ့သည်။
ဇွန် ၁ ရက်က ဂျူဗင်တပ်စ်ရှယ်ယာတစ်စု ဈေးနှုန်းမှာ သုည ဒသမ ၆၁၉ ယူရိုမှ ၁ ဒသမ ၀၂၄ ယူရို (၆၅ ဒသမ ၄၃ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပြီး ဇူလိုင် ၁ ရက် ဈေးကွက်တွင် ရှယ်ယာတစ်စုအတွက် သုည ဒသမ ၆၆၀ ယူရိုမှ ၁ ဒသမ ၀၂၄ ယူရို (၅၅ ဒသမ ၁၅ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်း အီလီသတင်းဌာနများက ဖော်ပြခဲ့ကြသည်။
MWD
No comments:
Post a Comment