Latest News

Sunday, August 5, 2018

ကျောက်ဖျြူ ရေနက် စီမံကိန်း ၁.၃ ဘီလျံ ဖြစ်သွားပြီ

ကျောက်ဖျြူ ရေနက် စီမံကိန်း ၁.၃ ဘီလျံ ဖြစ်သွားပြီ


ကျောက်ဖြူ စီမံ ကိန်း အတွက် မူလ ကုန်ကျ
စရိတ် ဒေါ်လာ ၇.၃ ဘီလီယံ မှ ၆ ဘီလီယံ
အထိ ဖြတ်ချနိုင်ခဲ့ပြီဟု အစိုးရ အကြံပေး
သြစတေးသျ ပညာရှင် ရှောင် တန်းနယ်က
ထုတ်ဖေါ်ပြောကြားလိုက်တယ်လို့ ရိုက်တာ
သတင်းမှာ ဖေါ်ပြထားပါတယ်။

ထို့ အပြင် တရုတ် နဲ့ ရင်ဆိုင်ရာမှာ တွန်းကန်
နိုင်စွမ်း သိပ်မရှိတဲ့ နိုင်ငံတွေ အဖို့ အချုပ်အခြာ
အာဏာ မဆုံးရူံးစေရေး နဲ့ အကြွေးနွံထဲ
မရောက်ရေး မြန်မာ ကို အတုယူသင့်လှတယ်
လို့ လည်း ဆိုပါတယ်။

ဒါတင်မကသေးပဲ မြန်မာမှ နိုင်ငံတကာ
consultant ငှားပြီး ကုန်ကျ စရိတ်များ လျော့
နိုင်သမျ လျော့လို့ ရအောင် စီစစ်ခိုင်းဖို့ လည်း
ရှိနေတဲ့ အတွက် လပေါင်းများစွာ ကြန့်ကြာ
ဦးမှာလည်း ဖြစ်ပါတယ်။

၎င်း၏ ပြောဆိုချက်သည် စီမံဘဏ္ဍာ ဒုဝန်ကြီး
ဦးဆက်အောင် ပြောခဲ့သလို ပထမအဆင့်
စမ်းသပ်လုပ်ကြည့်ပြီး အောင်မြင်ပြီး ကုန်ကျငွေကို ကာမိမှသာ ထပ်မံ
တိုးချဲ့ သွားမယ် ဆိုတဲ့ ပြောဆိုခဲ့မှု နဲ့ ကိုက်ညီ
နေပါတယ်။

ဆွေးနွေးပွဲ မှာ ပါဝင်တဲ့ တရုတ် အရာရှိများက
လည်း စီမံကိန်းကို လေးဆင့် ခွဲထားကြောင်း
အတည်ပြု ခဲ့ကြပါတယ်။

တရုတ်တွေရဲ့ မူလ အစီအစဉ်ကတော့ ယူနန်
ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရေနံပိုက်လိုင်း
နဲ့ သယ်ပို့လို့ ရအောင် ၂၅ မီတာ အနက်ရှိတဲ့
ရေနံတင် သင်္ဘောအကြီးစားတွေ ဆိုက်ကပ်နိုင်
ရေး စီမံခဲ့ကြတာ ဖြစ်ပါတယ်။ ထို့အပြင်
ကွန်တိန် နာ တွေ အတင်အချကိုလည်း မနီလာ
ဆိပ်ကမ်း နဲ့ စပိန်က ဗဲလင်စီယာ ဆိပ်ကမ်း
မျိုး လောက် ကြီးကျယ်အောင် လုပ်နိုင်ဖို့ ကြိုး
စားလာကြတာ ဖြစ်ပါတယ်။

 ယခုအခါ သင်္ဘောရပ်နား ဆိပ် နှစ်ခု သာ
တည်ဆောက်ဖို့ ညှိနှိုင်း နိုင်ခဲ့ပါတယ်။

ဒီလို ဆိပ်ကမ်းကြီးကို တရုတ်ကို ၈၅% အထိ
ယခင် စစ်တပ်ရဲ့ ထောက်ခံမူ ရခဲ့တဲ့ အစိုးရ က ပိုင်ဆိုင်ခွင့် ပေးထားခဲ့ပါ တယ်။

ရခိုင် အရေးကြောင့် တရုတ်ရဲ့ ထောက်ခံမှုလို
အပ်နေချိန် မှာတောင်မှ ယခုလို တိုင်းပြည်ကို
တရုတ် ရဲ့ အကြွေးနွံထဲက နေ လိမ်မာ ပါး
နပ်စွာ ရှဥ့်လည်း လျောက်သာ ပျားလည်းစွဲသာ
အောင်  ဆွဲထုတ်နိုင်ခဲ့တာ အတွက် လက်သန်း
လေး မှင်ပေခံပြီး တိုင်းပြည်အကျိုး
ကြည့်ခဲ့တယ် လူတွေ ဂုဏ်ယူ သင့်လှပါတယ်။

ယခုလို အခြေအနေမျိုးသာ ယခင် အစိုးရ
ကြုံခဲ့ရလို့ ရှိရင် တရုတ်ကို ကမ္ဘောဒီယားလို
လို ခြင်တာ ပေးပြီး ဖြစ်နေပါပြီ။ ကမ္ဘောဒီယား
မှာ တရုတ် ရင်းနှီးမြုပိနှံမှုတွေကြောင့် မီးတွေ
လည်း ထိန်ပြီး တမြို့လုံး နီးပါး တရုတ်စား
သောက်ဆိုင်တွေ၊ တရုတ် လူဆိုးဂိုဏ်းတွေ
နဲ့ ဒင်းကြမ်းပြည့်နေပါတယ်။ ၀န်ကြီးချုပ် ဟူဆန်
ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ တရုတ်
သံအမတ်က ရှေ့ ဆုံးတန်း မှ မိန့် မိန့်ကြီး ၀င်
ထိုင်နေပါတယ်။ ကမ္ဘောဒီယားရဲ့ ပြည်ပကြွေးမြီ
တ၀က်က တရုတ် အပေါ် တင်နေပါတယ်။

ဖနွမ်းပင် အနီး မှာ က္ဈန်းတက္ဈန်းကို ဖေါ်ပြီး
တရုတ်က Diamond Island City ဆိုပြီး
သူပိုင် က္ဈန်းသဖွယ် ဒေါ်လာ ၁၇ .၅ ဘီလီယံ
တန် ကန်ထရိုက် လုပ်ငန်းများ လုပ်နေပါတယ်။
ကမ္ဘောဒီယားရဲ့ GDP က ၂၀ ဘီလီယံပဲ ရှိပါ
တယ်။

ယခု အခါတော့ ကမ္ဘောဒီယား အဖို့ ဘယ်လို
မှ နောက်ပြန်လှည့်လို့ မရအောင် တရုတ်
လက်တွင်း ကျရောက်သွားပြီ ဖြစ်ပါတယ်။

မြန်မာက ကမ္ဘောဒီယားထက်စာရင် ဖွံ့ဖြိုးမှူ
အရမ်း နောက်ကျသွားပြီလို့ တရုတ် အစိုးရ
သတင်းစာက ပြီးခဲ့တဲ့ အပါတ်ကတည်းကမှ
ငြည်းငြု သွားခဲ့ပါတယ်။

ဒီလို အနေအထားမျိုး မိမိတို့ အနေုဖြင့် မည်သို့
မျ အရောက်ခံ၍ မဖြစ်ပေ။

ပြို ကျ လုမတတ် ဖြစ်ခဲ့တဲ့ အိမ်အိုကြီးကို
ပြန်ပြင်လို့ တော့ မဖြစ်နိုင်တော့။
ရေရှည်အတွက် အသစ်ကနေ ပြန် စဆောက်
သင့် နေတာ သတိပြု မိဖို့ လိုပါတယ်။

လှစိုးဝေ

No comments:

Post a Comment