Latest News

Sunday, August 5, 2018

အောင်ရဲထွေး အမှု ရုပ်သိမ်းရန် ဆုံးဖြတ်ချက် အပေါ် အကျင့်ပျက် ခြစားမှု ကော်မရှင်မှ စစ်ဆေးမည်ဟု ဆို

အောင်ရဲထွေး အမှု ရုပ်သိမ်းရန် ဆုံးဖြတ်ချက် အပေါ်
အကျင့်ပျက် ခြစားမှု ကော်မရှင်မှ စစ်ဆေးမည်ဟု ဆို


မြန်မာနိုင်ငံ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်မှ လူထု အတွင်း အငြင်းပွားဖွယ် ဖြစ်လာရသော ဖေ့ဘုတ် ဆယ်လီ အောင်ရဲထွေး အား သတ်ဖြတ်ခဲ့မှု အပေါ် သံသယရှိသူများ အား လွှတ်ပေးခဲ့မှုအပေါ် စုံစမ်း စစ်ဆေး သွားရန် ကော်မရှင် အဖွဲ့ဝင်များက တညီတညွတ်တည်း သဘောတူခဲ့ကြပြီ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာ လောကတွင် ပျံ့နှံသွားသော ရန်ကုန်တိုင်း အရှေ့ပိုင်း ခရိုင် တရားသူကြီး ဦးအောင်ကြည်၏ ဆုံးဖြတ်ချက် အမိန့် စာမျက်နှာတွင် ရန်ကုန် တိုင်း ရှေ့နေချုပ် ဦးဟန်ထူးမှ ကာယကံရှင် ဖက်မှ အမှုအား ကျေအေးရန် တောင်းဆိုခဲ့မှုအပေါ် အတည်ပြုပေးခဲ့တယ်လို့ ဖေါ်ပြပါရှိခဲ့ပါတယ်။

အဆိုပါ ကိစ္စအပေါ် ပြည်သူလူထု အတွင်း လွန်စွာ စိုးရိမ်မကင်း ဖြစ်မှုများ ပေါ်ပေါက်ခဲ့ရပြီးနောက် စီရင်ချက်ကို ပါယ်ဖျက်ပြီး အမှုကို ဆက်လက် စစ်ဆေးသွားရန် ရန်ကိုင်းတိုင်း ဒေသကြီး တရားရုံမှ ဆုံးဖြတ်လိုက်ပြီး လွှတ်ပေးလိုက်သူများကို သမ္မာန် စာ ထုတ်ပြီး ဆင့်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။

အစိုးရ ၀န်ထမ်း များ အနေဖြင့် ပြည်သူ့မျက်နှာ တစက်မျှ ငဲ့ကြည့်ရကောင်းမှန်း မသိ၊ တာဝန်ခံရကောင်းမှန်း မသိ အထက် ဘောင်းဘီဝတ်များ အကြိုက် လုပ်ပေး၊ အထက် ကလည်း ၎င်းတို့ ကျေနပ်အောင် လုပ်ပေးပြီးရော လာဒ်စားလည်း အရေးမကြီး မသိကျိုးကျင်ပြုကာ နေလာခဲ့ကြသည့် ယဉ်ကျေးမှုကြီး က အမြစ်တွယ်နေခဲ့သည်မှာ နှစ်ပေါင်း ငါးဆယ် ကျော်ပင် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ထို့အတွက် ၂၀၁၆ တွင် ပြည်သူများ ရွေးချယ်တင်မြှောက်ခံခဲ့ရ၍ အာဏာရယူလာခဲ့သော NLD အစိုးရမှ ၀န်ထမ်းလောက အား ပြုပြင်ပြောင်းလဲနိုင်ရန် ပြည်သူများဖက်မှ ရပ်တည်သော အစိုးရ ၀န်ထမ်းများ ဖြစ်လာရန် အသုံးစရိတ်များ လျော့ချခြင်း၊ အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ခြင်း နှင့် ပြင်ဆင်သင့်သော ဥပဒေများကို ပြင်ဆင်ခြင်း အသစ်ရေးဆွဲခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ပြုပြင်ပြောင်းလဲများကို စဉ်ဆက် မပြတ် အကောင်အထည် ဖေါ်ရေး ဆက်လက်ဆောင်ရွက်သွားမည့်သူကတော့ ပြီးခဲ့သည့် မတ်လအတွင်း သမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဦးဝင်းမြင်ပဲ ဖြစ်ပါတယ်။

၎င်းက အုပ်ချုပ်ရေး မဏ္ဍိုင်သည် ပြည်သူများကို ဖိနှိပ်သည့် ယန္တယား မဖြစ်စေရပဲ ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံမှုရှိရေး ကို အကာအကွယ် ပေးရမည်ဟု ပြောဆိုခဲ့ပါတယ်။

သို့သော်လည်း လူထုဖက်မှ ရပ်တည်သွားရမည်ဟူသော သဘောထား ကျယ်ပြန့်လာခဲ့သည်မှာလည်း နှစ်အနည်းငယ်ပဲ ရှိသေးတာကြောင် ကိုယ်ကျင့်တရား ပြည့်ဝတဲ့ ၀န်ထမ်းကောင်းတွေ ပေါ်ထွန်းလာရေး မှာ ပြင်းထန်တဲ့ စိမ်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

နောက်တချက်ကလည်း အစိုးရ မူဝါဒများ ကို အကောင်အထည်ဖေါ်ဖို့ အရည်အချင်း ပြည့်မှီတဲ့ ၀န်ထမ်းတွေ လျားပါးနေခဲ့မှုပဲ ဖြစ်ပါတယ်။

ထို့အတွက် ၀န်ထမ်းလောက ပြုပြင်ပြောင်းလဲရေး များ အတွက် အစီအစဉ်များ ချမှတ်ပြီးသော်လည်း အကောင်အထည်ဖေါ်ဖို့က အခက်အခဲတွေ ရှိလာနေရပါတယ်။

ထိုသို့ ပြုပြင်ပြောင်းလဲရေး ထိရောက်စွာ အကောင်အထည် ဖေါ်နိုင်ဖို့ အတွက်ကလည်း ၀န်ထမ်းများ၏ လစာကို လုံလောက်အောင် တိုးမြှင့်ပေးရမယ့် အရေးကလည်း ရှိနေပါတယ်။

ထို့အတွက် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် တခုတည်း နှင့် မလုံလောက်ပဲ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့ပြအဖွဲ့အစည်းများ နှင့် ပြည်သူများက ၀ိုင်းဝန်း ကူညီကြဖို့ လိုတယ်လို့ မြန်မာနိုင်ငံရှိ အကျင့်ပျက် ခြစားမှု များ အပေါ် ပါရဂူ ဘွဲ့အတွက် သုတေသန စာတမ်း ပြုစုနေတဲ့ ဦးနိုင်ကိုကို က ထောက်ပြသွားခဲ့ပါတယ်။

လှစိုးဝေ

ကိုးကား ။  ။ VOA

No comments:

Post a Comment