Saturday, August 18, 2018
သန်လျင် အောင်ချမ်းသာအမှတ်(၁)ရပ်ကွက်၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
ရန်ကုန် သြဂုတ် ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်၌ သြဂုတ် ၁၇ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်က လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၁၇ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က ဇော်ဖုန်းမြင့်၊ အသက် (၂၄) နှစ်၊ ဦးအုန်းမောင်လမ်းသွယ်(၁)၊ အောင်ချမ်းသာ (၁) ရပ်ကွက်၊ သန်လျင်မြို့နယ်နေသူသည် အောင်ချမ်းသာ(၁)ရပ်ကွက်၊ ဗိုလ်မိုးလမ်းသွယ်(၂)၊ လမ်းမဘေးတွင် တစ်ရပ်ကွက်တည်းနေ ဖိုးသင်္ကြန် (ခ) ၀ဲကျော်၊ အသက် (၁၈) နှစ်၊ အောင်ချမ်းသာ (၂) ရပ်ကွက်၊ သန်လျင်မြို့နယ်နေသူ၊ နေလင်းထက် (ခ) အသေးလေး၊ အသက် (၁၉) နှစ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်၊ သန်လျင်မြို့၊ လှိုင်မြင့်ဝေ (ခ) ချစ်မွှေး၊ အသက် (၁၉) နှစ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်၊ သန်လျင်မြို့၊ သန်းဇော်ဝင်း (ခ) အကြီးကောင်၊ အသက် (၂၆) နှစ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်၊ သန်လျင်မြို့၊ ချစ်ကို ၊ အသက် (၂၀) နှစ်၊ အောင်ချမ်းသာ(၁) ရပ်ကွက်၊ သန်လျင်မြို့၊ ဇန်ရှန်းလျှံ (ခ) ခေါင်းကြီး၊ အသက် (၁၈) နှစ်၊ အောင်ချမ်းသာ(၂)ရပ်ကွက်၊ သန်လျင်မြို့နေသူတို့နှင့် စကားများရန်ဖြစ်ကြပြီး ၄င်းတို့ (၆) ဦးမှ ဇော်ဖုန်းမြင့်အား အုတ်ခဲဖြင့်ထုရိုက်၊ ဓါးဖြင့်ထိုးသဖြင့် ဦးခေါင်း ဘယ်ဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်ပြင် ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ညာဘက်မျက်ခုံး ဖူးရောင်းဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး သန်လျင်အထွေထွေ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိပါသည်။ အဆိုပါအမှုအား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သန်လျင် အောင်ချမ်းသာအမှတ်(၁)ရပ်ကွက်၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Reviewed by timeayeyar
on
8:29 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment