Latest News

Thursday, August 16, 2018

အချိန်တိုတိုခရီးသွား၊ ရန်ကုန်မြို့ပတ်များမှ

အချိန်တိုတိုခရီးသွား၊ ရန်ကုန်မြို့ပတ်များမှ

လူနေထိုင်မှု များပြားလာသော ရန်ကုန်မြို့တော်တွင် တစ်နေရာမှ တစ်နေရာသို့ သွားလာပို့ဆောင်ရေးကို  ဝိုင်ဘီအက်စ်က အဓိက တာဝန်ယူ သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ တိုးချဲ့ပြေးဆွဲလာသော ယာဉ်အစီးရေတို့ကြောင့် ယာဉ်ပေါ်တွင်  ခရီးသွား ပြည်သူများ ကျပ်သိပ်တိုးဝှေ့စီးနင်းရခြင်းဘဝမှ  လွတ်မြောက်ခဲ့ကြပြီဖြစ်သည်။ ယာဉ်ကြောကျပ်တည်းမှုကို  ရှောင်ရှားနိုင် စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်းပြီး ရန်ကုန်မြစ်ချောင်းများကို အသုံးပြု၍ သွားလာ ပို့ဆောင်စေသည့် ရန်ကုန်ဝါးတားဘတ်စ်ကို ၂ဝ၁၇ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့သည်။ မြစ်ချောင်းသွား အပျော်စီးခရီးစဉ်အဆင့်မှ အမှန်တကယ်သယ်ယူပို့ဆောင်ရေးအဆင့်သို့  တစ်ဆင့်ပြီးတစ်ဆင့်   ရန်ကုန် ဝါးတားဘတ်စ်၏  ရေလမ်းသွားလာရေးကဏ္ဍက မြင့်တက်လာနေသည်။

ထို့အတူ  ရန်ကုန်မြို့၏  သယ်ယူပို့ဆောင်ရေးကဏ္ဍကို ကနဦးကပင်  တာဝန်ယူခဲ့ရသော  မြန်မာ့မီးရထားကလည်း ခေတ်နှင့်အညီ အမီလိုက်နိုင်ရန် ကြိုးစားလျက်ရှိသည်။ ၁၉၅၉ ခုနှစ်   မတ်    ၁၉ ရက်တွင်  တစ်လမ်းမောင်းစနစ်ဖြင့် စတင်မွေးဖွားခဲ့သော ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း များကို ယခုအခါ အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။     ခရီးသည်များ သက်သောင့် သက်သာ  အတက်အဆင်းပြုလုပ်နိုင်စေရေးအတွက်  ဘူတာရုံများတွင် နဂိုရှိရင်းစွဲ ပလက် ဖောင်းများကို မြှင့်တင်လျက်ရှိသည်။ ပြေးဆွဲလျက်ရှိသော  ရထားများအရှိန်မြှင့်ပြေးဆွဲနိုင် ရေးအတွက် ရထားလမ်းပိုင်းများ  ကြံ့ခိုင်မှုကို အဆင့်တိုးမြှင့်လျက်ရှိသည်။  ရထားသွားလာ နေစဉ်  မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးနှင့် ရထားလမ်းပိုင်းများတစ်လျှေက်      မြင်ကွင်းများပသာဒဖြစ်စေရန်အတွက် ခြံစည်းရိုးကာခြင်းများ၊   အုတ်တံတိုင်းခတ်ခြင်းများ ကို  ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် နေ့စဉ် ခေါက်ရေ ၂၂ဝ ကို အာရ်ဘီအီးရထား ၁၂ ဆိုင်း၊ ရထားကြီး ၁၃ ဆိုင်း စုစုပေါင်း တွဲဆိုင်း   ၂၅  ဆိုင်းဖြင့်    ပြေးဆွဲပေးလျက်ရှိရာ   ခရီးသည် ရှစ်သောင်း လိုက်ပါစီးနင်းလျက်ရှိသည်။  လမ်းများအဆင့်မြှင့်တင်နေခြင်းကြောင့် အချို့ နေရာများတွင် အတွင်းပတ်လမ်းကို အသုံးမပြုဘဲ အပြင်ပတ်လမ်းတစ်လမ်းတည်းဖြင့်သာ အသုံး ပြုပြေးဆွဲနေရသဖြင့်  ယခင်နှစ်ကထက်  ခရီးသွားလျော့နည်းခဲ့သည်။ အရှည်အားဖြင့် ၂၉ ဒသမ ၅ မိုင် (၄၇ ကီလိုမီတာ) ရှိသော  ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများ  ပြုပြင်နေမှုအကြောင်းကို မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေးဌာန၊ တိုင်းအမှတ် (၇)မှ မန်နေဂျာဖြစ်သူ    ဦးဇော်လွင်ကို  သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ-
''ရန်ကုန်မြို့ပတ်ရထားက အနောက်ခြမ်းမှာဆိုရင် တညင်းကုန်းနဲ့   အင်းစိန်လမ်းပိုင်းကို  စပြီး ဆောင်ရွက် ခဲ့ပါတယ်။    ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွေကို ကုမ္ပဏီနှစ်ခုက တင်ဒါ အောင်ခဲ့တာပေါ့။ အနောက်ခြမ်းကိုတော့ အေဝမ်းကုမ္ပဏီက ဆောင်ရွက်ပါတယ်။ အနောက်ခြမ်းဆိုတဲ့ နေရာမှာ တညင်းကုန်း၊ အင်းစိန်၊ ကြည့်မြင်တိုင်၊  ဘုရားလမ်း ဘူတာအထိက   အနောက်ခြမ်းပါ။   အရှေ့ခြမ်းကိုတော့ ရွှေတောင်ကုမ္ပဏီက  တင်ဒါအောင်ခဲ့ပါတယ်။  အရှေ့ခြမ်း ဆိုတာကတော့ တညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်းနဲ့ ပုဇွန်တောင်ပေါ့။ စပြီးဆောင်ရွက်တာကျတော့ အေဝမ်းကုမ္ပဏီ ကနေ  တညင်းကုန်းနဲ့ အင်းစိန်လမ်းပိုင်းမိုင်အားဖြင့်တော့ ၃ ဒသမ ၇၅ မိုင် ရှိတယ်။ အဲဒါကို စပြီးဆောင်ရွက်တော့ လမ်း တစ်လမ်းကိုပိတ်ပြီးတော့မှ ပြုပြင်မှုကို ဆောင်ရွက်ခဲ့တာပေါ့။ ဘယ်တုန်းက စတာလဲဆိုရင် ၂၁-၂-၂ဝ၁၈  ရက်နေ့မှ စခဲ့တာပါ။ အခုအချိန်ထိတော့ လက်စမသတ်နိုင်သေးဘူးပေါ့။ သိပ်မကြာ တော့ဘူးလို့တော့   ပြောတာပဲ။ လမ်းကနှစ်လမ်းရှိတာပေါ့။ အစုန်လမ်း အဆန်လမ်းပေါ့။ အတွင်းလမ်းနဲ့ အပြင်လမ်းရှိတဲ့ အနက် အတွင်းလမ်းကို ပိတ်ပြီးတော့ပြင်တာပေါ့။ အပြင်လမ်း ကနေ ရထားသွားလာရေးလုပ်ငန်းကို လမ်းတစ်လမ်းတည်းကပဲ  လုပ်တာပေါ့။ ပုံမှန်အားဖြင့် အတွင်းလမ်းကော၊ အပြင်လမ်းကော လမ်းနှစ်လမ်းလုံး အတွက် သတ်မှတ်ထားတာတော့ လေးလ နဲ့ အပြီးဆောင်ရွက်ဖို့  သတ်မှတ်ထားတာပေါ့။ သူတို့မှာလည်း ဘာအခက်အခဲတွေ ကြုံသလဲတော့   မသိဘူး မပြီးသေးဘူး။ ဒါက အေဝမ်းလုပ်နေတဲ့အပိုင်းပေါ့။“ဒါပြီးသွားရင်း အင်းစိန်နဲ့ ကြည့်မြင်တိုင်လုပ်ရမယ်။ နောက်တစ်ခုက ကြည့်မြင်တိုင်နဲ့ ဘုရားလမ်းပေါ့။ သူက အပိုင်းသုံးပိုင်းခွဲထားတာ။ အပိုင်း ၁၊၂၊ ၃ ဆိုပြီး လုပ်နေတာပါ။  ရွှေတောင်ကုမ္ပဏီဘက်အခြမ်းကတော့  လောလောဆယ် အကြမ်းဖျင်း နှစ်ပိုင်းခွဲထားတာပေါ့။ တညင်း ကုန်းနဲ့  မင်္ဂလာဒုံ၊   ပုရွက်ဆိတ်ကုန်းဆိုပြီးတော့  တစ်ပိုင်း၊  ပုရွက်ဆိတ်ကုန်းကနေ  ပုဇွန်တောင်ထိအောင် တစ်ပိုင်းပေါ့။ ပလက်ဖောင်းအဆင့်မြှင့်တင်ခြင်းအနေနဲ့က အေဝမ်းဘက်မှာ ရှစ်ဘူတာ  ဆောင်ရွက်နေတယ်။   တခြားဟာတွေဖြစ်တဲ့ အုတ်တံတိုင်းခတ်တာတို့၊  သံဆူးကြိုးခတ်တာတို့   အတော် များများတော့  လုပ်ပြီးနေပြီ။  ရွှေတောင်ကတော့ လုပ်ငန်းမစရ သေးဘူး။ လာမယ့် ပွင့်လင်းရာသီရောက်မှ လုပ်ငန်း တွေစမှာပါ''ဟု  ပြောသည်။
မြို့တော်ရန်ကုန်၏ ရထားပို့ဆောင်ရေးအနေနှင့် မြို့ပတ်နဲ့ ဆင်ခြေဖုံးလမ်းပိုင်းဟူ၍ရှိရာ  စုစုပေါင်းရထားလမ်း ၁၄၅ ဒသမ ၁၄ မိုင်ရှိသည်ဟု  သိရသည်။ နံနက်ခင်း ၇ နာရီနှင့်  ၉ နာရီ အကြား၊ ညနေခင်း ၄ နာရီခွဲနှင့် ၇ နာရီအကြား   ရုံးတက်၊ ရုံးဆင်းချိန်များတွင်  ခရီးသည်ရရှိမှုက   အများဆုံးဖြစ်သည်။ တညင်းကုန်းရှိ ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံရောင်းချ သူ တို့က သယ်ယူပို့ဆောင်ရေးစရိတ်စကသက်သာသော မြန်မာ့ မီးရထားကို အားကိုးသည်။ ဘူတာပေါင်း ၃၈ ဘူတာရှိသော ရန်ကုန်မြို့ပတ်ရထားလမ်းက မြို့တစ်ပတ်လျှင် စီးနင်းချိန်၂နာရီ နှင့် မိနစ် ၅ဝ ကြာမြင့်သည်ဟု သိရသည်။   

ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်မှုပြီးပါက ခရီးသွားချိန်မှာ ခန့်မှန်းချိန်  ၁နာရီ မိနစ် ၅ဝ ခန့်သာ ကြာမြင့်တော့မည်ဖြစ်သည်။

သို့မှသာ ရန်ကုန်မြို့တော်အတွင်း နေထိုင်လျက်ရှိသည့် လူထု လူတန်းစားများအနေဖြင့်    ရန်ကုန်မြို့တော်ဥပဒေများကို          သိရှိပြီး  လိုက်နာနိုင်ပေမည်။ ထိုသို့ စည်းမျဉ်းစည်ကမ်းများ   လိုက်နာနိုင်မှသာ  ရန်ကုန်မြို့တော်ကြီးကို   အလျင်အမြန်                       နိုင်ငံတကာအဆင့်မီမြို့တော်ကြီးအဖြစ် တည်ထောင်နိုင်မည် ဖြစ်ပါကြောင်း။       

ထင်ပေါ်ဝင်း

No comments:

Post a Comment