Latest News

Saturday, August 18, 2018

ဤလူအားသတိထားပြီးဆက်ဆံစေလိုသည်။လိမ်လည်နေသူပါ။


ဤလူအားသတိထားပြီးဆက်ဆံစေလိုသည်။ ကာဂိုးကုမ္ပဏီ ဆိုသောကောင်မလေးများနှင့် ပူးပေါင်းပြီးလိမ်လည်နေသူပါ။
လိမ်လည်နည်းသစ်
၁) စကားဖြင့် ရင်းနှီးမှုတည် ဆောက်ယူသည်။
၂)မြန်မာနိုင်ငံအကြောင်းမေးမြန်းပြီး ၎င်းတတ်နိုင်သလောက် လူထုများအားကူညီပေးချင်သည်ဟုပြောလာမည်။
၃)မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတစ်ခုခုလုပ်မည်ဟုပြောလာမည်။
၎)မြန်မာနိုင်ငံသို့ မလာခင် ရင်းနှီးမြှုပ်နှံရန် စာရွက်စာတမ်းများနှင့် ငွေအချို့ ကိုစိတ်ချရသောကုမ္ပဏီဖြင့်ပေးပို့ ပါမည်။
၅)၎င်း၏အထုပ်များမှာအရမ်းအရေးကြီးကြောင်းမကြာခဏ ပြောလာလိမ့်မည်။
၆)ကုမ္ပဏီ၏လမ်းညွှန် ချက်ကိုသာလိုက်နာရန်အထပ်ထပ်ပြော လာမည်။
၇)ကုမ္ပဏီမှ မန္တလေးအင်တာနေရှင်နယ်လေဆိပ်သို့ ပစ္စည်း ရောက်ကြောင်းနှင့်အခွန်ငွေသွင်းမှသာထုတ်ယူ၍ရမည်ဖြစ်ကြောင်းနှင့်ကုန်ကျငွေကို ဘဏ်အကောင့်ဖြင့်လွှဲ လိုက်ရန်ပြောပါလိမ့်မည်။ ကိုယ်တိုင်သွားပေးပါမည်ဟုပြောလျှင်လက်ခံမည်မဟုတ်ပါ။အကြောင်းအမျိုးမျိုးပြပြီးပြောဆိုပါလိမ့်မည်။
၈)ငွေလွှဲပြီးလျှင်လည်းပစ္စည်းထုတ်ယူရာတွင် တားမြစ်ပစ္စည်းများ ပါဝင်နေသောကြောင့်ဒဏ်ငွေဆောင်ရမည် ။ကြေးပိုများလာပါမည်။ လေဆိပ်ရဲမှထိုပစ္စည်းများအားသိမ်းဆည်းထားသောကြောင့် ကုမ္ပဏီနှင့်မိမိတို့ မှမှန်ကန်ကြောင်းထောက်ခံ ပေးလျှင်ထုတ်ယူနိုင်သည်ဟုပြောလာမည်။
၉)အီးမေးလ်နှင့်နေရပ်လိပ်စာတောင်းသော်လည်းမည်သူမျှပို့ ပေးလိမ့်မည်မဟုတ်ပါ။
၁၀) အသနားခံ၍ပြောသော်လည်းလက်မခံ၊video call ခေါ်သော်လည်း ခေါင်မိုးပုံသာမြင်ရမည်။လူလုံးမပြပါ။
၁၁)ငွေမလွှဲနိုင်မှန်းသိပါက သင့်အား ဘလော့သွားပါလိမ့်မည်။
၁၂)ဘဏ်မှလည်းသင့်အားကူညီမည်မဟုတ်ပါ။စုံစမ်းပေးနိုင်ရန်သာ တတ်နိုင်မည်။
၁၃)ရဲမှလည်း သင့်အားကူညီ မည်မဟုတ်ပါ။ စုံစမ်းပေးနိုင်ရန်သာ တတ်နိုင်မည်။

သို့ ပါသောကြောင့်သတိထားစေလိုပါသည်။ မြန်မာနိုင်ငံတွင် ဤကဲ့သို့ လေလိုင်း အယုံသွင်းဓါးမြတိုက်မှုများရှိနေသည်မှာ သိရှိထားကြ သော်လည်း အမိဖမ်းရန်မလုပ်နိုင်သေးပါ။ ထို့ ကြောင့်ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ ၎င်းတို့ ၏သားကောင်မှာရိုးသားသူများသာဖြစ်သော ကြောင့် ရိုးသား ကြိုးစား ဧရာဝတီသားများ သတိထားနိုင်ကြစေရန် ဖြစ်ပါသည်။

မိမိတို့ အားလေလိုင်းဓါးပြတိုက်မှုများကို သက်ဆိုင်ရာလေလိုင်းကျွမ်းကျင်သူများလည်း ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ ။

မေတ္တာဖြင့်သာ
Nwe Aye












No comments:

Post a Comment