Latest News

Sunday, August 5, 2018

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ အတွက် လွတ်လပ်သော လေးဦးပါ စုံစမ်းရေး ကော်မရှင် အမည်စာရင်း ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ အတွက် လွတ်လပ်သော လေးဦးပါ စုံစမ်းရေး ကော်မရှင် အမည်စာရင်း ထုတ်ပြန်

အဆိုပါ ကော်မရှင်အား ဖီလစ်ပိုင် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စက် ရိုစာရီယို မင်နာလို မှ ဦးဆောင်ပြီး အဖွဲ့ဝင်များ အဖြစ် ကုလသမဂ္ဂ ဆိုင်ရာ ဂျပန် သံအမတ်ကြီးဟောင်း မစ္စတာ ကင်ဇို အိုရှီမား၊ မြန်မာဖက်မှ အဖွဲ့ဝင်များ အဖြစ် ယခင် ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဌ ဦးမြသိန်း၊ နှင့် ယူနီဆက် အကြီးတန်း အရာရှိဟောင်း ဦးအောင်ထွန်းသက်တို့ ဖြစ်သည်ဟု တနင်္လာနေ့က သမ္မတရုံး မှ တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အဆိုပါ ကော်မရှင်အား ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးမှု များ အတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့အပြင် အဆိုပါ ကော်မရှင် အနေဖြင့် အများ စွပ်စွဲသလို လူ့အခွင့်အရေး ချိုးဖေါက်မှု ရှိခဲ့သလား ဆိုတာ လွတ်လပ်စွာ စုံစမ်း စစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။

မင်နာလို သည် အသက် ၈၃ နှစ်ရှိပြီ ဖြစ်ပြီး ဥရောပနိုင်ငံများစွာ တွင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ၀ါရင့် သံတမန် ဟောင်းတဦးဖြစ်ပြီး အာဆီယံ လူအခွင့်အရေး ဆိုင်ရာ ကော်မရှင်အတွက် ဖီလစ်ပိုင် နိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်တဦး လည်း ဖြစ်ပါတယ်။

ကင်ဇို အိုရှီမားသည် အသက် ၇၅ နှစ် ရှိပြီ ဖြစ်ပြီး ၂၀၀၁ တွင် ထိုစဉ်က အတွင်းရေးမှုးချုပ် ကိုဖီ အာနန် မှ လူသားချင်း စာနာထောက်ထားမှု ရေးရာ ရုံးနှင့် အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ကုလ လက်ထောက် အထွေထွေ အတွင်း ရေးမှုးချုပ် အဖြစ် ခန့်အပ်ခဲပြီး၊ ပြင်သစ်၊ အိန္ဒိယ၊ သြစတေးသျှ နှင့် ကုလ သံအမတ်ကြီး အဖြစ် လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဟီရိုရှီမား အနုမြူ ဗုံးဒဏ်မှ အသက်ရှင် ကျန်ရစ်ခဲ့သူ ဖြစ်သဖြင့် ဆိုဗီယက်ခေတ် ချာနိုဘိုင်း ညူကလီးယား ဓါတ်အားပေး စက်ရုံ ပေါက်ကွဲမှု အတွက် ကုလ အတိုင်ပင်ခံ အဖြစ် အစီရင်ခံစာ ရေးသား ပြုစုခဲ့သူ ဖြစ်ပါတယ်။

အဆိုပါ ကြေငြာချက် မှင်တောင်မခြောက်မှီမှာပင် ကော်မရှင်သည် နိုင်ငံရေ ထွင်လုံး တခုသာ ဖြစ်သည်ဟု ဝေဖန်ချက် ထွက်ပေါ်လာပါတယ်။ ၎င်းတို့ အဖို့က တော့ စစ်တပ်မှ တာဝန်ရှိသူများ ကို လက်ညိုးထိုး မစွပ်စွဲ မချင်း သို့မဟုတ် ကုလသမဂ္ဂ မှ လာရောက် မစုံစမ်း မချင်း မည်သို့မျှ ကြေနပ်မှု ရှိကြမည်ကတော့ မဟုတ်ပေ။

လှစိုးဝေ

No comments:

Post a Comment