Latest News

Thursday, August 16, 2018

ရန်ကုန်မြို့ပြပုံရိပ်နှင့် လမ်းဘေးဈေးသည်များ

ရန်ကုန်မြို့ပြပုံရိပ်နှင့် လမ်းဘေးဈေးသည်များ

ယနေ့ ရန်ကုန်မြို့ကြီး၏ မြို့နယ်အသီးသီးရှိ ဈေးများဝန်းကျင် တွင် လမ်းပေါ်ဈေးသည်များ ပို၍များပြားလာသည်ကို တွေ့မြင် ရမည်ဖြစ်သည့်အပြင် ခုံးကျော်တံတားထိပ်နှင့် တံတားအောက် တို့တွင် ဟင်းသီး၊  ဟင်းရွက်၊   အသား၊      ငါးရောင်းချသည့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်များကို တွေ့မြင်လာရမည်ဖြစ်သည်။

မြို့နယ်များတွင်  ခေတ်မီဈေးကြီးများအစားထိုး  တည် ဆောက်ရန် လိုအပ်လာသည့်နည်းတူ  လက်ရှိရောင်းချနေသော ဈေးဝန်းကျင်ရှိ လမ်းပေါ်ဈေးသည်များ၊ ကားလမ်းပေါ်၊ ရပ်ကွက် ထိပ်၊ ရပ်ကွက်အတွင်းလမ်း၊ လမ်းထိပ်၊ လမ်းဆုံများ၊ ကားလမ်း ဆုံ၊ မြို့တွင်းကားလမ်းမကြီးဘေးမှ လမ်းပေါ်ဈေးသည်များနှင့် အိမ်ရာများအတွင်းရှိ လမ်းပေါ်ဈေးသည်များ၊    ဟိုတယ်များအနီး ဈေးသည်များ   ဖွင့်လှစ်ရောင်းချလာမှုတို့သည်     တားဆီး လျော့နည်းသွားခြင်းထက်  ပို၍များပြားလာသည်ကို  တွေ့ရမည် ဖြစ်သည်။

ရန်ကုန်မြို့တွင်းလမ်းများပေါ်တွင်   ဈေးသည်များ   ဗန်းခင်း ရောင်းချလာမှုကြောင့်        ကားလမ်းပေါ်မှ   ပြည်သူအများ ဆင်းလျှောက်နေရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ယာဉ်သွား လာမှုများသော  ရန်ကုန်မြို့ပြကားလမ်းများပေါ်တွင်  ကားများ ကိုသတိပြု၍   သွားလာကြရသည့်နည်းတူ လမ်းဘေးဈေးသည် များ၊  ခုံများကို     ရှောင်ကွင်းသွားလာနေကြရသည့်အတွက် ရန်ကုန်မြို့တွင်းရှိ လမ်းပေါ်၊ လမ်းတွင်းဈေးသည်များ ရှင်းလင်း သွားမှုမရှိခြင်း၊ က္ဘာအေးဘုရားလမ်းနှင့်  စက်မှု (၁)  လမ်းဆုံ မီးပွိုင့်အနီး  ဟိုတယ်ကြီးအနီးတွင်ရှိသော စက်မှု (၁) လမ်းပေါ် မှနေ့ပိုင်း၊ညပိုင်းဈေးသည်များ၊  သိမ်ကြီးဈေးနံဘေးတွင်ရှိသော လမ်းအတွင်းနှင့်       လမ်းထိပ်ကိုပိတ်၍     ရောင်းချနေသော ဈေးသည်များ၊ ရန်ကုန်စာတိုက်ကြီးနံဘေး  ဗိုလ်အောင်ကျော် လမ်း၏  လူသွားလမ်းပလက်ဖောင်းပေါ်မှ    ဈေးဆိုင်တန်းများ၊ ဗိုလ်တထောင်ဘုရားမုခ်ဦးအောက်မှ  ဈေးသည်များ၊    တာမွေ ခုံးကျော်တံတားကြီးအောက်တွင် ဈေးတန်းကြီးသဖွယ် ရောင်းချ လာသော ဈေးသည်များကို  တွေ့မြင်ရမည်ဖြစ်ပြီး      ပြည်သူ အများသွားလာမှုကို  အနှောင့်အယှက်တစ်ခုသဖွယ်   နေ့စဉ် ကြုံတွေ့ရလျက်ရှိသည်။                       
ရန်ကုန်မြို့ပြ၏ စက်မှုမြို့ဖြစ်သော လှိုင်သာယာမြို့နယ်  တွင် မီးခွက်ဈေး၊ပင်လုံဈေးနှင့် ရွှေရင်အေးဈေးတို့သည်  ထို                    စက်မှုမြို့နယ်၏ အထင်ကရဈေးများဖြစ်ပြီး ရန်ကုန်-ညောင်တုန်း လမ်း၊ ရန်ကုန်-ပုသိမ်လမ်းနှင့် အနောက်ပိုင်းတက္ကသိုလ်သွားလမ်း မကြီးဖြစ်သည့် အနော်ရထာလမ်းမကြီးသည် စက်မှုမြို့ကြီး ၏အဓိကလမ်းမကြီးများပင်ဖြစ်သည်။ ထိုလမ်းမကြီးသုံးခုတွင် ရန်ကုန်-ပုသိမ်လမ်းနှင့်ရန်ကုန်-ညောင်တုန်းလမ်းမကြီးဝဲ၊ ယာမှ ဈေးဆိုင်များကို ဇူလိုင်လက တစ်ဖက်လေးလမ်းသွားအဖြစ် ဖော်ဆောင်ရန် ရှင်းလင်းဆောင်ရွက်ခဲ့ရာ လမ်းမကြီးမှာ  ယခင် ထက်များစွာ လမ်းမကြီးများအဂ¯နှင့်အညီ  လှပတင့်တယ် လာသည်ကို တွေ့မြင်ရသည်။ ထိုနည်းတူ အမှတ်(၂ဝ)ရပ်ကွက် ရွှေမင်းဝံယာယီဈေးအပြင်ဘက်ရှိ အနော်ရထာကားလမ်း မကြီးပေါ်မှ လမ်းပေါ်ဈေးသည်များကို  ဈေးရောင်းသူ၊ ဈေးဝယ် သူများ အ္တရာယ်ကင်းရှင်းစွာရောင်းချနိုင်ရန်  အမှတ်(၂ဝ)ဈေးကြီးကို  တည်ဆောက်၍  ဖွင့်လှစ်ရောင်းချပေးခဲ့သော်     လည်း ယခုအခါထိုကားလမ်းမကြီးပေါ်တွင် ပြန်လည်ရောင်းချ နေသည်မှာ ပွဲဈေးတန်းကြီးပမာ ပြန်လည်ရောင်းချနေသော ကြောင့် ကွန်တိန်နာယာဉ်များ၊ ကျောင်းကြို၊ ကျောင်းပို့ယာဉ် များ၊ စက်မှုဇုန်များမှ ကွန်တိန်နာယာဉ်များဖြင့် နံနက် ၊ ညနေ ပိတ်ဆို့နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ထိုနည်းတူ ဈေးကြီးတစ်ဈေးဖြစ်သော လှိုင်သာယာမီးခွက် ဈေးလမ်းမကြီးကို  ကွန်ကရစ်လမ်းအဖြစ်   အများပြည်သူ            သွားလာရေးလွယ်ကူချောမွေ့စေရန်နှင့်  ရန်ကုန်-ညောင်တုန်း ကားလမ်းနှင့်ရန်ကုန်-ပုသိမ်ကားလမ်းကိုဆက်သွယ်ထားသည့် မီးခွက်ဈေးလမ်းမကြီးမှ ယာဉ်များဖြတ်သန်း သွားလာခြင်းဖြင့် ရပ်ကွက်နေပြည်သူမျာ့းြှ ယာဉ်လိုင်းဖြင့် ပြေးဆွဲပေး ခဲ့သော်လည်း  မီးခွက်ဈေးလမ်းဆုံမီးပွိုင့်မှ   အောက်မှစ၍      မီးခွက်ဈေးအောက်ထိပ်ထိ လမ်းပေါ်ဈေးသည်များ  တိုးချဲ့ ရောင်းချလာခြင်းကြောင့် ယာဉ်လိုင်းသွားလာ၍မရေတာ့ဘဲ ရပ်နားလိုက်ရပြီး  စည်းကမ်းမဲ့ဈေးသည်များရောင်းချမှုကို          တားဆီးထိန်းချုပ်မှုလုပ်ဆောင်နိုင်မှုမရှိသည်ကို တွေ့မြင်ရ မည်ဖြစ်သည်။
မီးခွက်ဈေး၏ညာဘက်ရှိ ဘိုးရာဇာကွန်ကရစ်လမ်းမကြီးမှာလည်း လုံးဝပြည်သူသွား၍ မရတော့သည့်အထိ ဈေးသည်   သုံးတန်းဖြင့်ရောင်းချလျက်ရှိသည့်နည်းတူ ဈေးကြီး၏ ဘယ်ဘက်ရှိ စိန်ပန်းမြိုင်သုံးလမ်းမှာလည်း သား၊ ငါး၊ ဟင်းသီးဟင်းရွက် ကျူးကျော်ဈေးသည်တို့ကြောင့် ဈေးအနီးရှိ ကျောင်းသို့သွား ရောက်ရာတွင် ကျောင်းသား ကျောင်းသူတို့မှာ သွားလာရေး     အခက်အခဲနေ့စဉ်ကြုံတွေ့ရလျက်ရှိသည်။
 ပင်လုံဈေး၊ ရွှေရင်အေးဈေးတို့တွင်လည်းကားလမ်းပေါ်ဈေးသည်များဖြင့်  သွားလာရေးခက်ခဲလျက်ရှိပြီး ရန်ကုန်-ညောင်တုန်းလမ်းနှင့် ရွှေပြည်သာတံတားအဆင်း အနော်ရထာ လမ်းမကြီးကိုဆက်သွယ်ထားသည့် ကျန်စစ်သားလမ်းမကြီး မှာလည်း ၁၅  ရပ်ကွက်မှ ၁၅ ဈေးအဖြစ် လမ်းပေါ်တွင် ဈေးသည်၊ သုံးဘီးဆိုင်ကယ်တို့ဖြင့် နံနက်၊ ညနေပိတ်ဆို့လျက်ရှိသည့်  အပြင်   ရွှေလင်ပန်းစက်မှုဇုန်ရှိ ကျန်စစ်သားလမ်းမကြီးပေါ်      တွင် ရွှေလင်ပန်းဈေးအဖြစ်လမ်းမကြီးပေါ်တွင် သွားလာရေး ခက်ခဲစွာဖြင့် ဈေးအဖြစ် ဖော်ဆောင်ရောင်းချနေမှုကြောင့် အနံ့ အသက်များ၊စွန့်ပစ်ရေများဖြင့် လမ်းမကြီးမှာလည်း ပျက်စီး လျက်ရှိကာ စက်ရုံသွားကားများနှင့် ဖြတ်သန်းသွားလာကြ သောပြည်သူအများ သွားလာရေးခက်ခဲမှုကို နေ့စဉ်ကြုံတွေ့ နေရလျက်ရှိသည်။
ဌာနဆိုင်ရာရုံးများစိုက်ရာ ရုံးလမ်းတစ်လျှောက်တွင်လည်း ထမင်းဆိုင်၊  လက်ဖက်ရည်ဆိုင်တန်းများဖြင့်  ရန်ကုန်-ညောင်တုန်းကားလမ်းမကြီးကို ကျောပေးလျက်  လမ်းဘေး ဈေးဆိုင်တန်းများကို တွေ့မြင်ရမည်ဖြစ်သည်။ ရွှေပြည်သာ မြို့နယ်တွင်လည်း ထန်းခြောက်ပင်လမ်းဆုံမှစ၍  ကားလမ်းဘေး ဈေးသည်များကို တွေ့မြင်ရမည်ဖြစ်ပြီး ရပ်ကွက်ဈေးများ၏ဈေးဝန်းကျင်လမ်းများပေါ်တွင်  လမ်းပေါ်ဈေးသည်များကို တွေ့မြင်ရမည်ဖြစ်သည်။ ကမာရွတ်မြို့မဈေးအနီးရှိ ထန်းတပင် ဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမကြီးတွင်လည်း   ဟင်းသီး  ဟင်းရွက်၊ အသား၊ ငါးဈေးသည်များဖြင့် ပိတ်နေသောကြောင့် ရပ်ကွက်အတွင်း ဝင်၊ ထွက်သွားလာရာတွင် လူနှင့်ယာဉ်များ                  သွားလာရေးအခက်အခဲကြုံတွေ့နေရလျက်ရှိသည်။
ရန်ကုန်မြို့ပြ၏မြို့တွင်းလမ်းများသန့်ရှင်းလှပ၍ ပြည်သူ အများ လွတ်လပ်ပေါ့ပါးစွာသွားလာနိုင်ရန် လိုအပ်လာသည့် အပြင်  မြို့နယ်အသီးသီးတို့၏ ဈေးများ၊ ဌာနဆိုင်ရာရုံးများ၊ ဘုရားကျောင်းကန်ဝန်းကျင်နှင့်  စာသင်ကျောင်းတို့ရှေ့တွင်     လူနေဆိုင်ခန်းများအဖြစ်    ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကျူးကျော်ဈေးဆိုင်များကို   ရှင်းလင်းဆောင်ရွက်ခြင်းဖြင့် ပြည်သှူကျန်းမာရေးနှင့်မြို့ပြ  အလှတင့်တယ်မှုကို များစွာ အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။

သို့ဖြစ်၍ မြို့နယ်အသီးသီးရှိ ဈေးများပြုပြင်မွမ်းမံခြင်း၊ တိုးပွားလာသော  လူဦးရေအရ  ဈေးသစ်များ တည်ဆောက်       ခြင်း၊ ဈေးဝန်းကျင်နှင့်  အများပြည်သူတို့  အဓိကသွားလာရာ  ကားလမ်းမကြီးများပေါ်တွင်   ကျူးကျော်ဈေးသည်များ ရောင်းချ ခွင့်မပြုခြင်းတို့ လိုအပ်လာပြီဖြစ်သည်။

ထို့ကြောင့် မြို့နယ်အသီးသီးတို့ရှိ ဈေးများနှင့်ဝန်းကျင် အား ဈေးအဂ¯နှင့်အညီ မထားရှိနိုင်သရွေ့   ရန်ကုန်မြို့ပြ၏ပုံရိပ်ကိုထိခိုက်စေလျက်ရှိ နေမည်သာဖြစ်ပါကြောင်း  ရေးသား လိုက်ရပါသည်။   

သော်တာနမ့်စန် ဓာတ်ပုံ-သစ္စာ

No comments:

Post a Comment