Latest News

Monday, August 6, 2018

ဘရာဇီးနိုင်ငံတွင် ၁ဝ စုနှစ်အတွင်း အပူချိန် လေးဒီဂရီစင်တီဂရိတ် ထပ်မံမြင့်တက်

ဘရာဇီးနိုင်ငံတွင် ၁ဝ စုနှစ်အတွင်း အပူချိန် လေးဒီဂရီစင်တီဂရိတ် ထပ်မံမြင့်တက်

ဘရာဇီးလီးယား သြဂုတ် ၅

ဘရာဇီးနိုင်ငံ၏ နေ့အပူချိန်မြင့်တက်မှုသည် လွန်ခဲ့သော ၁ဝ စုနှစ်အတွင်း လေးဒီဂရီစင်တီဂရိတ် ထပ်မံမြင့်တက်ခဲ့ ကြောင်း ဘရာဇီးအင်စတီကျုတစ်ခု၏ သုတေသနအရ သိရသည်။

ပါရာပြည်နယ် တက္ကသိုလ်တစ်ခုရှိ သုတေသီများက ဘီလမ်မြို့တော်အလယ်ပိုင်းတွင် နေ့အပူချိန်တိုင်းတာ ချက်အရ ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် (၁ဝ နှစ်တာကာလ)အတွင်း နေ့အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်ရှိခဲ့သည့်အတွက် ၁ဝ စုနှစ်အတွင်း လေးဒီဂရီစင်တီဂရိတ်  မြင့်တက်လာခဲ့ သည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ အပူချိန်မြင့်တက်လာမှုသည် ဘီလမ်မြို့ အနီးရှိ    သစ်တောအုပ်များ   ပြုန်းတီးခဲ့ခြင်းအပါအဝင် အထပ်မြင့်  အဆောက်အအုံအရေအတွက် များပြားလာ ခြင်းတို့ကြောင့်ဖြစ်သည်ဟု         သုတေသီများက         ဆိုသည်။

ဘရာဇီးနိုင်ငံ၏ အမေဇုန်ဒေသသည် အီကွေတာ အနီးတွင်တည်ရှိသည်။ အမေဇုန်ဒေသတွင် တစ်နှစ် ပတ်လုံး အပူချိန်လျော့ကျမှုမရှိဘဲ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတွင် ယခုအချိန်သည် ဆောင်းရာသီ ကာလဖြစ်သော်လည်း ဘီလမ်မြို့ရှိ သာမန်အပူချိန် တိုင်းတာမှုသည် နေ့စဉ် ၃ဝ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက် လျက်ရှိသည်။

ဘရာဇီးနိုင်ငံတွင်    သစ်တောပြုန်းတီးမှုများ ဆက်လက်ရှိနေဦးမည်ဆိုပါက ၂ဝ၅ဝ ပြည့်နှစ်မတိုင်မီတွင် အပူချိန်  သုံးဒီဂရီစင်တီဂရိတ်     ထပ်မံမြင့်တက်မည် ဖြစ်သည်ဟုThe World Wide Fund for Nature အဖွဲ့က ပြောကြားခဲ့သည်။       

Mirror

No comments:

Post a Comment